စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်က ကျေးရွာတွေကို စစ်ကောက်စီက Y 12 ကနေ ဗုံးကြဲချတိုက်ခိုက်မှုကြောင့် အရပ်သား ၄ ဦးသေဆုံးခဲ့ပြီး ၁၃ ဦးမှာ ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ၅ ရက်နေ့က ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကနေ ဧရာဝတီမြစ်ကြောင်းအတိုင်း စုန်ဆင်းလာတဲ့ စစ်ကောင်စီရဲ့ တိုက်ခိုက်ရေး၊ ရိက္ခာတွေကို သယ်ဆောင်လာတဲ့ စစ်သင်္ဘော ၁၄ စီးနဲ့အတူ လုံခြုံရေးယူဖို့ပါလာတဲ့ Y 12၊ Jet Frighte၊ Mi 35 လေယာဥ်တွေဟာ ဝက်လက်မြို့နယ်က ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာလည်း ဖြစ်ပါတယ်။
မနေ့က ဝက်လက်မြို့နယ်ကို စစ်ကောင်စီတပ်က ဗုံးကြဲချတိုက်ခိုက်ခဲ့တဲ့ကျေးရွာတွေမှာ သစ်ဆိပ့် ၊ အင်ဒေါင်း ၊ ရုံပင်ကုန်း ၊မင်းကုန်း ၊နဘဲပင်လှ ၊တပ်သာကျေးရွာတွေကို Y 12 နဲ့ ဗုံးကြဲချမှု ပြုလုပ်ခဲ့တာဖြစ်ပြီး အရပ်သားထိခိုက်သေဆုံးမှုတွေ များပြားခဲ့တာလည်း ဖြစ်ပါတယ်။
“ဗန်းမော်ကနေဆင်းလာတဲ့ စစ်သင်္ဘောတွေဟာ ကျောက်မြောင်းမှာ တညနားခဲ့တယ်လို့ သိရပါတယ်။ အဲဒီကနေတစ်ဆင့် Y 12၊ Jet Frighte၊ Mi 35 တွေနဲ့ ကင်းယူပြီးတော့ ဆင်းလာတဲ့အခါ Y 12 ကတော့ တစ်နေကုန်ဝဲနေတာဗျ။ မနေ့ကသုံးနာရီလောက်တော့ရှိမယ် Y 12 နဲ့ ဗုံးတစ်ကြိမ်ကြဲချရင် ၃ လုံးနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ အဲဒီမှာ စာသင်ကျောင်းတွေ နေအိမ်တွေကို တိုက်ခိုက်ခဲ့တာကြောင့် သေဆုံးမှုတွေ များပြားခဲ့တာ ” လို့ Wetlet Informational Network က တာဝန်ရှိသူ တစ်ဦးက BBM ကို ပြောပါတယ်။
စစ်ကောင်စီရဲ့ လေကြောင်းတိုက်ခိုက်တာကို ခံရတဲ့ကျေးရွာတွေမှာ တိုက်ပွဲတစ်စုံတစ်ရာဖြစ်ပွားတာ မရှိတဲ့ ကျေးရွာတွေလည်း ဖြစ်ပါတယ်။
စစ်ကောင်စီတပ်ရဲ့ နေဗီတွေတက်လာတာကြောင့်ဝက်လက်မြို့နယ်က ရှိမ်းမကား ၊ အင်ဒေါင်း ၊မင်းရွာထောင် ၊ ရွာသာ၊ကမ်းဖြူ ၊ ငါးတိုက်တောင် ၊ ငါးရယ် ၊ ဘိုကြီးကျွန်း၊ သဲကျွန်း ၊ ရွာတန်းရှည် ၊ မိုးကြို စတဲ့ မြစ်ကမ်းဘေးက ကျေးရွာတွေမှာ တိမ်းရှောင်နေရတယ်လို့လည်း သိရပါတယ်။
Photo-ပုံဟောင်း
1 comment
888SLOT còn cung cấp nhiều chương trình khuyến mãi và quảng cáo lớn khác, thường xuyên được cập nhật và điều chỉnh, mang đến điều gì đó mới mẻ và thú vị cho người tham gia mỗi lần họ truy cập. TONY06-22