Friday, August 14, 2026
Home » အင်အားထောင်ကျော်စုဖွဲ့ပြီး မုံရွာ-ယာကြီး လမ်းပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ စစ်တပ်ပြင် ဆင်နေ

အင်အားထောင်ကျော်စုဖွဲ့ပြီး မုံရွာ-ယာကြီး လမ်းပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ဖို့ စစ်တပ်ပြင် ဆင်နေ

0 9
9

စစ်ကောင်စီက ကုန်သွယ်ရေးအတွက်ကော၊ ထောက်ပံ့ပို့ဆောင်ရေးအတွက်ပါ အရေးပါတဲ့ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းကို အပြည့်အဝ ထိန်းချုပ်နိုင်ဖို့အတွက် စစ်အင်အားထောင်ချီသုံးပြီး စုဖွဲ့ပြင်ဆင်နေသလို လမ်းပိုင်းပြင်ဆင်ရေးအတွက် ပြည်သူတွေကို ချောဆွဲဖို့ဆောင်ရွက်မှုတွေရှိနေတယ်လို့လည်း မြေပြင်သတင်းရင်းမြစ် တွေထံက သိရပါတယ်။

အိန္ဒိယ-ထိုင်း-မြန်မာ ကုန်သွယ်ရေးလမ်းကြောင်းရဲ့ တစိတ်တပိုင်းဖြစ်တဲ့ အဆိုပါ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းကို စကစ ဟာ ပြီးခဲ့တဲ့ မေလကတည်း က စစ်ကြောင်းထိုးလာခဲ့တာဖြစ်ပြီး လမ်းတစ်လျှောက် တိုက်ပွဲတွေပြင်းထန်ပြီးနောက် ဇွန်လနဲ့ ဇူလိုင်လအတွင်းမှာ လမ်းပိုင်းတစ်ခုလုံးကို အပြည့်အဝ ထိန်းချုပ်နိုင်ပြီဆိုပြီး စစ်တပ်ဘက် ထုတ်ပြန်ခဲ့ပါတယ်။

ဒါပေမဲ့လည်း မြေပြင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ သတင်းရင်းမြစ်တွေကတော့ မိုင်ပေါင်း ၁၁၅ မိုင်ထိရှည်တဲ့ မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတစ်ခုလုံးကို စစ်တပ်ကထိန်းချုပ်နိုင်ပြီလို့ ထုတ်ပြန်တာဝါ ဝါဒဖြန့်မှုသာဖြစ်ပြီး နေရာအချို့မှာသာ စစ်တပ်ဘက်က ထိန်းချုပ်ထားနိုင်ခြင်းဖြစ်တယ်လို့လည်း ဆိုထားပါတယ်။

အခုအခါမှာတော့ အဲ့ဒီလမ်းပိုင်းကို အပြည့်အဝထိန်းချုပ်နိုင်ဖို့အတွက် စကစ ဟာ မုံရွာကော၊ စစ်ကိုင်းဘက်ကပါ အင်အားထောင်ချီစုဖွဲ့နေပြီး ပြင်ဆင်နေသလို လမ်းပိုင်းတစ်ခုလုံး ပြုပြင်ဖို့အတွက်လည်း အရပ်သားပြည်သူတွေကိုချောဆွဲဖို့ ဆောင်ရွက်နေတာတွေရှိတယ်လို့ မြေပြင်သတင်းရင်းမြစ်တစ်ယောက်က BBM ကိုပြောပါတယ်။

“မုံရွာ-ယာကြီး လမ်းပိုင်းကို စကစတွေ ထိုးစစ်ဆင်ဖို့လုပ်နေတယ်၊ အိန္ဒိယနဲ့ကုန်သွယ်ဖို့လို့ကြားတယ်၊ သတင်းရတာကတော့ ခပ်မြန်မြန်ပဲ စစ်ကြောင်းထိုးလာလိမ့်မယ်၊ မုံရွာကော၊ စစ်ကိုင်းဘက်ကပါ အင်အားတွေပါမှာပေါ့”

ဒါ့အပြင် အခုရက်ပိုင်းအတွင်း မုံရွာမြို့အခြေစိုက် နမခ တိုင်းစစ်ဌာနချုပ်အတွင်းမှာလည်း တပ်မ (၃၃) အပါ စကစ အင်အားထောင်ချီလောက်နဲ့ စုဖွဲ့မှုတွေရှိနေတယ်လို့ သိရပြီး ဒီလမ်းပိုင်းကိုသာ အပြည့်အဝထိန်းချုပ်သွားနိုင်ပါက စစ်ကိုင်း၊မုံရွာမှတဆင့် ချင်းပြည်နယ်အထိကိုပါ ကုန်းကြောင်းမှ စစ်အင်အားရွှေ့ပြောင်းတာတွေ ပိုမိုလွယ်ကူစွာဆောင်ရွက်နိုင်ချေရှိတယ်လို့လည်း ဆက်ပြောပါတယ်။

“ဒီလမ်းပိုင်းက ပွင့်သွားရင် အိန္ဒိယနဲ့ကုန်သွယ်ရုံတင်မကဘူး ချင်းပြည်အထိပါ စစ်ကြောင်းတွေသွားနိုင်တယ်”

မင်းအောင်လှိုင် ရဲ့ အိန္ဒိယခရီးစဥ်အတွင်း အဆိုပါလမ်းပိုင်းအပါ အိန္ဒိယနယ်စပ်လုံခြုံရေးအတွက် ဆွေးနွေးမှုတွေရှိခဲ့တယ်လို့ စကစ ဘက်က ဆိုထားသလို မင်းအောင်လှိုင်ခရီးစဥ်

အပြီးမှာ အိန္ဒိယနယ်စပ် ကလေး-တမူးလမ်းပိုင်းနဲ့ အခု မုံရွာ-ယာကြီး-ကလေးဝ လမ်းပိုင်းတွေကို ပိုမိုဖိဖိစီးစီး ထိုးစစ်ဆင်လာတယ်လို့ သိရပါတယ်။

အဆိုပါလမ်းပိုင်း(၂)ခုနဲ့ပတ်သတ်ပြီး စစ်တပ်ဘက်က အပြည့်အဝထိန်းချုပ်နိုင်ပြီဆိုပြီး ထုတ်ပြန်ထားပေမဲ့ တော်လှန်ရေးအင်အားစုတွေဘက်ကတော့ တိုက်ပွဲတွေဆက်လက်ရှိနေဆဲသာဖြစ်တယ်လို့ တုံ့ပြန်ပြောဆိုမှုတွေရှိနေပါတယ်။

Photo-ပုံဟောင်း

Leave a Comment

Latest Post

Latest Post