Sunday, September 20, 2026
Home » မြန်မာပြည်ဖွား Joshua Van က Pantoja ကို (၅)ချီပြည့်ထိုးသတ်အနိုင်ရပြီး UFC Flyweight ခါးပတ်ကို ကာကွယ်

မြန်မာပြည်ဖွား Joshua Van က Pantoja ကို (၅)ချီပြည့်ထိုးသတ်အနိုင်ရပြီး UFC Flyweight ခါးပတ်ကို ကာကွယ်

0 13
13

မြန်မာပြည်ဖွား၊ ချင်းတိုင်းရင်းသားတစ်ဦးဖြစ်ပြီး UFC ရဲ့ Flyweight ချန်ပီယံလည်း ဖြစ်တဲ့ Joshua Van က ခါးပတ်စိန်ခေါ်လာသူ Pantoja ကို (၅)ချီပြည့် ထိုးသတ်ခဲ့ပြီး အမှတ်ဖြင့်အနိုင်ရကာ ရွှေခါပတ်ကို ကာကွယ်နိုင်ခဲ့ပါတယ်။

UFC 331 ရဲ့ အဓိကခေါင်ပွဲအဖြစ် လက်ရှိချန်ပီယံ Joshua Van နဲ့ ချန်ပီယံဟောင်း Pantoja တို့ ဟာ Flyweight ခါးပတ်လုပွဲအဖြစ်
ဒီနေ့မနက်မှာထိုးသတ်ခဲ့တာဖြစ်ပြီး ပွဲချိန်ပြည့်(၅)ချီအထိပင် ထိုးသတ်ခဲ့ရပါတယ်။

ပွဲချိန်(၅)ချီစလုံးမှာ Joshua Van က အသားစီးနဲ့ ထိုးသတ်ခဲ့တာဖြစ်ပြီးPantoja ကလည်း သူ့ရဲ့အားသာရာ Ground ပိုင်းကို ဆွဲခေါ်ပြီး ချုပ်
ကွက်နဲ့ အနိုင်ယူဖို့ ကြိုးပမ်းခဲ့ပေမဲ့ Joshua Van မှ အကောင်းဆုံးခုခံကာကွယ်
နိုင်ခဲ့ပါတယ်။

အလားတူ နောက်ပိုင်းအချီတွေမှာ Pantoja သက်လုံကျသွားပြီး Joshua Van ရဲ့ထိုးချက်တွေကြောင့် ကြိုးဝိုင်းအတွင်း လဲကျခဲ့ပေမဲ့လည်း ပွဲပြီးသည်အထိ တောင့်ခံထိုးသွားခဲ့ကာ အမှတ်နဲ့သာ အရှုံးပေးခဲ့ရပါတယ်။

လက်ရှိချန်ပီယံ Joshua Van ဟာ Flyweight တန်းခါးပတ်ကို ပြီးခဲ့တဲ့ UFC 323 ပွဲစဥ်အတွင်း Pantoja ကိုအနိုင်ရကာ ရယူနိုင်ခဲ့တာဖြစ်ပြီး အခု UFC 331 ပွဲစဥ်ဟာ သူတို့နှစ်ဦးလုံးရဲ့ ဒုတိယအကြိမ်မြောက်မကျေပွဲအဖြစ်ပြန်လည်တွေ့ဆုံကြတာဖြစ်လို့ ပရိတ်သတ်စိတ်ဝင်စားမှုမြင့်မားခဲ့ပါတယ်။

Joshua Van ဟာ ချန်ပီယံဖြစ်ပြီးနောက် ပြီးခဲ့တဲ့ UFC ပွဲစဥ် 328 မှာလည်း ဂျပန်နိုင်ငံသား Tatsuro Taira ကို လက်ခံထိုးသတ်ခဲ့ပြီး အနိုင်ရခဲ့တာကြောင့် အခုပွဲအပါအဝင်ဆို ချန်ပီယံကာကွယ်ပွဲကို (၂)ကြိမ်အထိ အနိုင်ရရှိအောင် ထိုးသတ်ထားနိုင်ပြီပဲ ဖြစ်ပါတယ်။

Leave a Comment

Latest Post

Latest Post