အမေရိကန်က စစ်ကောင်စီကို ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမယ့် ဥပဒေကြမ်း ၃ ခုကို အမေရိကန်လွှတ်တော်ရေးရာ ကော်မတီတွေက အမေရိကန်စံတော်ချိန် ဇူလိုင်လ ၂၂ရက်(မြန်မာစံတော်ချိန် ၂၃ရက်နေ့)က အတည် ပြုလိုက်တယ်လို့ သိရပါတယ်။
ဥပဒေကြမ်းရဲ့ ပထမအချက်မှာ စစ်ကောင်စီလက်ထဲကို ဘဏ္ဍာရေးရန်ပုံငွေ မရောက်ရှိရေး ဥပဒေကြမ်း No New Burma Funds Act (H.R.4423) ၊ ဒုတိယအချက်အနေနဲ့ မြန်မာစစ်တပ်နဲ့ ဆက်နွယ်နေတဲ့ စီးပွားရေးလုပ်ငန်းတွေကို ပိတ်ဆို့ ဒဏ်ခတ်အရေးယူမဲ့ BRAVE Burma Act (H.R.3190) ဥပဒေကြမ်း၊ တတိယအချက်အနေနဲ့ မြန်မာနိုင်ငံမှာ လူမျိုးတုန်းသတ်ဖြတ်မှုတွေနဲ့ စစ်ရာဇဝတ်မှုတွေအတွက် စစ်ကောင်စီကို အရေးယူဒဏ်ခတ်မဲ့ Burma Genocide Accountability and Protection Act (Burma GAP Act- H.R.4140) ဥပဒေကြမ်း တို့ကို အမေရိကန်အောက်လွှတ်တော်ရေးရာ ကော်မတီတွေက အတည်ပြုလိုက်ခြင်းဖြစ်ပါတယ်။
အမေရိကန်အောက်လွှတ်တော် ကော်မတီတွေက မြန်မာနိုင်ငံဆိုင်ရာ ဥပဒေကြမ်း ၃ ခုကို တစ်ချိန်တည်းမှာ အတည်ပြုလိုက်တာပဲဖြစ်ပါတယ်။
“သတင်းကောင်းပါပဲ။ ဒီနေ့ နေ့လယ်မှာပဲ ငွေကြေး၀န်ဆောင်မှု ကော်မတီက ၅၄မဲနဲ့ ၁၀၀%သဘောတူပြီး Brave Burma Actကို အတည်ပြုလိုက်ပါပြီ”
လို့ Rep. Bill Huizengaက သူ့ရဲ့ Facebook လူမှုကွန်ရက်မှာ တင်ထားပါတယ်။
အဲ့ဒီ ဥပဒေကြမ်း ၃ ခု ဥပဒေအဖြစ် အသက်ဝင်လာရေးအတွက် အောက် လွှတ်တော်နဲ့ အထက်လွှတ်တော်မှာ ဆက်လက် တင်သွင်း ဆုံးဖြတ် အတည်ပြုရမှာဖြစ်ပြီးတော့ ကော်မတီအတွင်း ထောက်ခံသူ ၅၄ဦးနဲ့ ကန့်ကွက်သူ မရှိဘဲနဲ့ ၁၀၀%ထောက်ခံမဲ ရရှိခဲ့တာကြောင့် ဥပဒေအဖြစ် အသက်၀င်လာမှာဖြစ်တယ်လို့ သုံးသပ်ထားကြပါတယ်။
3 comments
Существует множество способов обхода блокировок для доступа к 1xbet
зеркало, 1xbet.
My blog :: https://1xbet-ri1qx.cfd
Ich habe ich bereits etliche Anbieter ausprobiert, doch der Nutzer erkennt
rasch, inwiefern diese Unterschiede im Service wirklich groß sein können. Ich finde kommt es vor allem auf die schnelle Abwicklung aus, da gar nichts anstrengender ist, als unnötig hinsichtlich sein Geld stets zu hoffen. Solch ein weiterer Punkt ist natürlich die Vielfalt sämtlicher
Automaten, wobei ich momentan beim roll dorado casino online echt positive
Momente hinsichtlich der Geschwindigkeit gemacht
konnte. Vor allem sobald man unterwegs spielt, darf die App einfach
laufen, sonst vergeht einem der Spaß bei dieser Unterhaltung.
Was denkt ihr eigentlich, sollte jeder lieber bei den ganz großen Marken verweilen beziehungsweise bieten neue Anbieter meistens die besseren Promos
im Angebot? Für mich denke sicherlich, inwiefern dieses ehrliches Budget beim Zocken vollkommen notwendig bleibt, sodass die Freizeit einfach
nur ein Hobby bleibt. Wie regelt ihr das hinsichtlich der Strategie und welche konkreten Anbieter könnt ihr aktuell
wegen eine coole Session empfehlen?
В условиях блокировок 1xbet зеркало,
1xbet становится отличным решением для доступа к
ресурсу.
my web-site; https://1xbet-sf3wt.click