Friday, October 23, 2026
Home » ဗန်းမော်မြို့ (၂)မိုင်အနီး စစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းအတွင်းမှ စကစ(၃)ဦးကို တော်လှန်ရေးအင်အားစုတွေ အရှင်ဖမ်းမိ

ဗန်းမော်မြို့ (၂)မိုင်အနီး စစ်ကြောင်းထိုးလာတဲ့စစ်ကြောင်းအတွင်းမှ စကစ(၃)ဦးကို တော်လှန်ရေးအင်အားစုတွေ အရှင်ဖမ်းမိ

2 82
82

🟥သံချပ်ကာ တပ်ရင်းအနီးမှ ဗန်းမော် (၂)မိုင်ကို စကစ စစ်ကြောင်းထိုးတဲ့(၁)လတာကာလအတွင်းသေဆုံးမှုများပြီး လက်နက်အချို့ကိုလည်း သိမ်းဆည်းရရှိ

ကချင်ပြည်နယ်၊ ဗန်းမော်မြို့(၂)မိုင်အနီးကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းအတွင်းမှ စကစ (၃)ဦးကို KIAဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေက အရှင်ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့က ဗန်းမော်မြို့ (၂)မိုင်အနီး ဗိုလ်မှူး အောင်ကျော်ဦးစီးပြီး စစ်ကြောင်းထိုးလာတဲ့ စကစ စစ်ကြောင်းအတွင်းမှ စစ်သည် မျိုးချစ်ဦးကို လက်နက်ခဲယမ်းနဲ့တကွ တော်လှန်ရေးအင်အားစုတွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ တပ်သား မျိုးချစ်ဦးဟာ ခလရ (၂၃၇)မှ ဖြစ်ပြီး ဗန်းမော်မြို့(၂)မိုင်အနီး စစ်ကြောင်းထိုးစဥ် စစ်ကြောင်းနဲ့ကွဲကာ ကျန်ရစ်ခဲ့ပြီးတော်လှန်ရေးအဖွဲ့တွေရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြစ်တယ်လို့လည်း သိရပါတယ်။

အလားတူ (၂)မိုင်အနီးကို နောက်ထပ်ထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းတစ်ခုထဲမှလည်း နောက်ထပ် တပ်သား(၂)ဦးကို လက်နက်ခဲယမ်းတွေနဲ့တကွ ယမန်နေ့ကပဲ ထပ်မံဖမ်းဆီးမိတာရှိပြီး တစ်ရက်တည်းမှာတင် စစ်သုံ့ပန်း(၃) ယောက်ကို ဖမ်းဆီးနိုင်ခဲ့တယ်လို့လည်း သိရပါတယ်။

အဆိုပါစစ်သုံ့ပန်း(၃)ယောက်ကို ရှေ့တန်းမှ တဆင့် KIAနောက်တန်းရုံးကို ပို့ဆောင်ထားပြီး စစ်မေးမှုတွေ စတင်ပြုလုပ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တစ်ဦးမှ BBM ကိုပြောပါတယ်။

“ဖမ်းမိတာဟုတ်တယ်၊ မနေ့က ၊ ငါတို့ဆီမှာတစ်ကောင်၊ နောက် စစ်ကြောင်းတစ်ခုမှာနှစ်ကောင်၊ ပေါင်း သုံးကောင်ပေါ့၊ လက်နက်တွေနဲ့ပါမိတာ၊ စစ်ကြောင်းထိုးရင်း ကွဲကျန်ခဲ့တာပဲ၊ အလင်းဝင်တာတော့မဟုတ်ဘူး၊ ငါတို့ဆီမိတဲ့ကောင်က နည်းနည်းတော့ ရာထူးရှိမယ်ထင်တယ်၊ MA-3နဲ့ဆိုတော့၊ ခုဒီမှာတော့မရှိတော့ဘူး နောက်တန်းကိုပို့ထားတယ်”

ဒါ့အပြင် စစ်ကောင်စီအနေဖြင့် ဗန်းမော်မြို့သံချပ်ကာ တပ်ရင်းအနီးအခြေပြုကာ တော်လှန်ရေးအင်အားစုတွေထိန်းချုပ်ရာ ဗန်းမော်မြို့ (၂)မိုင်၊ (၃)မိုင်အနီးကို စစ်ကြောင်းထိုးခြင်းကို ပြီးခဲ့တဲ့ စက်တင်ဘာလအတွင်းမှာ ပြုလုပ်ခဲ့တာဖြစ်ပြီး ထိုးစစ်ဆင်မှု တစ်လအတွင်း စကစဘက်မှ ထိခိုက်သေဆုံးမှုများသလို RPGအပါအဝင် စကစ စစ်လက်နက်ပစ္စည်းအချို့ကိုလည်း သိမ်းဆည်းရမိခဲ့တယ်လို့ မြေပြင်တော်လှန်ရေးအင်အားစုတွေထံမှ သိရပါတယ်။

ဗန်းမော်မြို့ (၂)မိုင်နဲ့ (၃)မိုင်တစ်ဝိုက်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီစစ်ကြောင်းတွေအနေနဲ့ အောက်တိုဘာလ(၂)ရက် ဒီနေ့ နေ့ခင်းမှာတော့ စစ်ကြောင်းတချို့ပြန်ရုတ်သွားတာတွေရှိပြီး ၎င်းတို့အခြေပြုရာ သံချပ်ကာတပ်ရင်းအနီး ဆုတ်ခွါသွားတယ်လို့လည်း စစ်ရေးသတင်းရင်းမြစ်မှ ဆက်ပြောပါတယ်။

“သံချပ်ကာဘက်ကိုထိုးလာတဲ့အချိန်ကနေ ခုချိန်ထိ ရတဲ့လက်နက်တွေအများကြီးပဲ ၊ လက်နက်ကြီးတွေလည်း ပါတယ်၊ ဒီနေ့ပဲ အဲ့စစ်ကြောင်းတွေက သူတို့အခြေပြုတဲ့ သံချပ်ကာနားကို ပြန်ဝင်သွားကြပြီ”

စစ်ကောင်စီအနေဖြင့် ဗန်းမော်မြို့ကို စကခ(၂၁)တွင်းမှ ခံစစ်အနေအထားဖြင့်ခုခံခဲ့ရာမှ ပြီးခဲ့တဲ့ သြဂုတ်လအတွင်း မန္တလေးမှ တက်လာတဲ့ စစ်ကူသင်္ဘောတွေ ဗန်းမော်ကိုရောက်ရှိလာပြီးနောက် တော်လှန်ရေးတပ်ဖွဲ့တွေရှိရာကို တစ်ဖန်ထိုးစစ်ဆင်မှုတွေ ပြုလုပ်ခဲ့ပေမဲ့ ထိခိုက်သေဆုံးမှုတွေ များနေတယ်လို့ သိရပါတယ်။

Photo-ဗန်းမော်ရှိစစ်ကောင်စီမှသိမ်းဆည်းရရှိလက်နက်များ

2 comments

binance anm"alan June 3, 2026 - 1:01 am

Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me?

Reply
gratis binance-konto June 22, 2026 - 4:45 am

Your point of view caught my eye and was very interesting. Thanks. I have a question for you.

Reply

Leave a Comment

Latest Post

Latest Post