Monday, June 22, 2026
Home » မြဝတီခလရ(၂၇၅) ထဲ စစ်ကောင်စီအင်အား(၈၀၀)ခန့်ရှိကာ စစ်ရေးပြင်ဆင်မှုအချို့ပြုလုပ်

မြဝတီခလရ(၂၇၅) ထဲ စစ်ကောင်စီအင်အား(၈၀၀)ခန့်ရှိကာ စစ်ရေးပြင်ဆင်မှုအချို့ပြုလုပ်

1 59
59

🟥အမှတ်(၂)တံတားပတ်ချာလည်မှာလည်း ခဘရ(၂၇၅)ထဲမှ အင်အား(၃၀၀)ခန့်ဖြန့်ခွဲနေရာယူထား

ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ခလရ(၂၇၅) တပ်ရင်းအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် အင်အား(၈၀၀)ခန့်ရှိပြီး ယခုရက်ပိုင်းအတွင်း စစ်ရေးပြင်ဆင်မှုအချို့ပြုလုပ်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေထံမှ သိရပါတယ်။

မြဝတီမြို့တောင်ဘက်ရှိ စစ်စခန်းတွေဖြစ်တဲ့ ဘလယ်ဒို၊ ကနဲလေးအပါ အခြားနယ်စပ်စခန်းတွေကို တော်လှန်ရေးအင်အားစုတွေက တိုက်ခိုက်
သိမ်းပိုက်ခဲ့ပြီး အဆိုပါတိုက်ပွဲတွေအတွင်း ထိုင်းနိုင်ငံအတွင်းကို ထွက်ပြေးတိမ်းရှောင်သွားတဲ့ စစ်ကောင်စီ စစ်သားတွေအားလုံးကို ထိုင်းနိုင်ငံမှတဆင့် မြဝတီမြို့ ခလရ(၂၇၅)အတွင်း ပြန်လည်ပို့ဆောင်ပေးတယ်လို့ သိရပါတယ်။

ခလရ(၂၇၅)အတွင်း မူရင်းရှိတဲ့အင်အားတွေနဲ့ ထိုင်းဘက်ကိုထွက်ပြေးပြီး ပြန်ရောက်လာတဲ့ အင်အားတွေပေါင်းမိပြီး လက်ရှိ ခလရ(၂၇၅)အတွင်း စုစုပေါင်းအင်အား(၈၀၀)လောက်အထိရှိကာ စစ်ရေးပြင်ဆင်မှုအချို့ပြုလုပ်လာနေတယ်လို့ စစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။

“၂၇၅ ထဲမှာက ရိုးရင်းစွဲကော ထိုင်းပြန်တွေကောပေါင်းရင် စစ်တပ်သီးသန့်ချည်းပဲ ၆၀၀နဲ့၈၀၀ကြားရှိမယ်၊ ခုနောက်ပိုင်း ၂၇၅ ထဲကနေ ကာကင်းထုတ်တာတွေလုပ်ပြီး စစ်ရေးပြင်ဆင်တာတွေလည်းတွေ့လာရတယ်”

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းတုန်းကလည်း မြဝတီမြို့ ခလရ(၂၇၅)တပ်ရင်းအတွင်းထဲမှ ဒရုန်း၊ လက်နက်ကြီးများဖြင့် တော်လှန်ရေးအင်အားစုတွေရှိတယ်လို့ ၎င်းတို့ယူဆတဲ့ သင်္ကန်းညီနောင်နဲ့ မြစန္ဒီရပ်ကွက်ဘက်တွေကို ပစ်ခတ်တိုက်ခိုက်တာမျိုးပြုလုပ်ခဲ့သေးတယ်လို့ သိရပါတယ်။

ဒါ့အပြင် ပြီးခဲ့တဲ့ သြဂုတ်လ(၂၅)ရက်နေ့ကလည်း ခလရ(၂၇၅)အတွင်းရှိ အင်အား(၈၀၀)ကျော်ထဲမှ (၃၀၀)ကျော်ကို ထိုင်း-မြန်မာ အမှတ်(၂) တံတား ပတ်ချာလည်ကို ဖြန့်ခွဲနေရာယူတာတွေ စစ်ကောင်စီမှပြုလုပ်ခဲ့ပြီး လက်ရှိအချိန်ထိ အဆိုပါနေရာမှာ တပ်စွဲထားတယ်လို့ ဒေသခံသတင်းရင်းမြစ်မှဆက်ပြောပါတယ်။

” ၂၅ရက်နေ့တုန်းကလည်း ၂၇၅ ထဲကအင်အား၃၀၀ ကျော်လောက်ကို တံတား(၂)ဘက်သွားပြီးဖြန့်ထားသေးတယ်။ စကစ က ခုထိလည်း တပ်စွဲထားတုန်းပါ”

KNLAဦးဆောင်တဲ့တော်လှန်ရေးအင်အားစုတွေက မြဝတီမြို့ရှိ ခလရ(၂၇၅)ကို ၂၀၂၄ခုနှစ် ဧပြီလအတွင်း တိုက်ခိုက်သိမ်းပိုက်ခဲ့ဖူးပြီး အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီရဲ့ တပ်မ(၄၄)တပ်မမှူး ဗိုလ်မှူးချုပ်စိုးမင်းထက်ဦးဆောင်ပြီး အင်အားရာဂဏန်းလောက်ဖြင့် ထိုင်း-မြန်မာ အမှတ်(၂)တံတားဆီ ဆုတ်ခွါထွက်ပြေးခဲ့ရပါတယ်။

1 comment

binance anm"alningsbonus June 12, 2026 - 6:47 pm

Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.

Reply

Leave a Comment

Latest Post

Latest Post