Tuesday, October 13, 2026
Home » ကျောက်မဲကို စစ်ကောင်စီ ပြန်လည် ထိန်းချုပ်လိုက်ပြီး မြို့ပြင်က စစ်ရှောင်တွေကိုတော့ ဝင်ခွင့်မပြုသေး

ကျောက်မဲကို စစ်ကောင်စီ ပြန်လည် ထိန်းချုပ်လိုက်ပြီး မြို့ပြင်က စစ်ရှောင်တွေကိုတော့ ဝင်ခွင့်မပြုသေး

1 75
75

ရှမ်းပြည်နယ်မြောက်ပိုင်း၊ TNLA သိမ်းပိုက် အုပ်ချုပ်ထားတဲ့ ကျောက်မဲမြို့ကို အောက်တိုဘာလ ၁ ရက်နေ့ နေ့လယ်ပိုင်းက စစ်ကောင်စီက ပြန်လည် ထိန်းချုပ်လိုက်ပြီး လက်ရှိမှာတော့ မြို့ပြင်ပကို တိမ်းရှောင်နေတဲ့ စစ်ရှောင်တွေကို မြို့ထဲဝင်ခွင့် မပြုသေးဘူးလို့ ဒေသခံတွေဆီက သိရပါတယ်။

“စစ်ကောင်စီတွေက ကျောက်မဲမြို့ထဲ မနေ့က မနက်ပိုင်း ရပ်ကွက် ၉ နဲ့ ရပ်ကွက် ၁ ဘက် အရင်ဝင်လာတာပါ။ ညနေပိုင်းမှ အကုန် ရသွားတာ။”

လို့ ဒေသခံအမျိုးသား တစ်ဦးက ပြောပါတယ်။ ဒီနေ့ မနက်ပိုင်းမှာတော့ မြို့ရဲ့ အရှေ့ဘက်နဲ့ အနောက်ဘက်က သေနတ်သံတွေ နည်းနည်း ကြားရပြီး ပြင်းပြင်းထန်ထန် ပစ်ခတ်တာမျိုး မဟုတ်တာကြောင့် စစ်ကောင်စီတွေ နယ်မြေရှင်းလင်းရေး လုပ်နေတာလို့ ယူဆရတယ်လို့ သူက ပြောပါတယ်။

စစ်ကောင်စီတွေက လေကြောင်းနဲ့ ဒရုန်းကို အဓိကထားသုံးပြီးတော့ လမ်းကြောင်းရှင်းပြီးနောက်မှ မြေပြင်ကနေ စစ်ကြောင်း ထိုးလာကာ စက်တင်ဘာလ ၃၀ ရက်နေ့ ညနေပိုင်းက ကျောက်မဲမြို့ အဝင်ဝနား အထိ ရောက်ရှိလာခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

“မြို့တွင်းက လူတွေကတော့ လွတ်လွတ်လပ်လပ် သွားလာလို့ ရပြီ။ စစ်ရှောင်တွေကိုတော့ ပေးမဝင်သေးဘူး”

လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။ မြို့ပေါ်က ဒေသခံ လေးပုံ သုံးပုံခန့် ဘေးလွတ်ရာ တခြားဒေသဘက် စစ်ဘေး တိမ်းရှောင်သွားကြတာဖြစ်ပြီး မြို့ပေါ်မှာတော့ စစ်မရှောင်နိုင်တဲ့ ဒေသခံ လေးပုံ တစ်ပုံခန့်သာ ကျန်ရှိခဲ့တယ်လို့ သူက ပြောပါတယ်။

ဒီနေ့ မနက် ၉ နာရီကျော်ခန့်က ကျောက်မဲကနေ သီပေါဘက် အထွက် တိုးဂိတ် အနီးဝန်းကျင် ပစ်ခတ်သံတွေ ကြားနေပြီး စစ်ကောင်စီဘက်က TNLA တပ်ဖွဲ့တွေရဲ့ ခံတပ်ရှိရာကို ပစ်ခတ်နေတာဖြစ်ကြောင်း သိရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီဘက်ကတော့ ကျောက်မဲမြို့ကို ပြန်လည်ထိန်းချုပ် နိုင်ပြီဖြစ်ကြောင်း၊ ကျောက်မဲ-နောင်ချို- ပြင်ဦးလွင် ပြည်ထောင်စုကားလမ်းပိုင်း ပုံမှန် ပြန်လည်သွားလာနိုင်ရေးနဲ့ နယ်မြေလုံခြုံရေး ဆောင်ရွက်နေကြောင်း ပြောကြားထားပါတယ်။

ကျောက်မဲမြို့ကိုတော့ မြောက်ပိုင်း ညီနောင် မဟာမိတ် ၃ဖွဲ့ရဲ့ ၁၀၂၇ စစ်ဆင်ရေး ဒုတိယအပိုင်းအနေနဲ့ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၅ ရက်နေ့မှာ TNLA နဲ့ ပူးပေါင်း တော်လှန်ရေး တပ်ဖွဲ့တွေက သိမ်းပိုက် ထိန်းချုပ်ခဲ့တာဖြစ်ပြီး ၁နှစ်ကျော်အကြာ မနေ့က အောက်တိုဘာလ ၁ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီက ပြန်လည် ထိန်းချုပ်လိုက်တာ ဖြစ်ပါတယ်။

Video-Local Resident

1 comment

66b nguyễn sĩ sách August 3, 2026 - 12:51 pm

Chơi ở 66b nguyễn sĩ sách cảm giác khá mượt kể cả khi online lâu. TONY08-03

Reply

Leave a Comment

Latest Post

Latest Post