Thursday, May 28, 2026
Home » ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(စစ်ကိုင်း)ရဲ့ စွမ်းရည်မြှင့်သင်တန်း အပတ်စဥ် (၁)သင်တန်းဆင်းပွဲပြုလုပ်

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(စစ်ကိုင်း)ရဲ့ စွမ်းရည်မြှင့်သင်တန်း အပတ်စဥ် (၁)သင်တန်းဆင်းပွဲပြုလုပ်

0 14
14

အမျိူးသားညီညွတ်ရေးအစိုးရ ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပကဖရုံးချူပ်၊ စစ်ကိုင်းတိုင်းပြည်သူ့ကာကွယ်ရေးအဖွဲ့ရဲ့ စွမ်းရည်မြှင့်သင်တန်း အပတ်စဥ်(၁)ရဲ့ သင်တန်းဆင်းပွဲကို ဧပြီလအတွင်းပြုလုပ်နိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

အဆိုပါသင်တန်းကို စစ်ကိုင်းတိုင်းအတွင်းရှိ ခရိုင်များ၊မြိုနယ်များမှပြည်သူရေးရာတာဝန်ခံများ အပါအဝင် တာဝန်ရှိသူ (၂၀၀ )ကျော် တက်ရောက်ခဲ့တယ်လို့သိရပါတယ်။

သင်တန်းတွင် လူထုစည်းရုံးရေး၊ပြည်သူ့ဆက်ဆံရေးဘာသာရပ်များကိုစာတွေ့၊လက်တွေ့ လေ့ကျင့်သင်ကြားခဲ့ပြီးပြည်သူ့စစ်မဟာဗျူဟာကိုအဓိက ထားကျင့်သုံးနေတဲ့ပကဖများရဲ့ လူထုစည်းရုံးရေးအပိုင်းလုပ်ငန်းဆောင်ရွက်မှုတွေကို အရှိန်မြှင့်တင်ဆောင်ရွက်နိုင်ခဲ့တယ်လို့လည်းသိရပါတယ်။

ကာကွယ်ရေးဝန်ကြီးဌာနဟာ ကွပ်ကဲမူ့အဆင့်ဆင့်ရှိ ပြည်သူ့ကာကွယ်ရေးတပ်မတော်တပ်ရင်း၊တပ်ဖွဲ့များကို စစ်ဘက်ဆိုင်ရာစည်းကမ်း၊ကျင့်ဝတ်၊ စစ်ဥပဒေနှင့်ညီညွတ်စနစ်ကျသောတပ်ဖွဲ့ များဖြစ်လာစေရန် သင်တန်းများပုံမှန်ဖွင့်လှစ်လျက်ရှိတယ်လို့လည်းNUG ကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ကြေငြာထားပါတယ်။

Leave a Comment

Latest Post

Latest Post