Monday, October 26, 2026
Home » လားရှိုးမြို့အတွင်း စကစ အဖွဲ့များရှိသော်လည်းရပ်ကွက်လုံခြုံရေးကအစ ပြည်သူတွေ ကိုယ့်ဟာကိုယ်လုပ်နေရ

လားရှိုးမြို့အတွင်း စကစ အဖွဲ့များရှိသော်လည်းရပ်ကွက်လုံခြုံရေးကအစ ပြည်သူတွေ ကိုယ့်ဟာကိုယ်လုပ်နေရ

4 99
99

🟥ရဲနဲ့ယာဥ်ထိန်းအဖွဲ့တွေကလည်း အုပ်ချုပ်ရေးထက်ဂိတ်ချပိုက်ဆံကောက်တာကိုသာ ပိုလုပ်ဆောင်နေ

ရှမ်းပြည်နယ်၊ မြောက်ပိုင်း လားရှိုးမြို့အတွင်း စစ်ကောင်စီလက်အောက်ခံ စစ်တပ်၊ ရဲနဲ့ ယာဥ်ထိန်းရဲကဲ့သို့ လက်နက်ကိုင်တပ်ဖွဲ့များရှိတယ်ဆိုပေမဲ့ ဒေသခံပြည်သူတွေက ရပ်ကွက်လုံခြုံးရေးမှအစ ကိုယ့်ဟာကိုယ်ပြုလုပ်နေရတယ်လို့ သိရပါတယ်။

၁၀၂၇ ဒုတိယစစ်ဆင်ရေးအတွင်း MNDAAနဲ့ မဟာမိတ်တပ်ဖွဲ့တွေက သိမ်းပိုက်နိုင်ခဲ့တဲ့ လားရှိုးမြို့ကို တရုတ်ရဲ့ကြားဝင်စေ့စပ်မှုကြောင့်၂၀၂၅ခုနှစ် ဧပြီလမှာ စစ်တပ်မှပြန်လည်ရရှိပြီး စစ်တပ်၊ရဲအပါအစိုးရဝန်ထမ်းများကို စေလွှတ်ခဲ့ပေမဲ့ စစ်တပ်ပြန်ဝင်ပြီး(၄)လကျော်အထိ
မြို့နေပြည်သူလူထုဟာ ကိုယ့်လုံခြုံရေး ကိုယ်ဆောင်ရွက်နေရတယ်လို့ သိရပါတယ်။

လားရှိုးမှာ စစ်တပ်မှ မြို့ပြင်လုံခြုံရေးကိုအဓိကယူထားပြီး မြို့တွင်းမှာတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့တွေ ရှိသော်လည်း မြို့တွင်းလုံခြုံရေးထက် ၎င်းတို့စခန်းပတ်ချာလည်နဲ့ အစိုးရရုံးပတ်ချာလည်တွေလောက်မှာသာ အရပ်ဝတ်နဲ့ အဓိက နေရာယူထားကြတယ်လို့ သိရပါတယ်။

“ရဲတွေလည်း သူတို့တာဝန်ချတဲ့နေရာတွေလောက်ပဲ ရှိတာ..တာဝန်ချတယ်ဆိုတာက….အစိုးရဝန်းထမ်း ရုံးတွေမှာ လူဝတ်နဲ့ပဲ သွားစောင့်နေတာတွေလည်းရှိတယ်…အမှတ် ၁ ရဲစခန်းထဲတော့ ယူနီဖောင်းတွေနဲ့တွေ့တာပဲ….ပြည်သူတွေအတွက် သူတို့ အင်အားမလောက်ဘူး….သူတို့အတွက်ပဲ ရှိတာ….ပြည်သူတွေက သူခိုးဖမ်းရင်လည်း ရပ်ကွက်ထဲ ဝိုင်းဖမ်းမှ….မိတာ…”

ဟု ဒေသခံတစ်ဦးမှ BBM ကိုပြောပါတယ်။

လားရှိုးမြို့တိုက်ပွဲအတွင်း လူနေအဆောက်အဦးနဲ့အများပိုင် အဆောက်အဦးများစွာပျက်ဆီးဆုံးရှုံးမှုတွေရှိခဲ့ပြီး လက်ရှိအချိန်ထိလည်း ပျက်ဆီးသွားတဲ့ အဆောက်အဦးနဲ့ လမ်းနေရာအများစုတွေကို ပြန်လည်ပြင်ဆင်တာတွေမပြုလုပ်နိုင်သေးဘူးလို့လည်း သိရပါတယ်။

ဒါ့အပြင် ဖုန်းလိုင်း၊ အင်တာနက်လိုင်းနဲ့ ရေ၊ မီးတို့ဟာလည်း လက်ရှိအချိန်ထိ ပုံမှန်မရသေးဘဲ
ပြတ်တောက်နေဆဲဖြစ်ပြီး လျှပ်စစ်မီးဟာလည်း (၄)ရက် တစ်ခါ (၅)နာရီခန့်သာ ရရှိတယ်လို့သိရပါတယ်။

