Friday, October 23, 2026
Home » ထားဝယ်မြို့ကနေ ထွက်လာတဲ့ စကစ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ တွေက ပစ်ခတ်တိုက်ခိုက်ရာ စကစတပ်ဖွဲ့၀င် ၁၀ ဦးထက်မနည်းသေဆုံးပြီး ၁၂ဦးထိခိုက်ဒဏ်ရာရရှိ

ထားဝယ်မြို့ကနေ ထွက်လာတဲ့ စကစ စစ်ကြောင်းကို တော်လှန်ရေးတပ်ဖွဲ့ တွေက ပစ်ခတ်တိုက်ခိုက်ရာ စကစတပ်ဖွဲ့၀င် ၁၀ ဦးထက်မနည်းသေဆုံးပြီး ၁၂ဦးထိခိုက်ဒဏ်ရာရရှိ

1 92
92

🟥စကစက လေယာဉ်နဲ့ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်းထိခိုက်ပျက်စီးပြီး ပြည်သူ၂ဦးထိခိုက်ဒဏ်ရာရရှိ

တနင်္သာရီတိုင်း၊ ထားဝယ်မြို့ကနေ စစ်ကူထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င် ၁၀ ဦး ထက်မနည်းသေဆုံးခဲ့ပြီး ၁၂ဦးထိခိုက်ဒဏ်ရာရရှိကာ MA1လက် သိမ်းဆည်းရရှိခဲ့တယ်လို့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်အတွင်းရေးမှူး စောအယ်နားက BBMကို ပြောပါတယ်။

စက်တင်ဘာလ ၁၄ ရက်နေ့က ထား၀ယ်မြို့က ယနေ ကျောက်မဲတောင်တပ်စခန်းကို စစ်ကြောင်းချိန်းဖို့ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကြောင်းကို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့များက ပကာရီကျေးရွာ အနီးအရောက် ကြားဖြတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်သား ၁၀ဦးထက်မနည်းသေဆုံးကာ ၁၂ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး MA1 တစ်လက်နဲ့ ခဲယမ်းအချို့ သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။

“ပကာရီကျေးရွာအနီးအနားမှာ တပ်စွဲထားတဲ့ အင်အား၁၀၀၀န်းကျင်ရှိတဲ့ စစ်ကြောင်းကို ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။ သူတို့ ၁၀ယောက်သေပြီး ၁၂ယောက်ဒဏ်ရာရတယ်။ အထိနာသွား‌တော့ ဒီထား၀ယ်ဘက်ကို ဆုတ်ခွာသွားတယ်”

လို့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်အတွင်းရေးမှူး စောအယ်နားက BBMကိုဖြေကြားထားပါတယ်။

ဒါ့အပြင် အထိနာသွားတဲ့ စစ်ကောင်စီက ပကာရီကျေးရွာ အတွင်းကို ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် ဘုန်းကြီးကျောင်း ၁ ကျောင်း အပါအဝင် ပြည်သူလူထု နေ အိမ် အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ဆက်လက်ဖြေကြားထားပါတယ်။

“သူတို့ လေယာဉ်နဲ့ဗုံးကြဲတယ်။ ပကာရီကျေးရွာထဲကို ဗုံးလာကြဲတဲ့အတွက် ဒီဘုန်းကြီးကျောင်းတစ်ကျောင်းနဲ့ လူနေအိမ်တွေထိခိုက်ပျက်စီးသွားတယ်။ ပြည်သူ၂ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့တယ်”

လို့ ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင်အတွင်းရေးမှူး စောအယ်နားက BBMကိုဖြေကြားထားပါတယ်။ အဲ့ဒီ တိုက်ခိုက်မှုကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် K.N.L.A ‌တပ်မဟာ ၄ ၊ တပ် ရင်း ၁၂ တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

ဓါတ်ပုံ-ကေအဲန်ယူ-မြိတ်ထားဝယ်ခရိုင် သတင်းပြန်ကြားရေး

#BBM#News#UpdateNews#KNU#ကေအဲန်ယူမြိတ်ထားဝယ်ခရိုင်#PeopleDefenseForce#KNLA#Junta#AirStrike

1 comment

Реферальная программа binance July 21, 2026 - 12:15 pm

Your article helped me a lot, is there any more related content? Thanks! https://accounts.binance.bh/es-AR/register?ref=UT2YTZSU

Reply

Leave a Comment

Latest Post

Latest Post