Friday, August 28, 2026
Home » တိုက်ပွဲပြင်းထန်နေတဲ့ စစ်တွေမြို့မှာ စကစက သင်္ကြန်ပွဲ ကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေ

တိုက်ပွဲပြင်းထန်နေတဲ့ စစ်တွေမြို့မှာ စကစက သင်္ကြန်ပွဲ ကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေ

အာရက္ခတပ်တော် – AA နဲ့ စစ်ကောင်စီတပ်တို့ တိုက်ပွဲတွေပြင်းထန်နေတဲ့ ရခိုင်ပြည်၊ စစ်တွေမြို့နယ်မှာ စစ်ကောင်စီတပ်ကနေပြီတော့ ဗဟိုမဏ္ဍပ်ကြီးတွေဆောက်လုပ်ကာ သင်္ကြန်ပွဲကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေတယ်လို့ စစ်တွေမြို့နယ်ရှိ ဒေသခံတွေဆီက သိရပါတယ်။

စစ်တွေမြို့ပေါ်မှာ စစ်ကောင်စီတပ်ဟာ သင်္ကြန်ပွဲကျင်းပပြုလုပ်ဖို့အတွက် ဆရာတော် ဦးဥတ္တမ ပန်းခြံရှေ့မှာ ဗဟိုမဏ္ဍပ်ကြီးတွေဆောက်လုပ်နေသလို အစိုးရရုံးရှေ့နဲ့ မိဇံရပ်ကွက်ရှိ ကမ်းနားလမ်းနေရာတွေမှာပါ ဗဟိုမဏ္ဍပ်ကြီးတွေဆောက်လုပ်နေတယ်လို့ စစ်တွေဒေသခံတွေဆီက သိရပါတယ်။

“အရင်နှစ်တွေကလိုပဲ ဒီနှစ်မှာလည်း စစ်တွေမှာ သင်္ကြန်ပွဲကျင်းပဖို့အတွက် စစ်ကောင်စီတပ်က ပြင်ဆင်နေတာရှိပါတယ်။ အခုဆိုရင် ဗဟိုမဏ္ဍပ်ကြီးတွေ ဆောက်လုပ်နေကြတာရှိပါတယ်။ တိုက်ပွဲတွေ ဖြစ်နေပေမဲ့လည်း စကစက စစ်တွေမှာ သင်္ကြန်ပွဲကို မဖြစ်၊ ဖြစ်အောင် ကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေတဲ့ သဘောဖြစ်ပါတယ်” လို့ စစ်တွေဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

အလားတူ စစ်ကောင်စီတပ်ဟာ သူဝန်ထမ်းတစ်ချို့ကို သင်္ကြန်ကာလအတွင်း ဖျော်ဖြေပေးနိုင်ဖို့အတွက် အတီး၊ အက၊ အဆိုတွေတိုက်နေကြသလို မြို့ပေါ်ရှိ ဒေသခံလူထုတွေကိုလည်း သင်္ကြန်ကာလအတွင်း နေအိမ်အတွင်းမှာမနေဘဲ အပြင်ထွက်ရေကစားကြဖို့ တိုက်တွန်းနှိုးဆော်မှုတွေကိုပင် ပြုလုပ်နေကြပြီး ဖြစ်တယ်လို့လည်း စစ်တွေဒေသခံအမျိုးသမီးတစ်ဦးက ပြောပါတယ်။

တစ်ဖက်မှာလည်း အာရက္ခတပ်တော် – AA ဟာ အခုနှစ် မတ်လဆန်းပိုင်းကတည်းပင် စစ်တွေမြို့နယ်ရှိ ရွှေမင်းဂံရေတပ်စခန်းနဲ့ ဒေသကွပ်ကဲမှုစစ်ဌာနချုပ် (ဒကစ) အနီးရှိကာကင်းစခန်းတွေကို ထိုးစစ်ဆင်တိုက်ခိုက်နေတာဖြစ်ပြီး တိုက်ပွဲတွေမှာလည်း နှစ်ဖက်ပြင်းထန်စွာ ဖြစ်ပွားနေတာ ဖြစ်ပါတယ်။

