Monday, July 13, 2026
Home » အမှတ်ပေးဇယားမှာ တတိယနေရာကို ရောက်လာတဲ့ ယူနိုက်တက်

အမှတ်ပေးဇယားမှာ တတိယနေရာကို ရောက်လာတဲ့ ယူနိုက်တက်

0 109
109

မန်ချက်စတာယူနိုက်တက်အသင်းဟာ ခရစ္စတယ်ပဲလေ့စ်ကို ၂-၁ ဂိုးနဲ့ အနိုင်ယူကာ အမှတ်ပေးဇယားမှာ တတိယနေရာကို ရောက်လာခဲ့ပါတယ်။

ဒီနိုင်ပွဲနဲ့အတူ အက်စတွန်ဗီလာအသင်းကို ရမှတ်တူ၊ ဂိုးကွာခြားချက်အသာနဲ့ တတိယနေရာ တက်လှမ်းနိုင်ခဲ့တာပါ။

ယူနိုက်တက်အနေနဲ့ ပွဲအစ သုံးမိနစ်မှာပဲ ပဲလေ့စ်အသင်းက လာခရော့ရဲ့ဦးဆောင်ဂိုး စပေးခဲ့ရပြီး ၅၆ မိနစ်မှာ လာခရော့ တိုက်ရိုက်အနီကတ်နဲ့ အငြင်းပွားဖွယ် ထုတ်ပယ်ခံရကာ ပယ်နယ်တီပါပေးခဲ့ရတာက ပွဲကို အလှည့်အပြောင်း ဖြစ်စေခဲ့တယ်။

အသင်းခေါင်းဆောင် ဘရူနိုဖာနန်ဒက်စ်က ပယ်နယ်တီကနေ ချေပဂိုးသွင်းခဲ့ပြီး ရှက်ရှကိုက အနိုင်ဂိုးသွင်းပေးခဲ့ပါတယ်။

ဖာနန်ဒက်စ်ဟာ ယူနိုက်တက်ကစားသမားဘ၀ ဂိုးဖန်တီးမှု အကြိမ် ၁၀၀ ပြည့်မြောက်ခဲ့ပါတယ်။

ရှက်ရှကိုကတော့ ပရီးမီးယားလိဂ် နောက်ဆုံးသုံးပွဲဆက်တိုက် ဂိုးသွင်းယူနိုင်ခဲ့တာပါ။

၂၀၂၂-၂၃ ရာသီ နည်းပြဟောင်း တန်ဟက်ဂ်ရဲ့ပထမဆုံးရာသီမှာ တတိယနေရာ ရပ်တည်ပြီးနောက် ဒီအဆင့်ကို ပထမဆုံးအကြိမ် ပြန်ရောက်

ခဲ့ပါတယ်။

Photo – Manchester United

Leave a Comment

Latest Post

Latest Post