Wednesday, August 5, 2026
Home » မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီတပ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ကူညီထောက်ပံ့နေတယ်လို့ AA ပြော

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီတပ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်က ကူညီထောက်ပံ့နေတယ်လို့ AA ပြော

1 54
54

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်နဲ့ မောင်တောနယ်စပ်ဒေသတစ်လျှောက်မှာ လှုပ်ရှားနေကြတဲ့ ARSA၊ RSO စတဲ့ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီတပ်နဲ့ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (BGB) တို့က ကူညီထောက်ပံ့ပေးနေတယ်လို့ အာရက္ခတပ်တော် AA က မနေ့က စက်တင်ဘာလ ၂၇ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

အကြမ်းဖက်စစ်ကောင်စီဟာ ARSA၊ RSO အကြမ်းဖက်အဖွဲ့တွေကို လက်နက်ခဲယမ်းထောက်ပံ့တာတွေ ဆက်လက်လုပ်ဆောင်နေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အလားတူ ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ် (Border Guard Bangladesh BGB) ကလည်း ARSA၊ RSO အကြမ်းဖက်အဖွဲ့တွေကို အားပေးထောက်ခံပြီး ပူးပေါင်းဆောင်ရွက်မှုတွေလည်း ရှိနေကာ BGB စခန်းအနီးအနားမှာပင် မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေရဲ့ စခန်းအချို့ကို အခိုင်အမာ အခြေစိုက် တပ်စွဲခွင့် ပြုထားတာဖြစ်တယ်လို့ AA က ဆိုထားပါတယ်။

အဲဒီတပ်စခန်းတွေကနေ မွတ်ဆလင်လက်နက်ကိုင် အဖွဲ့တွေဟာ ရခိုင်ပြည်အတွင်းကို ဝင်ရောက်ကာ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေကြတာ ဖြစ်တယ်လို့လည်း သိရပါတယ်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခြေစိုက်ထားတဲ့ ARSA၊ RSO အဖွဲ့တွေကို ဘင်္ဂလားဒေ့ရှ်နယ်ခြားစောင့်တပ် (BGB) မှ အရာရှိတချို့က ထောက်ခံမှုတွေရှိနေတာကြောင့် ဘင်္ဂလားဒေ့ရှ်အစိုးရအနေနဲ့လည်း အမြန်ဆုံးဖော်ထုတ်အရေးယူသင့်သလို အရေးယူထိန်းကျောင်းမှု မရှိဘဲဆက်လက် လွှတ်ပေးထားမယ်ဆိုပါက နှစ်ဖက် နယ်စပ်တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ ဆက်ဆံရေးတွေ ထိခိုက်စေနိုင်တယ်လို့လည်း အာရက္ခတပ်တော် (AA) က ပြောဆိုလိုက်ပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကစတင်ကာ အာရက္ခတပ်တော် (AA) ထိန်းချုပ်ထားတဲ့ မောင်တောမြို့မြောက်ပိုင်း နယ်စပ်မှတ်တိုင် (၅၆) နဲ့ (၅၇) ကြားရှိ ပွိုင့် (၆၀၁) ကုန်းနဲ့ နယ်စပ်မှတ်တိုင် (၅၂) အနီးရှိ ဒုံးညိုစခန်းကို တိုက်ခိုက်သိမ်းပိုက်ဖို့ ရည်ရွယ်ထားတဲ့ ARSA၊ RSO အဖွဲ့တွေနဲ့ ထိတွေ့တိုက်ပွဲ ဖြစ်ပွားမှု (၁၂) ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာရက္ခတပ်တော် AA ဟာ ရခိုင်ပြည်နယ်အတွင်းရှိ ကျောက်ဖြူ၊ စစ်တွေ၊ မာန်အောင် စတဲ့မြို့နယ်တွေမှာ တိုက်ပွဲများဖြစ်ပွားနေသလို ရခိုင်ပြည်နဲ့ နယ်နိမိတ်ခြင်း ထိစပ်နေတဲ့ အခြားနေရာ (၃) ခုမှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။

အဆိုပါအခြေအနေတွေကို မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေက အခွင့်ကောင်းယူကာ AA ရဲ့ စခန်းတွေကို သိမ်းပိုက်ဖို့ ရည်ရွယ်ချက်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်ခြမ်းက နှောင့်ယှက်ပစ်ခတ်တာ၊ ဒရုန်းနဲ့ ကင်းထောက်တာ၊ စစ်ကူလာနိုင်မယ့်နေရာတွေမှာ ကင်းပုန်းဝပ်တာ စတဲ့လုပ်ငန်းတွေကိုလည်း လုပ်ဆောင်နေတာလည်း ဖြစ်ပါတယ်။

စခန်းသိမ်းဖို့ ရည်ရွယ်ချက်နဲ့ ချဉ်းကပ်လာတဲ့ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA၊ RSO တွေကို အာရက္ခတပ်တော် AA က တိုက်ခိုက်ချေမှုန်းရာမှာ ARSA အဖွဲ့ရဲ့ အလောင်းတချို့နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ၊ လက်နက်ခဲယမ်းတွေကိုလည်း သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မောင်တောခရိုင်အတွင်းကို ခိုးဝင်ရောက်ရှိလာကြတဲ့ မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA၊ RSO ဟာ ဒေသခံပြည်သူတွေလူထုကို ဖမ်းဆီးတာ၊ ချောင်းမြောင်းပစ်ခတ်တာ၊ နှိပ်စက်အနိုင်ကျင့် ငွေညှစ်တာ၊ လုယက်ပြန်ပေးဆွဲတာတွေကိုလည်း လုပ်ဆောင်နေကြတာလည်း ဖြစ်ပါတယ်။

မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ ARSA၊ RSO တွေဟာ ဒေသခံအပြစ်မဲ့ အရပ်သားပြည်သူတွေကို သတ်ဖြတ်ပြီးတော့ AA ရဲ့စစ်ယူနီဖောင်းကို အစားထိုးဝတ်ဆင်ကာ လိမ်လည်ဝါဒဖြန့်နေကြတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

1 comment

注册以获取100 USDT June 3, 2026 - 7:00 pm

Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?

Reply

Leave a Comment

Latest Post

Latest Post