Sunday, September 20, 2026
Home » စစ်‌ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ကျောက်ဖြူမြို့နယ်က နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေ

စစ်‌ကောင်စီတပ်ထိန်းချုပ်ထားတဲ့ ကျောက်ဖြူမြို့နယ်က နေရာနှစ်ခုမှာ တိုက်ပွဲပြင်းထန်နေ

စစ်ကောင်စီတပ်က ထိန်းချုပ်ထားဆဲဖြစ်တဲ့ ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်က နေရာနှစ်ခုမှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲတွေ ပြင်းထန်နေပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေ ရှိနေတယ်လို့လည်း ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

အခု သြဂုတ်လ အစပိုင်းလောက်က မိုးသည်းထန်စွာ ရွာသွန်းမှုနဲ့အတူ ကျောက်ဖြူမြို့နယ်ရှိ ဒုတိယအကြီးဆုံး ရေတပ်စခန်းဖြစ်တဲ့ တောင်မော်ဦးရေတပ်စခန်းနဲ့ ၃ မိုင်အကွာ အဝတောင်ကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ AA တို့ဟာ ထပ်မံတိုက်ပွဲတွေ ဖြစ်ပွားခဲ့တာ ရှိခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါ တိုက်ပွဲအတွင်းမှာ AA တိုက်ခိုက်မှုကြောင့် စစ်ကောင်စီတပ်ဖက်က အထိအခိုက်အကျအဆုံးတွေ များပြားခဲ့ပြီး သေဆုံးသွားတဲ့ စစ်ကောင်စီတပ်ရဲ့ အရာရှိပိုင်းတွေနဲ့ ဗိုလ်တစ်ချို့ရဲ့ အလောင်းတွေကို တောင်မော်ဦးရေတပ်ကို ပြန်လည်ဆွဲထုတ်သွားပြီး တိုက်ပွဲကြာချိန်မှာလည်း တစ်နာရီကျော်လောက် ကြာမြင့်ခဲ့တယ်လို့ ကျောက်ဖြူ စစ်ရေးသတင်းရင်းမြစ်တစ်ဦးက ပြောပါတယ်။

“တိုက်ပွဲကတော့ ဒီလ ၁ နဲ့ ၂ ရက်နေ့တွေမှာ အဝတောင်ကျေးရွာအနီးမှာ ဖြစ်ပွားခဲ့တာ ရှိပါတယ်။ တောင်မော်ဦးရေတပ်ကနေ စစ်ကြောင်းတွေ နောက်ထပ်တစ်ကြိမ် စနဲဖက်ကိုထိုးလာလို့ ထိတွေ့ဖြစ်ကြတာပါ။ စကစက စစ်ကြောင်းတွေ ထိုးလာရင် တိုက်ပွဲက ဖြစ်ပွားတာရှိပါတယ်။ မထိုးရင်တော့ တိုက်ပွဲတွေ ငြိမ်သက်နေတာမျိုးတွေ ရှိနေတယ်” လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က BBM ကို ဆက်ပြောပါတယ်။

AA သိမ်းထားတဲ့ စနဲမြို့ကို စစ်ကောင်စီတပ်က တောင်မော်ဦးရေတပ်စခန်းမှ စစ်ကြောင်းထိုး ထိုးစစ်ဆင်တဲ့အခါ အကျအဆုံးတွေ များပြားနေပေမဲ့လည်း အဲဒီ တောင်မော်ဦး ရေတပ်စခန်းကိုပဲ စကစတပ်က တပ်မ (၁၁) လက်အောက်ခံတပ်ရင်းတွေနဲ့ ဓညဝတီရေတပ်ဌာနချုပ်မှ စစ်ကောင်စီတပ်သား ၄၀၀ ကျော်ကို ထပ်မံအင်အားဖြည့်တင်းထားတယ်လို့လည်း သိရပါတယ်။

