Monday, July 13, 2026
Home » PDF များ ရက်၁၀၀ အတွင်း အလင်းဝင်ရန် မင်းအောင်လှိုင်မှ ဖိတ်ခေါ်ဆောင်ရွက်မယ်လို့ဆို

PDF များ ရက်၁၀၀ အတွင်း အလင်းဝင်ရန် မင်းအောင်လှိုင်မှ ဖိတ်ခေါ်ဆောင်ရွက်မယ်လို့ဆို

2 133
133

ပြည်သူ့ကာကွယ်ရေးတပ်(PDF)များအနေနဲ့ ရက်၁၀၀ အတွင်း အလင်းဝင်ရန်အတွက် ဖိတ်ခေါ်ဆောင်ရွက်သွားမဲ့အပြင် စစ်တပ်ကလည်း ငြိမ်းချမ်းရေးလိုချင်တာကြောင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေနဲ့လည်း တွေ့ဆုံဆွေးနွေးသွားမယ်လို့ ကိုယ်တိုင်ခန့် သမ္မတမင်းအောင်လှိုင်က ပြောကြားခဲ့ပါတယ်။

ဧပြီလ၂၀ရက်နေ့ (ဒီနေ့) နေ့လယ်ပိုင်းက နေပြည်တော်ရှိ သမ္မတရုံး၊ ပြည်ထောင်စုအစိုးရအဖွဲ့ အစည်းအဝေးမှာပြုလုပ်တဲ့ အစည်းအဝေးအတွင်း မင်းအောင်လှိုင်က အထက်ပါအတိုင်း ပြောဆိုခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှဖြစ်ပေါ်လာတဲ့ နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့မဖြေရှင်းဘဲ လက်နက်ကိုင်နည်းလမ်းနဲ့လူငယ်တွေကဖြေရှင်းရာမှ နိုင်ငံရဲ့အချို့နေရာတွေမှာ ဆက်ကြေးကောက်၊ဂိတ်ဖွင့်တာတွေနဲ့ သယံဇာတတွေကိုထုတ်ယူနေတယ်လို့ စွပ်စွဲထားပြီး အခုချိန်မှာရွေးကောက်ခံအစိုးရပေါ်လာပြီဖြစ်လို့ PDF တွေကို ငြိမ်းချမ်းရေးအတွက် ဖိတ်ခေါ်သွားမယ်လို့ မင်းအောင်လှိုင်ကဆိုပါတယ်။

ဒါ့အပြင် လက်ရှိလည်း လပခနဲ့ တပခ နယ်မြေတွေမှာ PDFတွေက အလင်းဝင်နေတာရှိပြီး ဧပြီလ၂၀ရက်နေ့မှ ဇူလိုင်၃၁ရက်နေ့အထိ ငြိမ်းချမ်းရေးအတွက် PDFတွေကို ဖိတ်ခေါ်တယ်လို့လည်း ၎င်းကဆက်ပြောပါတယ်။

“ရက်၁၀၀ဆိုတော့ ဒီနေ့က ၂၀ရက်ပေါ့၊ မှတ်ရလွယ်ပါတယ်၊ ဇူလိုင်လ၃၁ရက်နေ့က ရက်၁၀၀ လို့သတ်မှတ်လိုက်ပေါ့၊ ဇူလိုင်လ၃၁ရက်နေ့ နောက်ဆုံးထားပြီးတော့ရက်၁၀၀နဲ့ပတ်သတ်ပြီး ကျွန်တော် နည်းနည်းပြောချင်ပါတယ်၊ ခုနကပြောတဲ့ PDFနဲ့ပတ်သတ်ပြီးတော့ PDFကတော့ ကျွန်တော်တို့ ဒီတွေ့ဆုံဆွေးနွေးခြင်းနဲ့ ငြိမ်းချမ်းရေးအတွက် အလင်းဝင်ဖို့လည်း ပြောထားတာရှိပါတယ်။ ခုလည်း အလင်းဝင်တာတွေအများကြီးရှိပါတယ်၊ လပခနယ်မြေတို့၊ တပခ နယ်မြေတို့ဆိုရင် အလင်းဝင်ကြတာတွေရှိပါတယ်၊ လပခကတော့ပိုများတာပေါ့ ရာနဲ့ချီပြီးတော့ ဝင်ကြတယ်၊ ဒါထက်လည်းလာဖို့ သူတို့တောင်းဆိုနေတာတွေရှိပါတယ်၊ ကျွန်တော်တို့ကကြိုဆိုပါတယ်၊ PDFနဲ့ပတ်သတ်ပြီးတော့ ရက်ပေါင်း၁၀၀အတွင်းမှာလာပြီးတော့ ငြိမ်းချမ်းရေးအတွက်လာကြပါ”

ဒါ့အပြင် မင်းအောင်လှိုင်က ၎င်းတို့အနေနဲ့လည်း ငြိမ်းချမ်းရေးလိုချင်ကြောင်းနဲ့ NCA လက်မှတ်ထိုးထားတဲ့တိုင်းရင်းသားအဖွဲ့သာမက လက်မှတ်မထိုးထားတဲ့ အခြားတပ်ဖွဲ့တွေကိုပါ ဇူလိုင်လ၃၁ရက်မတိုင်ခင် ဖိတ်ခေါ်တယ်လို့လည်း ဆက်ပြောသွားပါတယ်။

အဆိုပါအစည်းအဝေးအတွင်း နောက်ထပ် ပညာရေး၊ကျန်းမာရေးတို့နဲ့ လူမှုဘဝဖွံ့ဖြိုးရေးတို့အတွက် ၎င်းဦးဆောင်တဲ့အစိုးရအနေနဲ့ ဆက်လက်မြှင့်တင်မယ်လို့ဆိုကာ တိုင်းပြည်ရဲ့လက်ရှိအခြေအနေတွေဟာ တော်လှန်ရေးတပ်ဖွဲ့တွေကြောင့်မတာ်မငြိမ်ဖြစ်နေရတယ်လို့ အပြစ်တင်ပြောဆိုမှုတွေ ပြုလုပ်သွားပါတယ်။

2 comments

Linette June 9, 2026 - 1:16 am

I sijmply couldn’t go awa your sijte prior too suggestiing tgat I exremely loed thee standard informmation a perfson ssupply ffor youhr guests?
Is going too be bazck frequently to investjgate cross-check nnew posts

Here iis mmy siye big butt black stepmom

Reply
Leslee June 9, 2026 - 9:14 pm

Piece oof wrditing writing iss alsxo a excitement, if yoou bee fammiliar with afterwarrd youu cann wtite
or else it is diffiicult too write.

Allso visiit my bllog … redwap.pro

Reply

Leave a Comment

Latest Post

Latest Post