Wednesday, October 14, 2026
Home » အင်အား၆၀၀ ကျော်ရှိတဲ့ စစ်ကော်မရှင်တပ်သားများက စစ်ကြောင်း(၃)ကြောင်းနဲ့ နေပြည်တော်တပ်ရင်း (၈၀၄)စိုးမိုးနေရာကို စစ်ကြောင်းထိုး

အင်အား၆၀၀ ကျော်ရှိတဲ့ စစ်ကော်မရှင်တပ်သားများက စစ်ကြောင်း(၃)ကြောင်းနဲ့ နေပြည်တော်တပ်ရင်း (၈၀၄)စိုးမိုးနေရာကို စစ်ကြောင်းထိုး

2 97
97

တိုက်ပွဲများပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်မှ ၇၀ ယောက်ခန့်သေဆုံးပြီး တော်လှန်ရေးရဲဘော်အချို့ ထိခိုက်မှုရှိ

နေပြည်တော်မြို့နယ်အတွင်း အင်အား၆၀၀ ကျော်ရှိတဲ့ စစ်တပ်စစ်ကြောင်းတစ်ခုကို တော်လှန်ရေးတပ်ဖွဲ့တွေက အဆင့်ဆင့်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကော်မရှင်တပ်သား ၇၀ ယောက်ခန့်ထိခိုက်သေဆုံးခဲ့တယ်လို့ Battalion 804-Nay Pyi Taw PDF မှ သိရပါတယ်။

၂၀၂၅ခုနှစ်၊ ဇူလိုင်လ ၁၈ရက်နေ့က နေပြည်တော်မှ ထွက်လာတဲ့ အင်အား၆၀၀ ကျော်ပါ စစ်တပ်စစ်ကြောင်းဟာ Battalion 804-Nay Pyi Taw PDF စိုးမိုးထားတဲ့ နယ်မြေတစ်နေရာကို စစ်ကြောင်း(၃)ကြောင်းဖြန့်ခွဲကာ စစ်ကြောင်းထိုးဝင်ရောက်လာတယ်လို့ သိရပါတယ်။

အဲ့ဒီ စစ်တပ်စစ်ကြောင်းတွေဟာ သတ်မှတ်ထားတဲ့ သတ်ကွင်းအတွင်း ဝင်ရောက်လာချိန်မှာ တော်လှန်ရေးအင်အားစုတွေက နင်းမိုင်း၊ ဆွဲမိုင်း တွေနဲ့ တိုက်ခိုက်တာတွေပြုလုပ်ခဲ့တဲ့အပြင် ထိတွေ့တိုက်ပွဲတွေလည်းဖြစ်ပွါးခဲ့ပြီး စစ်တပ်

ဘက်က ၇၀ ယောက်ခန့် ဒဏ်ရာရသေဆုံးသလို တော်လှန်ရေးရဲဘော်၂ယောက်လဲ ဒဏ်ရာ(မစိုးရိမ်ရ) ရခဲ့တယ်လို့ နေပြည်တော် တပ်ရင်း၈၀၄မှ တာဝန်ရှိသူတစ်ဦးက BBM ကိုပြောပါတယ်။

“ဇူလိုင် ၁၈ရက်နေ့က စစ်ကြောင်းသုံးကြောင်းခွဲပြီး နေပြည်တော်ကထိုးလာတာခင်ဗျ၊ ခုလက်ရှိ မနေ့ကတော့ အဲ့ဒီစစ်ကြောင်း ပြန်ဆုတ်သွားကြောင်း သိရပါတယ်ဗျ၊ စစ်ကြောင်းထိုးဝင်ရောက်နိုင်ချေရှိတဲ့ ကျေးရွာတွေဆို ကျနော်တို့ဘက်က ကြိုတင်ရွှေ့ပြောင်းပေးတာမျိူးတွေ လည်းရှိတော့ ကျေးရွာလူထုတော့ ထိခိုက်မှုမရှိဘူးခင်ဗျ”

ဒီတိုက်ခိုက်မှုတွေကို နေပြည်တော်တိုင်းစစ်ဌာန အမှတ် ၈၀၄ တပ်ရင်း ၊ အမှတ် ၉၀၂ တပ်ရင်း ၊ သရက်ခရိုင်တပ်ရင်း ၁ နှင့် အောင်လံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့မှ ပူးပေါင်းဆောင်ရွက်နေခြင်းဖြစ်တယ်လို့လည်း သိရပါတယ်။

2 comments

binance Registrera dig June 12, 2026 - 3:46 am

Thanks for sharing. I read many of your blog posts, cool, your blog is very good.

Reply
打开Binance账户 August 14, 2026 - 4:38 am

Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.

Reply

Leave a Comment

Latest Post

Latest Post