တောင်မော်ဦး ရေတပ်စခန်းအနီးမှာ တိုက်ပွဲတွေပြင်းထန်နေကြောင့် အဲဒီတပ်ရင်းတွေက တပ်မိသားစုဝင်တွေဟာ ပြီးခဲ့တဲ့ ဇွန်လ ဒုတိယအပတ်လောက်ကပင် ကျောက်ဖြူမြို့ပေါ်က ခလရ ၃၄ တပ်ရင်းနဲ့ ၊ ဂုံးချိန်တိုက်နယ်ရှိ ခမရ ၅၄၂၊ ၅၄၃ တပ်ရင်းအပါအဝင် ဓညဝတီရေတပ်ဌာနချုပ်ကို ပြောင်းရွှေ့သွားမှုတွေ ရှိနေကြတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီတပ်ဟာ စနဲမြို့နဲ့ ရမ်းဗြဲမြို့နယ်တွေကို စစ်ကြောင်းထိုးဖို့ ခက်ခဲနေတာကြောင့် အရင်ကတိုက်ပွဲတွေ ပြင်းထန်စွာဖြစ်ပွားခဲ့တဲ့ ကျောက်ဖြူမြို့နဲ့ ၇ မိုင်ကျော်အကွာ ဇိုင်ချောင်း၊ သိုင်းချောင်းစတဲ့ ကျေးရွာတွေဖက်မှာလည်း တိုက်ပွဲတွေပြန်လည် ဖော်ဆောင်လာနေတယ်လို့လည်း သိရပါတယ်။

“သိုင်းချောင်းဖက်မှာ တိုက်ပွဲငြိမ်သက်နေတာ ၁ လကျော်လောက်ရှိပါပြီး။ ဒီရက်ထဲမှာပဲ စဖြစ်တယ်လို့ ကြားပါတယ်။ အဲဒီကျေးရွာတွေကို AA က တစ်ချို့တဝက် သိမ်းထားသလို၊ စကစတပ်တွေကလည်း တဝက်လောက်ရယူထားတာရှိပါတယ်။ စကစတပ်ဖက်ကပဲ ဆက်လက်တိုးလို့ တိုက်ပွဲဖြစ်တာလား၊ AA ကပဲ ကျောက်ဖြူမြို့ကို ဦးတည်နေပြီးလားဆိုတာ သေချာမသိရသေးဘူး။ တိုက်ပွဲကတော့ အပြင်းအထန်ဖြစ်နေကြတာပါ” လို့ ကျောက်ဖြူဒေသခံတစ်ဦးက ပြောပါတယ်။

အာရက္ခတပ်တော် AA ဟာ ရခိုင်ကမြို့နယ် ၁၄ ခုကို သိမ်းပိုက်ရရှိပြီးနောက် လက်ကျန်မြို့နယ်တွေဖြစ်တဲ့ စစ်တွေ၊ ကျောက်ဖြူ၊ မာန်အောင်မြို့နယ်တွေကို အခု ၂၀၂၆ ခုနှစ်နဲ့ ၂၀၂၇ ခုနှစ်မကုန်ခင်အတွင်းမှာ မိုးဆုံးမြေဆုံးအထိ ချီတက်တိုက်ခိုက်သွားမယ်လို့ ပြောဆိုထားပေမဲ့ ကျောက်ဖြူစစ်မျက်နှာမှာ AA ရဲ့ စစ်ရေးအရလှုပ်ရှားမှုတွေ သိပ်မတွေ့ရဘူးလိူ့လည်း စစ်ရေးလေ့လာသူတွေဆီက သိရပါတယ်။

ကျောက်ဖြူမြို့မှာ စစ်ကောင်စီတပ်ရဲ့ ဓညဝတီရေတပ်ဌာနချုပ်၊ ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ အမှတ် ၃၂ ရဲတပ်ရင်း၊ တောင်မော်ကြီး ရေတပ်စခန်း၊ အုံးကျွိန်ရေတပ်ဌာနခွဲ တို့ရှိပြီး ရေတပ်အင်အားကောင်းတဲ့မြို့နယ်တစ်ခုဖြစ်တဲ့အပြင် တရုတ်စီမံကိန်းများစွာတည်ရှိနေတဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။

Photos – ပုံဟောင်း

1 comment

Chelsey August 11, 2026 - 4:31 pm

Tham gia H3BET Việt Nam, nền tảng quốc tế
đáng tin cậy nhất cho các trò chơi casino trực tiếp,
máy đánh bạc và cá cược thể thao. Trải nghiệm thanh toán nhanh
chóng, hỗ trợ khách hàng cao cấp 24/7 và các phần thưởng chào mừng độc quyền.

Here is my web page: H3BET VIỆT NAM Casino trực tuyến hàng đầu & Cá cược thể thao trực tiếp

Reply

Leave a Comment

Latest Post

Latest Post