Wednesday, August 5, 2026
Home » စကစ တပ်ကြပ်ကြီးတစ်ဦးကို တောင်သာပကဖ ရဲမေများက လက်နက်နဲ့တကွ အရှင်ဖမ်းမိ

စကစ တပ်ကြပ်ကြီးတစ်ဦးကို တောင်သာပကဖ ရဲမေများက လက်နက်နဲ့တကွ အရှင်ဖမ်းမိ

1 69
69

သတင်း – မင်းသော်

စစ်ကောင်စီတပ်မှ တပ်ကြပ်ကြီးတစ်ဦးကို တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ရဲမေတွေ ဦးဆောင်တဲ့အဖွဲ့က လက်နက်နဲ့တကွ အရှင်ဖမ်းဆီးနိုင်ခဲ့တယ်လို့ တောင်သာပကဖ မှ ထုတ်ပြန်ထားပါတယ်။

၂၀၂၅ခုနှစ်၊ ဇွန်လ၂၂ရက်(ယမန်နေ့) မနက်၉နာရီလောက်မှာ အရပ်ဝတ်အင်္ကျီ၊ အောက်ခံယူနီဖောင်းဝတ်ထားတဲ့ စစ်ကောင်စီတပ်သားတစ်ဦးဟာ မလှိုင်မြို့ပေါ်မှာရှိတဲ့ စားသောက်ဆိုင်
တစ်ဆိုင်အတွင်း မူးယစ်သောက်စားနေတယ်ဆိုတဲ့ သတင်းရရှိတာကြောင့် တောင်သာပကဖမှ ရဲမေတွေဦးဆောင်တဲ့အဖွဲ့က ပျောက်ကြားအသွင်ယူပြီး ကွမ်းယာထွက်ဝယ်ချိန်မှာ ဖမ်းဆီးနိုင်ခဲ့တာဖြစ်တယ်လို့လည်း သိရပါတယ်။

အဆိုပါ တပ်ကြပ်ကြီးဟာ အမှတ်(၁)တပ်မတော် အကြီးစားစက်ရုံမှ တပ်ကြပ်ကြီးအောင်ဝင်းကိုဖြစ်တယ်လို့သိရှိရပြီး ၎င်းနဲ့အတူ MA-1အမျိုးအစား လက်နက်(၁)လက်၊ ၅.၅၆ ၂၅၀ တောင့်တို့ကိုပါရရှိခဲ့တယ်လို့ တောင်သာ ပကဖ မှ ထုတ်ပြန်ထားပါတယ်။

1 comment

888slot June 24, 2026 - 7:37 am

Sau khi cài đặt ứng dụng, mở ứng dụng và chọn “Đăng ký”. 888slot Bạn nên đủ các thông tin yêu cầu bao gồm tên đăng nhập, mật khẩu, địa chỉ email và số điện thoại khi bạn thực hiện đăng ký tài khoản mới. Thông tin chính xác thì quá trình xác minh tài khoản diễn ra thuận lợi. TONY06-22

Reply

Leave a Comment

Latest Post

Latest Post