Monday, October 19, 2026
Home » တံတားဦးမှာဘုန်းကြီးကျောင်းအတွင်း ဂိတ်ချ၊ငွေတောင်းနေတဲ့ စကစတွေကို နဂါးနီပြောက်ကျားတပ်ဖွဲ့ဝင်ရောက်တိုက်ခိုက်

တံတားဦးမှာဘုန်းကြီးကျောင်းအတွင်း ဂိတ်ချ၊ငွေတောင်းနေတဲ့ စကစတွေကို နဂါးနီပြောက်ကျားတပ်ဖွဲ့ဝင်ရောက်တိုက်ခိုက်

0 11
11

မန္တလေးတိုင်း၊ကျောက်ဆည်ခရိုင်၊တံတားဦးမြို့နယ်မှာ ဘုန်းကြီးကျောင်းအတွင်းတပ်စွဲကာ ဂိတ်ချ၊ငွေတောင်းနေတဲ့စစ်ကောင်စီတပ်ဖွဲ့ကို နဂါးနီပြောက်ကျားတပ်ဖွဲ့ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ (၁၇)ရက်နေ့ ညနေ(၆)နာရီ ခွဲခန့်မှာ တံတားဦးမြို့နယ်၊ ကျပ်ပြင်ရွှာဘုန်းကြီးကျောင်းအတွင်းတပ်စွဲထားပြီး ဂိတ်ချ ကာငွေတောင်းနေတဲ့ စစ်ကောင်စီတပ်ဖွဲ့ကိုဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။

မိနစ် (၂၀)ကျော်ကြာ နှစ်ဖက်တိုက်ပွဲဖြစ်ပွားပြီး စစ်ကောင်စီဘက်မှ (၂)ဦးသေကာ (၃)ဦးဒဏ်ရာရခဲ့တယ်လို့လည်းသိရပါတယ်။

တော်လှန်ရေးတပ်ဖွဲ့ဘက်မှ လက်ဦးမှုယူကာ ဝင်ရောက်တိုက်ခိုက်နိုင်ခဲ့ပေမဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လက်နက်တွေကိုတော့ အခွင့်မသာတာကြောင့် သိမ်းဆည်းနိုင်ခြင်း မရှိခဲ့ဘူးလို့ သိရပါတယ်။

စစ်ကောင်စီဘက်မှ တိုက်ပွဲအတွင်းသေသွားတဲ့ (၂)ယောက်ကို ချောင်းဆုံစခန်းသို့သယ်ဆောင် သွားတယ်လို့သိရပြီး ည (၁၁) နာရီမှာ ချောင်းဆုံဘက်မှ ကား(၁)စီးနဲ့ ည (၁၂) ထိုးချိန်မှာ ဂွေးကုန်းဘက်မှ ကား(၁)စီး အင်းအား (၆၀)ခန့်နဲ့ ဘုန်းကြီးကျောင်းတွင် ထမ်မံအင်အားတိုးချထားတယ်လို့လည်းဆက်လက်ဖော်ပြထားပါတယ်။

အဆိုပါတိုက်ခိုက်မှုကို မြင်းခြံတိုက်နယ်(၃)နဂါးနီပြောက်ကျားတပ်ဖွဲ့မှ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ရဲဘော်တွေမှ အထိခိုက်မရှိ အောင်မြင်စွာပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြတယ်လို ထုတ်ပြန် ထားပါတယ်။

Leave a Comment

Latest Post

Latest Post