မြို့တွင်း လျှပ်စစ်မီးမရရှိတာကြောင့် မြို့နေပြည်သူလူထုတွေအနေနဲ့ ဆိုလာမီးကို အဓိကတပ်ဆင်အသုံးပြုနေရပြီး ထရော်စမာနဲ့ မိန်းကြိုးများမရှိတာကြောင့် လက်တလော မီးပြန်ပေးနိုင်မဲ့ပုံမရှိသေးဘူးလို့လည်း ဒေသခံတွေထံမှ သိရပါတယ်။

“လားရှိုး မြို့ပြန်လည်ထူထောင်ရေးက အများကြီး လိုအပ်သေးတယ်…စည်ပင်ကတော့ သူ့အလုပ်ကို သူလုပ်နေပြီ၊ မီးက အဆင်မပြေသေးဘူး အခုထိ၊ ဖုန်းလိုင်းတွေက ရလိုက်မရလိုက်နဲ့ အခုထိ အဆင်မပြေသေးဘူး…တစ်ခါတစ်လေ လိုင်းပျောက်လိုက် ပေါ်လိုက်နဲ့၊ လျှပ်စစ်မီးကတော့ အစိုးရဝန်ထမ်းရုံးတွေရှိတဲ့ တရားရုံးနားတဝိုက်က ဝန်ထမ်းရုံးတွေ အကုန်မီးရတယ်….ပြီးရင် အမှတ် ၁ ရဲစခန်းရှေ့ ဆေးရုံတွေ မီးလာနေပြီ၊၄ ရက် တစ်ခါတော့ မီးလာတယ်….မနက် ၇ နာရီ ကနေ ၁၂ နာရီအထိ”

ဒီလို မြို့တည်ဆောက်ရေးနဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို လုပ်ဆောင်နိုင်ခြင်းမရှိသေးပေမဲ့လည်း စစ်ကောင်စီလက်အောက်ခံ ယာဥ်ထိန်းရဲများအနေနဲ့ မြို့တွင်းထဲ နေ့စဥ်ဂိတ်ချတောင်းခံမှုများကိုပြုလုပ်နေတာကြောင့် ပြည်သူတွေအနေနဲ့ အခက်ကြုံနေရတယ်လို့လည်းသိရပါတယ်။

ဒါ့အပြင် ပြည်မမှလာတဲ့ ကုန်တင်ယာဥ်များကိုလည်း မြို့ထဲအတွင်းမှာတင် (၅)နေရာထက်မနည်း ဂိတ်ချစစ်ဆေးတာတွေပြုလုပ်နေတယ်လို့လည်း အဆိုပါဒေသခံမှ ဆက်ပြောပါတယ်။

“မြို့ထဲကတော့ စစ်တပ်က မစစ်ဆေးဘူး။ ဘဲဥ(ယာဥ်ထိန်းရဲ)တွေပဲ ကြောက်နေရတာ၊ သူတို့ ထိုင်စောင့်တဲ့နေရာတွေကို ဝင်လာရင် ဖမ်းပြီ၊
၅ နေရာလောက်ရှိတဲ့ အဲ့နေရာကို တည့်တည့်ဝင်လာရင်တော့ လက်ဖက်ရည်ဖိုးပဲ၊ လားရှိုး မြို့အဝင် မုဒ်ဦး၊ လားရှိုး မြို့ အဝိုင်းပတ်နား၊ နမ္မတူ လမ်းခွဲတိုင်းမီးပွိုင့်နား၊ရပ်ကွက် ၁၂ ဘောလုံးကွင်းနား၊ လားရှိုး ဆေးရုံကြီးရှေ့ ကုန်းဆင်းနား အဲ့နေရာတွေမှာ စောင့်နေကြတာ၊ မိရင်လဲ.သိန်းချီတောင်းတာ.ကုန်တင်ကားတွေ၊ တွဲကားတွေဆို”

အလားတူစစ်ကောင်စီအနေနဲ့ လားရှိုးမြို့အပြင်တို့လက်လွှတ်ထားရတဲ့နောင်ချို၊ မိုးဗြဲနဲ့ သပိတ်ကျင်းတို့ကို ဇူလိုင်လနဲ့ သြဂုတ်လတွေအတွင်း ပြန်လည် သိမ်းပိုက်ခဲ့ပြီး ပြည်သူတွေ ပြန်လည်လာရောက်နေထိုင်ရန် နည်းမျိုးစုံနဲ့ခေါ်ဆောင်လျက်ရှိပါတယ်။

4 comments

binance skapa konto June 30, 2026 - 5:31 am

I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.

Reply
创建Binance账户 August 3, 2026 - 11:19 pm

Your point of view caught my eye and was very interesting. Thanks. I have a question for you.

Reply
open the game directly October 21, 2026 - 8:57 pm

The fan project is made by Aethus and is not affiliated with Blizzard.open the game directly 80626888.

Reply
poke-survivor.net October 22, 2026 - 4:30 pm

The game rewards quick decisions as enemies close in from every side.poke-survivor.net b532c868.

Reply

Leave a Comment

Latest Post

Latest Post