ရှမ်းပြည်နယ်၊ ကျောက်မဲ ခရိုင်အတွင်းက TNLA တပ်ဖွဲ့ ထိန်းချုပ်ထားဆဲ ဖြစ်တဲ့ နမ္မတူမြို့၊ ရပ်ကွက် ၈ ကို စစ်ကောင်စီက ဒီနေ့ အောက်တိုဘာလ ၇ ရက်နေ့ မနက် ၆ နာရီခွဲဝန်းကျင်ခန့်က ဂိက်ဖိုက်တာနဲ့ ထပ်မံ ဗုံးကြဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသခံတွေဆီက သိရပါတယ်။
“နမ္မတူမှာ ဒီမနက် ဗုံး ထပ်ကြဲသွားတယ်။ အောက်တိုဘာလ ၂ ရက်နေ့က ဗုံးကြဲခံရတဲ့ အိမ်နားမှာပဲ ပြန်ကြဲသွားတာ”
လို့ ဒေသခံ အမျိုးသား တစ်ဦးက ပြောပါတယ်။ အဆိုပါဗုံးကြောင့် နမ္မတူ ရပ်ကွက် ၈၊ ပုဗ္ဗာရုံ ဘုန်းကြီးကျောင်းပထမဆုံး ဆောက်ခဲ့တဲ့ ၂ ထပ်ဆောင် အဆောက်အဦး ပျက်စီးသွားခဲ့တယ်လို့ သူက ပြောပါတယ်။
“လူ အထိအခိုက် မရှိဘူး။ သံဃာတော်တွေလည်း အရင်နေ့ ကတည်းက စစ်ရှောင်ကုန်ပြီ”
လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။ လေကြောင်းအန္တရာယ် စိုးရိမ်တာကြောင့် မြို့ပေါ်က ဒေသခံ ထက်ဝက်ခန့်လည်း စစ်ရှောင်သွားပြီလို့ ဆိုပါတယ်။
PSLF/TNLA သတင်းနဲ့ ပြန်ကြားရေးဌာန ကရော SSPP သတင်းနဲ့ ပြန်ကြားရေးဌာန ကပါ ဒီနေ့ အောက်တိုဘာလ ၇ ရက်နေ့ မနက် ၆ နာရီခွဲ ဝန်းကျင်က နမ္မတူမြို့ကို စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်သွားကြောင်း သတင်းထုတ်ထားပါတယ်။
မနေ့က အောက်တိုဘာလ ၆ ရက် သီတင်းကျွတ် လပြည့်နေ့ မနက် ၇ နာရီခွဲ ဝန်းကျင်ခန့်ကလည်း နမ္မတူမြို့ ရပ်ကွက် ၂ ပန်ဟိုက်ဘက် ဂျက်ဖိုက်တာနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့လို့ နေအိမ်တချို့နဲ့ ကားတွေ ထိခိုက်ပျက်စီးခဲ့သလို အောက်တိုဘာလ ၂ ရက်နေ့ မနက် ၇ နာရီကျော်ခနိ့ကလည်း နမ္မတူ ရပ်ကွက် ၈ ပုဗ္ဗာရုံ ကျောင်းနီး ဂျက်ဖိုက်တာနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ ဒေသခံ ပြည်သူ ၄ ဦး သေဆုံးပြီး ၅ ဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တာ ဖြစ်ပါတယ်။
Photos-Local Resident
3 comments
Điều mình thích ở hb88 casino là hệ thống hoạt động tốt cả giờ cao điểm.
Tôi đã giới thiệu trang này cho bạn bè tại hb88
Your point of view caught my eye and was very interesting. Thanks. I have a question for you. https://accounts.binance.bh/register/person?ref=GGYHGRE