Sunday, October 25, 2026
Home » ရေစကြိုမှာ စစ်တပ်လက်ပါးစေ ပျူခေါင်းဆောင် လင်းထင်ရဲ့ ဘိလပ်မြေကားနဲ့ ဆီပုံးတွေကို Southern YSO PDF သိမ်းဆည်း

ရေစကြိုမှာ စစ်တပ်လက်ပါးစေ ပျူခေါင်းဆောင် လင်းထင်ရဲ့ ဘိလပ်မြေကားနဲ့ ဆီပုံးတွေကို Southern YSO PDF သိမ်းဆည်း

0 111
111

သတင်း-ဦးထွန်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ စစ်ကောင်စီလက်ပါးစေ ပျုစောထီးခေါင်ဆောင် လင်းထင် ရဲ့ ဘိလပ်မြေ တင်ဆောင်လာတဲ့ ကားနဲ့ စားဆီပုံး ၁၀၀ တင်ဆောင်လာတဲ့ ကားတွေကိုဖမ်းဆီးရမိခဲ့တယ်လို့ Southern YSO PDF က ယမန်နေ့၊ ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။

ဇွန်လ ၂၃ ရက်နေ့၊ ညနေ ၃ နာရီခန့်မှာ စစ်တပ်လက်ပါးစေ ပျူစောထီးခေါင်းဆောင် လင်းထင်ရဲ့ ဘိလပ်မြေတွေ​ တင်ဆောင်လာတဲ့ ကားနဲ့အတူ ရေစကြိုမြို့၊ ရုံးပေါင်းစုံမှ စားဆီ ၁၀ ပိဿာဆံ့ပုံး ၁၀၀ ကိုဖမ်းဆီးသိမ်းဆည်းခဲ့ပြီး ဆီပုံးတွေ တင်လာတဲ့ ကားနဲ့ဒရိုင်ဘာကို ပြန်လွှတ်‌ပေးခဲ့တယ်လို့ ဖော်ပြထားပါတယ်။

အဆိုပါသိမ်းဆည်းရရှိတဲ့ ဘိလပ်မြေတွေကို ဘုရားစေတီ ပြုပြင်ဖို့ အကြောင်းပြပြီး ပျူခေါင်းဆောင် လင်းထင်ရဲ့ တပည့်ဖြစ်သူ ပျူ တင်မိုးရဲ့ အိမ်ဆောက်ဖို့ သယ်ယူနေတာဖြစ်တယ်လို့ ဆိုပါတယ်။

ဆင်ချောင်းကျေးရွာ၊ အုပ်ချုပ်ရေးမှူး ပျူစောထီးခေါင်းဆောင် လင်းထင်ဟာ ရေစကြိုဒေသ သတင်းများဆိုတဲ့ တယ်လီဂရမ် ချန်နယ်မှာ စစ်တပ်အတွက် မဟုတ်မမှန်ဂျင်းသတင်းတွေ​ ရေးသား​ဖြန့်ဝေပေးနေတဲ့သူလည်း ​ဖြစ်တယ်လို့ Southern YSO PDF က အသိပေးထုတ်ပြန်ထားတာ ဖြစ်ပါတယ်။

Leave a Comment

Latest Post

Latest Post