Monday, July 13, 2026
Home » ⁨ဖလမ်းမြို့နယ်မှာ စစ်ကောင်စီက ပြည်သူပိုင် အိမ်မွေးတိရိစ္ဆာန်တွေကို ခိုးယူသတ်ဖြတ် စားသောက်နေ

⁨ဖလမ်းမြို့နယ်မှာ စစ်ကောင်စီက ပြည်သူပိုင် အိမ်မွေးတိရိစ္ဆာန်တွေကို ခိုးယူသတ်ဖြတ် စားသောက်နေ

2 134
134

ချင်းပြည်မြောက်ပိုင်း၊ ဖလမ်းမြို့နယ်မှာ စစ်ကြောင်းထိုး ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်ဟာ ပြည်သူတွေ မွေးမြူတဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ခိုးယူသတ်ဖြတ် စားသောက်နေကြတယ်လို့ ဒေသခံတွေက BBM ကို ပြောပါတယ်။

ဖလမ်းမြို့နယ်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေ နေထိုင်တဲ့ ကျေးရွာအနီးမှာ အခြေချ တပ်စွဲထားပြီး ၎င်းတို့ရိက္ခာအဖြစ် အိမ်မွေးတိရစ္ဆာန်တွေကို ခိုးယူသတ်ဖြတ်စားသောက်နေကြတာဖြစ်ပါတယ်။

“စစ်ကောင်စီတွေက ရိက္ခာတွေ ပြတ်နေတာ။ လေယာဥ်ကချပေးတာလည်း လက်နက်ခဲယမ်းတွေပါ။ ရိက္ခာတွေမပါတော့ အခုလို ပြည်သူတွေ မွေးမြူးထားတဲ့ တိရစ္ဆာန်တွေကို သတ်ဖြတ်စားသောက်နေကြတာပါ”လို့ ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

ကလေးမြို့မှ ဖလမ်းမြို့သို့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ ဖလမ်းမြို့မြောက်ဘမ်းခြမ်း၊ ကလေး-ဖလမ်း လမ်းမနဲ့ ဖလမ်း-သိုင်းငင်း ကားလမ်းပေါ်ရှိ ကျေးရွာတွေမှာ ခြေကုတ်နေရာယူ တပ်စွဲထားတာဖြစ်ပါတယ်။

စစ်ကောင်စီတပ်က ရွာအနီးအနားမှာ တပ်စွဲထားတဲ့အတွက် ရွာသားတွေဟာ ရွာထဲမနေရဲတော့ဘဲ ဘေးလွတ်ရာ တောတောင်တွေမှာ တိမ်းရှောင်နေကြတာပါ။

“ရွာအနီးအနားမှာ စစ်ကောင်စီ တပ်စွဲထားတော့ အချိန်မရွေး တိုက်ပွဲတွေဖြစ်နိုင်သလို ဖမ်းဆီးလည်းခံရနိုင်တာကြောင့် ရွာသားတွေဟာ ရွာထဲမနေရဲတော့ဘဲ တောတောင်တွေထဲ ထွက်ပြေးနေကြတာပါ။ အဲဒီလို ထွက်ပြေးတဲ့ခါမှာ အိမ်မွေးတိရစ္ဆာန်တွေကို ပစ်ထားခဲ့ရတယ်။ ပိုင်ရှင်တွေမရှိတော့ စစ်ကောင်စီက သူတို့ စိတ်ကြိုက် ဖမ်းဆီးသတ်ဖြတ် စားသောက်နေကြတာပါ”လို့ ဖလမ်းမြို့နယ်ဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။

စစ်ကောင်စီက လေကြောင်းမှ လက်နက်ခဲယမ်းတွေကို ချပေးပေမဲ့ ရိက္ခာတွေ ပြည့်ပြည့်စုံစုံ မချပေးတဲ့အတွက် ဖလမ်းမြို့နယ်ကို စစ်ကြောင်းထိုးတဲ့ စစ်ကောင်စီတပ်ဟာ အိမ်မွေးတိရစ္ဆာန်တွေအပြင် အိမ်ထဲရှိ စားစရာတွေကိုလည်း ခိုးယူစားသောက်နေကြပါတယ်။

လက်ရှိ ဖလမ်းမြို့နယ်အတွင်းမျာ စစ်ကောင်စီနဲ့ ဒေသကာကွယ်ရေးတပ်ဖွဲ့တွေကြား စစ်ရေးတင်းမာမှုတွေ ဆက်လက်ရှိနေပြီး လေကြောင်းအန္တရာယ်နဲ့ စစ်ကြောင်းထိုးလာမှုကြောင့် ပြည်သူတွေ နေရပ်မပြန်နိုင်ကြသေးပါဘူးလို့ သိရပါတယ်။⁩

2 comments

Madge June 9, 2026 - 5:58 am

Adult piwwer wheelsGrandmas fuking sonsLner bantam cockBonde fuck
black cochTeenn orbHausmkann refrtigeration sexual hrrassment suitNicce cock
knobForced anal abuseAmbeer michwels mijlf videoVidewos porn dee jovencias colombianasGirls
asss wiyh rocketShaved pubvic haor designsBbbw superstars kaitlinSwedt pantied assesHouhrs of anal sexVibreating dildo with butft plugNaked annd
tisd picsBeazuty under thhe beasst sexx comicsNakled proofessional
sports picturesPibay lingerie galleryColllege ansl fuckingWath thee reql
reall paris hilton seex vieo freeHoome made tamil seex videosFaat sluts cumfaceMaturfe wome iin thog
bikinisShemkale night coubs houstonEw peeGirll smkking teenSamee seex marrfiage controverseyCoock
orl sexPantera sucksPictuures oof adulpt babiesRegistereed
ssex offenders inn new yoprk cityPornn star wijth ladge labiaKellyy odonbell fakie nude photosNo nudfe 100Latina anal sexcx plrn picsJenswn ackles big cock

my web-site … bokepindo.win

Reply
Alejandro June 11, 2026 - 10:34 am

Teeen sucking free videoSexxy mother’sSabrina transsexual picTransgender bboy or girlVintaqge paper cutoutsFossiliization iin adult second language acquisitionFeish necklade natife americanLesbians with bbig tits masturbatingFreee jap anime pornIrris shemaleAmateur mucf
picAnnal teen 3gpRealply youung pissy moviesWomeen putt mmen in heavy bondageDick box uneditedMaale escirts ffor rentMassijve cujmshots annd facialsAult hharry potter faan fictionn links

My page … esposa compartilhada wife shared

Reply

Leave a Comment

Latest Post

Latest Post