Friday, August 28, 2026
Home » စစ်ခေါင်းဆောင် ရဲဝင်းဦး လက်ထက် သံတွဲမြို့ကို ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး အပါ ၄ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရ

စစ်ခေါင်းဆောင် ရဲဝင်းဦး လက်ထက် သံတွဲမြို့ကို ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး အပါ ၄ ဦးသေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရ

စစ်ခေါင်းဆောင် ရဲဝင်းဦး လက်ထက်မှာ ရခိုင်ပြည်၊ သံတွဲမြို့ကို ဗုံးကြဲချတိုက်ခိုက်မှုကြောင့် ကလေးငယ် ၂ ဦး အပါအဝင် အပြစ်မဲ့အရပ်သား ၄ ဦးပါတဲ့ မိသားစုတစ်စုလုံး သေဆုံးခဲ့ရပြီး ၃ ဦးမှာ ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ အာရက္ခတပ်တော် AA က မနေ့က ဧပြီလ ၁ ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။

မနေ့က ဧပြီလ (၁) ရက်နေ့၊ နေ့လယ် (၁၁) နာရီ (၁၁) မိနစ်ကနေ (၁၁) နာရီ (၄၅) မိနစ်အချိန်ထိ စစ်ကောင်စီတပ်ဟာ ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို ဂျက်ဖိုက်တာ (၄) စီးနဲ့ လေကြောင်းကနေ ပြင်းပြင်းထန်ထန် ဗုံးကြဲချတိုက်ခိုက်မှု ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။

အဆိုပါ စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲချတိုက်ခိုက်မှုဟာ သံတွဲမြို့နယ်ရှိ အရင်က သူတို့ တပ်စခန်းချ နေထိုင်ခဲ့ကြတဲ့ ခလရ (၅၅) စခန်းဟောင်း အနီးဝန်းကျင်ကို ကျရောက်ပေါက်ကွဲခဲ့တာဖြစ်ပြီး အဲဒီအနီးအနားဝန်းကျင်နေရာမှာ စစ်ရှောင်နေကြတဲ့ ကလေးငယ် (၂) ဦးအပါအဝင် (၄) ဦးပါတဲ့ အပြစ်မဲ့အရပ်သား မိသားစု တစ်စုလုံးမှာ ပွဲချင်းပြီးသေဆုံးခဲ့ရသလို နောက်ထပ်ကလေး (၂) ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး (၁) ဦးတို့မှာလည်း ထိခိုက်ဒဏ်ရာတွေ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် သေဆုံးသွားတဲ့သူတွေမှာ ကျောက်တော်မြို့နယ်၊ တူးမြောင်းကျေးရွာက မအေးငြိမ်းလှိုင် (၂) နှစ်၊ မပြည့်ဖြိုးနွယ် (၇) နှစ်၊ ဒေါ်မအောင်သန်း (၂၆) နှစ်၊ ဒေါ်မအေးမေ (၄၇) နှစ်တို့ ဖြစ်ကြပါတယ်။

ထိခိုက်ဒဏ်ရာ ရရှိသွားကြတဲ့သူတွေမှာတော့ သံတွဲမြို့နယ်၊ ကျိန္တလီမြို့၊ အမှတ် ၂ ရပ်ကွက်က ကိုယ်ဝန်ဆောင်အမျိုးသမီး ဒေါ်အေးသန္တာဦး ၂၈ နှစ်၊ မမိုးထက်သန္တာ ၈ နှစ်၊ သံတွဲမြို့နယ်၊ ကင်းမော်ကျေးရွာက မသဲရတီဦး ၃ နှစ်တို့ ဖြစ်ပါတယ်။

စစ်ကောင်စီတပ်ဟာ သံတွဲမြို့နယ်ကို မနေ့က ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့အပြင် ပင်လယ်ပြင်မှာ တပ်စွဲထားတဲ့ စစ်သင်္ဘောတစ်စီးကလည်း လက်နက်ကြီးအချို့ကိုပါ တစ်ချိန်တည်း ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အခုလို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုကြောင့် ပြည်သူတွေအနေနဲ့လည်း လေကြောင်းရန်ကို အထူးသတိရှိကြဖို့ AA က တိုက်တွန်းထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၉ ရက်နေ့၊ ညနေ ၈ နာရီအချိန်မှာလည်း စစ်ကောင်စီတပ်ဟာ သံတွဲမြို့နယ်၊ ငပလီမြို့၊ လင်းသာရပ်ကွက်၊ ကျင်းကန်ကြီးကျေးရွာကို လေကြောင်းကနေ ဂျက်ဖိုက်တာနဲ့ ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ခဲ့တာကြောင့် ကလေးငယ် ၁ ဦးအပါအဝင် အရပ်သားပြည်သူ ၉ ဦး သေဆုံးခဲ့ရပြီး ၁၄ ဦးမှာ ထိခိုက်ဒဏ်ရာ ရရှိခဲ့တာလည်း ဖြစ်ပါတယ်။

ရခိုင်ပြည်၊ သံတွဲမြို့နယ်ကို အာရက္ခတပ်တော် AA က ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၅) ရက်နေ့မှာ အပြီးသတ်သိမ်းပိုက်နိုင်ခဲ့တာလည်း ဖြစ်ပါတယ်။

2 comments

Melanie June 7, 2026 - 3:58 am

A motigating disfussion iss wortth comment. I think tgat you shouod wrrite more onn this topic, itt mmay nnot bee a tagoo subnject buut typially people don’t
disscuss such subjects. To the next! Cheers!!

Feell free tto suff to mmy webpage: big-boobs.roloflix.com

Reply
zimerovertover August 5, 2026 - 3:36 pm

There are definitely quite a lot of details like that to take into consideration. That is a great point to convey up. I supply the thoughts above as basic inspiration but clearly there are questions like the one you convey up where an important thing will likely be working in honest good faith. I don?t know if greatest practices have emerged around things like that, but I am certain that your job is clearly recognized as a good game. Each boys and girls feel the impression of just a moment’s pleasure, for the remainder of their lives.

Reply

Leave a Comment

Latest Post

Latest Post