Thursday, June 18, 2026
Home » မလှိုင်ကနေ တောင်သာကို အင်အား၃၀၀နဲ့ ထိုးတဲ့ စကစ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်

မလှိုင်ကနေ တောင်သာကို အင်အား၃၀၀နဲ့ ထိုးတဲ့ စကစ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့တွေက ပစ်ခတ်တိုက်ခိုက်

1 53
53

🟥စစ်ကောင်စီတပ်ဖွဲ့၀င် ၁၅ဦးထက်မနည်း သေဆုံးပြီး ဒဏ်ရာရရှိသူများလည်းရှိ

မလှိုင်မြို့နယ်အတွင်းကို ရောက်ရှိနေတဲ့ စစ်ကောင်စီတပ်သား ၃၀၀ပါ စစ်ကြောင်းဟာ မလှိုင်မြို့ပေါ်မှ မြောက်ဘက်ရှိ ပန်းအိုင်ကျေးရွာမှတဆင့် တောင်သာမြို့နယ်ဘက်ကို ၂၃၀KV မဟာဓာတ်အားလိုင်းတလျှောက်စစ်ကြောင်းထိုးလာစဉ် တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နဲ့ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား၁၅ဦး ထက်မနည်းသေဆုံးသွားတယ်လို့ ‌ဒေသခံစစ်ရေးသတင်းရင်းမြစ်ဆီကနေ သိရပါတယ်။

စက်တင်ဘာလ ၉ရက်နေ့၊ ညနေပိုင်းမှ စတင်ပြီး တိုက်ပွဲတွေဖြစ်ပွားနေခြင်းဖြစ်ပြီး ဒီနေ့ထိ စစ်ရေးတင်းမာနေဆဲဖြစ်တာကိုလည်း အဆိုပါဒေသခံဆီကနေ သိရပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က မျက်မြင်သေဆုံးသူ ၁၅ဦးအပြင် ထိခိုက်သေဆုံးသူ အများအပြားရှိနေပြီး တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(TTA-PDF)မှ ရှေ့ပြေးရဲဘော်နှစ်ဦး ကျဆုံးခဲ့ရပါတယ်။

“မလှိုင်နယ်ဘက်က ထွက်လာတဲ့စစ်ကြောင်းကို တိုက်ခိုက်ခဲ့ပါတယ်။ မိုးရွာလို့ ချောင်းတွေကို ခက်ခက်ခဲခဲ ဖြတ်ကူးပြီးမှ တိုက်ပွဲဝင်ခဲ့ကြရတာပါ။ ၉ရက်နေ့က တိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်သား ၁၅ဦးသေဆုံးပြီး နောက်ပိုင်းတိုက်ပွဲတွေမှာလည်း စစ်ကောင်စီတပ်ဘက်က အထိအခိုက်တွေများနေပါတယ်။ ကျွန်တော်တို့ တောင်သာမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့က ရှေ့ပြေးရဲဘော်ဝက်ကြီးနဲ့ ရဲဘော်ချစ်ကိုလည်း ကျဆုံးခဲ့ပါတယ်”

ဟု TTA-PDF မှ ရဲဘော်တစ်ဦးက BBM ကိုပြောပါတယ်။ အကြမ်းဖက်စစ်ကောင်စီတပ် စစ်ကြောင်းဟာ တောင်သာမြို့နယ်ရုံးစည်ကြီးရွာဘက်ကို ဦးတည်နေပြီး လမ်းတလျှောက် ၆၀မမ လက်နက်ကြီးများရမ်းသမ်းပစ်ခတ်ခြင်း၊ ဒရုန်းဖြင့် Drop Bomb များကြဲချခြင်းများ ဆက်တိုက်ပြုလုပ်နေပါတယ်။

တိုက်ပွဲတွေဖြစ်ပွားပြီးနောက် အထိနာနေတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ မိတ္ထီလာဘက်မှ စစ်ကား၁၅စီးနဲ့ စစ်ကူတွေ ခေါ်ယူထားကြောင်းကိုလည်း သိရပါတယ်။

“စစ်ကောင်စီတပ်ရဲ့ စစ်ကူကားတွေ အလှိုင်မြို့၊ ဘောလုံးကွင်းထဲ ရောက်နေပါတယ်။ ဂျမ်ဘာကား၊ စက်လက်ပါတဲ့ကားတွေနဲ့ RPG တွေပါ ပါတယ်”

လို့ မလှိုင်မြို့နယ်သတင်းရင်းမြစ်ဆီက သိရပါတယ်။ စက်တင်ဘာလ ၁၁ရက်နေ့မှာတော့ မလှိုင်မြို့ပေါ်မှ စစ်ကောင်စီတပ်သားတွေဟာ စစ်ကြောင်းဆက်လက်ထွက်ခွာနိုင်ဖို့ ကုန်တင်ကားတွေကို ချောဆွဲနေပြီး လိုက်ထရပ်ကားတွေ၊ Canterကားတွေကို အဓိကထား ချောဆွဲနေတယ်လို့ သိရပါတယ်။

စစ်ရေးတင်းမာနေတဲ့ တောင်သာ-မလှိုင်အစပ် ဒေသကို စစ်ကောင်စိတပ်က စက်တပ်လေထီးနဲ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပြီး ဒီနေ့ နေ့လည် ၃နာရီအချိန်ခန့်ကလည်း စက်တပ်လေထီး ၄စင်းနဲ့ ဗုံး၁၂လုံးကြဲချသွားတယ်လို့ သိရပါတယ်။

စစ်ရေးတင်းမာနေစဉ်အတွင်း တောင်သာမြို့နယ်ရုံးစည်ကြီးကျေးရွာက နေအိမ်တွေကို စစ်ကောင်စီတပ်သားတွေက ရွာမြောက်ပိုင်းကစပြီးတော့ မီးရှို့ဖျက်ဆီးနေတယ်လို့လည်း သိရပါတယ်။

ပုံ-တောင်သာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပုံဟောင်း)

#BBM#News#UpdateNews#Junta#TaungThar#Mahlaing

1 comment

Binance推荐代码 May 29, 2026 - 6:21 pm

I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.

Reply

Leave a Comment

Latest Post

Latest Post