Sunday, September 20, 2026
Home » ကန်ပက်လက်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတစ်ဦး ဒဏ်ရာရပြီး နေအိမ် ၆ လုံး ပျက်စီး

ကန်ပက်လက်ကို စစ်ကောင်စီ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတစ်ဦး ဒဏ်ရာရပြီး နေအိမ် ၆ လုံး ပျက်စီး

0 6
6

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ဘောင်ဘင်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ အရပ်သားတစ်ဦး ဒဏ်ရာရပြီး နေအိမ် ၆ လုံးထက်မနည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက BBM ကို ပြောပါတယ်။

မနေ့ စက်တင်ဘာ ၁၉ ရက်ရက်နေ့၊ နံနက် ၇ နာရီခွဲဝန်းကျင်မှာ တံတားဦးလေတပ်စခန်းမှ တက်လာသော ဂျက်ဖိုက်တာ (၂) စီးဟာ ကန်ပက်လက်မြို့နယ်၊ ဘောင်ဘင်ကျေးရွာကို ရှေ့ဆင့်နောက်ဆင့် ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ဘောင်ဘင်ကျေးရွာက နေအိမ် ၆ လုံးထက်မနည်း ပျက်စီးသွားပြီး အရပ်သားတစ်ဦးမှာလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

“ဂျက်ဖိုက်တာနှစ်စီးနဲ့ ဗုံးသီး ၃ လုံးလောက် ကြဲချသွားတယ်။ အရပ်သားတစ်ယောက် ဒဏ်ရာရတယ်။ နေအိမ် ၆ လုံးလောက် ထိခိုက်ပျက်စီးသွားတယ်။ အဲဒီထဲမှာ လုံးဝ ပျက်စီးသွားတဲ့ နေ အိမ်လည်းပါတယ်”လို့ ကန်ပက်လက်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

ကန်ပက်လက်မြို့နယ်အတွင်း စစ်တပ်က လေကြောင်းရန်ကို ပိုမိုအသုံးပြုတိုက်ခိုက်လျက်ရှိရာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၆ ရက်ကလည်း မောချောင်းရွာကို လေကြောင်း ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

အဲဒီဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျေးရွာအတွင်းရှိ စာသင်ကျောင်း ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူတွေမှာ ရွာလုံးကျွတ် ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရဆဲဖြစ်တယ်လို့ သိရပါတယ်။

Leave a Comment

Latest Post

Latest Post