Monday, October 19, 2026
Home » ဟာလန်းက မန်စီးတီးရဲ့အကောင်းဆုံးတိုက်စစ်မှူးလား

ဟာလန်းက မန်စီးတီးရဲ့အကောင်းဆုံးတိုက်စစ်မှူးလား

0 24
24

နော်ဝေလက်ရွေးစင်တိုက်စစ်မှူး ဟာလန်းက မန်စီးတီးအသင်းသမိုင်းမှာ အကောင်းဆုံးတိုက်စစ်မှူးလားဆိုတဲ့ မေးခွန်းအတွက် အဖြေပေးဖို့ နှစ်ကာလ သိပ်မလိုလောက်တော့ဘူးလို့ပဲ ပြောရပါလိမ့်မယ်။

ဟာလန်းက ပြီးခဲ့တဲ့ PSGနဲ့ပွဲမှာ နှစ်ဂိုးသွင်းကာ အသင်းအတွက် စုစုပေါင်း ချန်ပီယံလိဂ်ဂိုး ၃၈ ဂိုး ရှိလာပြီး အသင်းရဲ့ချန်ပီယံလိဂ်ဂိုးအများဆုံး အဂွဲရိုး(၃၆ ဂိုး)ကို ကျော်ဖြတ်ခဲ့တယ်။

၎င်းဟာ မန်စီးတီးအသင်းအတွက် လေးရာသီကျော်ကာလအတွင်း ပြိုင်ပွဲစုံ ၁၃၆ ဂိုးသွင်းကာ ဂိုးအများဆုံးစာရင်းမှာ နံပါတ် ကိုးနေရာ ရပ်တည်နေပါတယ်။

မန်စီးတီးအသင်းသမိုင်းမှာ အဂွဲရိုးက ဆယ်ရာသီကစားကာ ဂိုးပေါင်း ၂၆၀ နဲ့ ထိပ်ဆုံးရပ်တည်နေတာဖြစ်တယ်။

ဒါပေမဲ့ အဂွဲရိုး မန်စီးတီးမှာ ကစားခဲ့တဲ့ ဆယ်နှစ်တာအတွင်း တစ်ရာသီပျမ်းမျှ ၂၆ ဂိုးပဲရှိခဲ့ပြီး ဟာလန်းက ပြီးခဲ့တဲ့လေးရာသီမှာ ပျမ်းမျှ ၃၁.၅ ဂိုးရှိခဲ့ပါတယ်။

ဟာလန်းအနေနဲ့ လက်ရှိဂိုးသွင်းနှုန်းသာ ဆက်ထိန်းထားနိုင်ရင် အဂွဲရိုးရဲ့မှတ်တမ်းကို နောက်ထပ်လေးရာသီကာလအတွင်း ထပ်မံကျော်ဖြတ်နိုင်ပါလိမ့်မယ်။

ဟာလန်းဟာ ချန်ပီယံလိဂ်မှာ ဂိုး ၆၀ ပြည့်မြောက်ခဲ့ပြီး အသက်ငယ်ဆုံးနဲ့ ပွဲအနည်းဆုံး ပြည့်မြောက်သူလည်း ဖြစ်ခဲ့တယ်။

၎င်းဟာ ဂိုး ၂၀၊ ၃၀၊ ၄၀၊ ၅၀ ပြည့်တွေမှာလည်း ဒီမှတ်တမ်းနှစ်ခုကို တောက်လျှောက် ပိုင်ဆိုင်ခဲ့ပါတယ်။

Leave a Comment

Latest Post

Latest Post