Thursday, August 6, 2026
Home » စစ်ကောင်စီက မင်းတက်တောင်ကျေးရွာအနီးကို ထိုးစစ်ဆင်နေစဥ် AA က အမှတ် ၃၂ ရဲတပ်ရင်းကို တိုက်ခိုက်

စစ်ကောင်စီက မင်းတက်တောင်ကျေးရွာအနီးကို ထိုးစစ်ဆင်နေစဥ် AA က အမှတ် ၃၂ ရဲတပ်ရင်းကို တိုက်ခိုက်

1 51

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်က အမှတ် ၃၂ ရဲတပ်ရင်းကနေပြီး အာရက္ခတပ်တော် AA သိမ်းထားတဲ့ နှမ်းဖဲတောင်၊ မင်းတက်တောင်ကျေးရွာတွေကို ထိုးစစ်ဆင်စစ်ကြောင်းထိုးလာစဥ် AA ကလည်း အမှတ် ၃၂ ရဲတပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မနေ့က စက်တင်ဘာလ၂ ရက်နေ့မှာ စစ်ကောင်စီဟာ အင်အားအများအပြား စစ်ကြောင်းနဲ့အတူ နှမ်းဖဲတောင်၊ မင်းတက်တောင်အနီးရှိ စခန်းတွေကိုထိုးစစ်ဆင်လာကာ AA နဲ့ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ သိရပါတယ်။

အဲဒီလို တိုက်ပွဲဖြစ်နေစဥ်အတွင်းမှာ အာရက္ခတပ်တော် AA ကလည်း စစ်ကာင်စီရဲ့ စစ်အင်အားတွေဖြည့်တင်းထားတဲ့ အမှတ် ၃၂ ရဲတပ်ရင်းကို လက်နက်ကြီးတွေနဲ့ လှမ်းပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

“စစ်ကောင်စီက နှမ်းဖဲတောင်နဲ့ မင်းတပ်တောင်တို့ကို စစ်ကြောင်းထိုးလာတဲ့အချိန်မှာ AA က ၃၂ ရဲတပ်ရင်းကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ကြားရပါတယ်။ နောက်ပြီး AA က စနိုက်ဘာတွေနဲ့ တောက်လျှောက်ပစ်နေပါတယ် ”

လို့ AA နဲ့ နီးစပ်တဲ့ စစ်ရေးသတင်းရင်း မြစ်တစ်ဦးက ပြောပါတယ်။ အလားတူ အာရက္ခတပ်တော် AA ဟာ ကျောက်ဖြူမြို့နယ်က ဂုံးချွိန်တိုက်နယ်ရှိ ခမရ ၅၄၂၊ ခမရ ၅၄၃ တပ်ရင်းတို့ကိုလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အာရက္ခတပ်တော် AA သိမ်းထားတဲ့ နှမ်းဖဲတောင်နဲ့ မင်းတက်တောင် ကျေးရွာအနီးရှိစခန်းတွေကို အမှတ် ၃၂ ရဲတပ်ရင်းနဲ့ မလကျွန်းကျေးရွာရှိသဘာဝဓာတ်ငွေ့လက်ခံ သိုလှောင်ပို့ဆောင်ရုံ (OGT) စက်ရုံအနီးက စစ်ကောင်စီတပ်တွေက ထိုးစစ်ဆင်လာနေတာလည်း ဖြစ်ပါတယ်။

စစ်ကောင်စီ စစ်ကြောင်းထိုးနေတဲ့နေရာတွေကို လေကြောင်းက ဗုံးကြဲချမှုအပါအဝင် သံဇစ်မြစ်အတွင်းက စစ်ရေးလှုပ်ရှားနေတဲ့ နေဗီတွေကလည်း လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်နေတယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ဟာ ပျားတဲ၊ ကြတ္တိန်၊ သပြုတောင်၊ ကပ်သပြေ၊ ကုလာဘာကျေးရွာအနီးမှာလည်း တိုက်ပွဲတွေပြင်းထန်နေပြီး ဓညဝတီရေတပ်ဌာနချုပ်ကနေ လက်နက်ကြီးတွေ အဆက်မပြတ် ပစ်ခတ်တိုက်ခိုက်နေတယ်လို့လည်း သိရပါတယ်။

ကျောက်ဖြူမြို့တိုက်ပွဲအတွင်းမှာ မြို့ပေါ်နဲ့ ကျေးရွာတွေက စစ်ဘေးတိမ်းရှောင်သူဦးရေ ငါးသောင်း(၅၀,၀၀၀) ကျော်အထိ ရှိလာနေပြီးလည်း ဖြစ်ပါတယ်။

ပုံ-AA Info Desk

#BBM#News#UpdateNews#AA#ArakanArmy#Junta

1 comment

slot365 login July 9, 2026 - 2:57 am

Một cộng đồng game rất sôi động slot365 login TONY07-08

Reply

Leave a Comment

Latest Post

Latest Post