အခုလို တိုက်ပွဲတွေ ပြင်းထန်မှုရှိနေပေမဲ့လည်း စစ်ကောင်စီတပ်ဟာ သူတို့ထိန်းချုပ်ထားတဲ့ စစ်တွေမြို့ တည်ငြိမ်အေးချမ်းနေတာကို ပြသဖို့အတွက် သင်္ကြန်ပွဲကို ကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေတာဖြစ်တယ်လို့လည်း စစ်တွေဒေသခံတွေဆီက သိရပါတယ်။

“တိုက်ပွဲပြင်းထန်နေတာကြောင့် စစ်တွေမှာဆိုရင် စကစက အင်အားတွေအဆက်မပြတ် ဖြည့်တင်းနေတာရှိပါတယ်။ မြို့ပေါ်နဲ့အနီးမှာ တိုက်ပွဲတွေပြင်းထန်နေပေမဲ့လည်း စကစက မြို့ပေါ်မှာ တည်ငြိမ်အေးချမ်းနေတာကို ပြသဖို့အတွက် သင်္ကြန်ပွဲကျင်းပပြုလုပ်ဖို့ ပြင်ဆင်နေတာဖြစ်ပါတယ်။ အခုလည်းမြို့ထဲမှာ ဗဟိုမဏ္ဍပ်ကြီးတွေ ဆောက်လုပ်နေသလို တစ်ဖက်မှာလည်း လက်နက်ကြီးပစ်ခတ်သံတွေကို နေ့တိုင်းလိုလို ကြားနေရပါတယ်” လို့ စစ်တွေဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စစ်တွေမြို့ပေါ်ကို အာရက္ခတပ်တော် AA ထိုးဖောက်ဝင်ရောက်လာမှာကို စိုးရိမ်တာကြောင့် တပ်အပြောင်းအလဲပြုလုပ်ကာ အင်အားဖြည့်တင်းမှုတွေလည်း အရင်ကထက်ပိုမိုပြုလုပ်လာနေတယ်လို့ စစ်တွေ စစ်ရေးသတင်းရင်းမြစ်တွေဆီက သိရပါတယ်။

ရခိုင်မှာ အာရက္ခတပ်တော် – AA ဟာ မြို့နယ် ၁၄ ခုအထိကို သိမ်းပိုက်ထိန်းချုပ်ထားတာဖြစ်ပြီး လက်ရှိမှာ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တွေကို ထိုးစစ်အရှိန်မြှင့်တိုက်ခိုက်လာနေသလို တစ်ဖက်မှာလည်း ရခိုင်နယ်စပ်က မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းတွေမှာလည်း တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ ပူးပေါင်းကာ တိုက်ခိုက်နေတာလည်း ဖြစ်ပါတယ်။

3 comments

Phil June 11, 2026 - 5:11 am

Breast massargeParaqde sexTop porn films of 2009Teerns inn swsimming costume
picsBukkjake artDirectry jjpg parent phoo porfn submittedAdulkt seex full length videosLesbian pictureCliit pukping lesbiensDessi secy
girtls sexyy pictures90 s teen angszt moviesBoby orrr pster nudeLinda fsrrow
vintag forr luuella black fdamed gesk glassesFree nuude kari ann penicheEros ramszotti andd rickyTeeen grl karateKerlli girdl
13 breastBiig atural ddd tits teenCarrie aann polrn websiteMatuhre thikck interracial bbwCu femeii filmke
grazse pornIs iian thorpe gayNudee model iin lame fashgion weekBlac
cnicks tgpFucfking kazakhstanVido andd nudeSeex clkub inn b c canadaMilly cirus pornoFiind lesbhian loverEdwaard
burns nudeFreee rimjopbs pon videosEscfort londn love ssex videoArcive asikan matfure pornPuree porn freeWrwstle sexTheories oon the importahce
off miraandas virginity in the tempestMiiss rhbode islland teeen usaAdult diaer iin womanFaciall lipodissolveWomen’s vintaage cruser leather jacketFreee porn willy

my weeb log … mobxvideos.com

Reply
cricfy download August 3, 2026 - 12:45 pm

Tôi thường truy cập cricfy download vào cuối tuần để giải trí vì có nhiều trò chơi đa dạng và thú vị. TONY08-03

Reply
zimerovertover August 5, 2026 - 3:34 pm

This is a very good tips especially to those new to blogosphere, brief and accurate information… Thanks for sharing this one. A must read article.

Reply

Leave a Comment

Latest Post

Latest Post