လက်ရှိ တိုက်ပွဲပြင်းထန်နေတဲ့ ရခိုင်ပြည် ကျောက်ဖြူမြို့နယ်မှာ စစ်ဘေးတိမ်းရှောင်သူဦးရေ ၅ သောင်းကျော်အထိ တိုးလာနေတယ်လို့ စစ်ဘေးရှောင်အရေး ကူညီဆောင်ရွက်နေသူတွေက BBM ကို ပြောပါတယ်။
ကျောက်ဖြူမြို့မှာ စစ်ကောင်စီတပ်က အရပ်တွေနေထိုင်တဲ့ ကျေးရွာတွေကို တိုက်ပွဲဖြစ်ပွားတာမရှိဘဲ ရေကြောင်း၊ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ရှိလာနေတာကြောင့် ဒေသခံတွေမှာ ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရတာလည်း ဖြစ်ပါတယ်။
ကျောက်ဖြူမြိုနယ်က မင်းပြင်၊ ရေနံတောင်၊ ကျောက်ကလေး၊ သစ်ပုတ်တောင်၊ စိုင်းခြုံ၊ ကညင်တော၊ ကုလားဘာတောင်၊ ငလပွေ့၊ နှမ်းဖဲတောင်၊ ရှောက်ချောင်းစတဲ့ ကျေးရွာတွေက စစ်ဘေးရှောင် ၅ သောင်းကျော်မှာ AA ထိန်းထားတဲ့နေရာတွေကို စစ်ဘေးတိမ်းရှောင်နေကြရတာလည်း ဖြစ်ပါတယ်။
အဆိုပါ စစ်ဘေးရှောင်တွေဟာ လက်ရှိမှာ နေရာထိုင်ခင်း၊ စားဝတ်နေရေး၊ ကျန်းမာရေးစတဲ့အခက်အခဲတွေကို ရင်ဆိုင်နေရတယ်လို့လည်း ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်အရေးဆောင်ရွက်နေသူတွေက BBM ကို ပြောပါတယ်။
“အခု စစ်ဘေးရှောင်နေကြတဲ့သူတွေမှာ စားဝတ်နေရေးက အရမ်းကို ခက်ခဲနေကြပါတယ်။ စုစုပေါင်း စစ်ဘေးရှောင်ဦးရေဆိုရင် ၅ သောင်းကျော်ရှိလာပါပြီး။ ကျောက်ဖြူက စစ်ဘေးရှောင်တွေဟာ နေရာတစ်ခုတည်းမှာ တိမ်းရှောင်နေတာမဟုတ်ဘဲ နေရာအသီးသီးကို ရောက်သွားကြပါတယ်။ ပိုဆိုးတာက ကျန်းမာရေးအခက်တွေလည်း ရှိကြပါတယ်။ အကူအညီကလည်း သိပ်ရရှိတာမရှိသေးပါဘူး”
လို့ ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်အရေး ဆောင်ရွာက်နေသူ တစ်ဦးက ပြောပါတယ်။ လက်ရှိ ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်တွေမှာ အလုပ်အကိုင်ရှားပါတာ၊ တစ်နေ့လုပ်မှတစ်နေ့စားသောက်ရတာကြောင့် အခက်အခဲတွေရှိနေကြတယ်လို့လည်း သိရပါတယ်။
ငွေကြေးတတ်နိုင်တဲ့ စစ်ဘေးရှောင်တွေဟာ အိမ်ငှားပြီးနေထိုင်နိုင်မဲ့ ငွေကြေးမတတ်နိုင်တဲ့သူတွေမှာ အဝေးကားလမ်းမတွေနဲ့ တောင်ကုန်းတောင်တန်းတွေမှာ တဲထိုးကာနေထိုင်နေကြရတယ်လို့လည်း ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင်တစ်ဦးက BBM ကို ပြောပါတယ်။
“ကျောက်ဖြူက စစ်ဘေးရှောင်တွေဟာ နေရာအသီးသီးကို တိမ်းရှောင်နေရပါတယ်။ အလုပ်အကိုင်ကလည်း မရှိတော့ စားဝတ်နေရေးက ကျပ်တည်းနေပါတယ်။ လူတွေပေးမှ ထမင်းစားသောက်နေကြရတဲ့သူတွေလည်း ရှိပါတယ်။ အကုန်လုံးက ခက်ခဲ့နေကြတာပါ။ ဇင်ချောင်းဖက် အခြမ်းက စစ်ဘေးရှောင်တွေ အကုန်လုံးက စစ်ဘေးရှောင်နေကြရတာဖြစ်ပါတယ်”
လို့ ကျောက်ဖြူမြို့နယ်က စစ်ဘေးရှောင် အမျိုးသမီးတစ်ဦးက ပြောပါတယ်။ ကျောက်ဖြူမြို့မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်းမှာ တိုက်ပွဲစတင်ဖြစ်ပွားခဲ့တာဖြစ်ပြီး လက်ရှိမှာ ၆ လကျော်အထိ ကြာမြင့်နေပြီးလည်း ဖြစ်ပါတယ်။
ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် AA က ကျေးရွာတွေကို အကုန်လုံးကို ထိန်းချုပ်ထားနိုင်တာဖြစ်ပြီး စစ်ကောင်စီတပ်က အဆိုပါကျေးရွာတွေကို ရေကြောင်းကနေ လက်နက်ကြီးတွေနဲ့ နေ့စဥ်နဲ့အမျှပစ်ခတ်တိုက်ခိုက်နေတာ လည်း ဖြစ်ပါတယ်။
ကျောက်ဖြူမြို့နယ်အတွင်းက အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ နေရာတွေကို စစ်ဘေးတိမ်းရှောင်လျှင်လည်း လူတစ်ဦးကို ကားစရိတ်၊ စက်လှေစရိတ်အနေနဲ့ အနည်းဆုံး ငွေကျပ်တစ်သိန်းခွဲကျော် ကုန်ကျမှုတွေရှိတယ်လို့လည်း စစ်ဘေးရှောင်တွေက ဆိုပါတယ်။
တစ်ချို့ကျောက်ဖြူဒေသခံတွေမှာ စစ်ဘေးတိမ်းရှောင်ဖို့အတွက် လမ်းစရိတ်တွေကြီးမားတာကြောင့် မိမိကျေးရွာမှာ စစ်ဘေးမရှောင်ပဲ နေထိုင်နေကြတဲ့သူတွေလည်း များစွာရှိနေတယ်လို့လည်း သိရပါတယ်။
လက်ရှိကျောက်ဖြူမြို့နယ်မှာ အမှတ် ၃၂ ရဲတပ်ရင်းအနီးက နှမ်းဖဲတောင်၊ မင်းတပ်တောင်စတဲ့နေရာအနီးတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားနေတာလည်း ဖြစ်ပါတယ်။
1 comment
xn88 là điểm đến lý tưởng cho những ai đang tìm kiếm sự kết hợp giữa giải trí đỉnh cao và cơ hội sinh lời bền vững. Chúng tôi luôn minh bạch trong việc công bố tỷ lệ thắng cược, giúp người chơi dễ dàng xây dựng chiến thuật cá nhân hiệu quả. TONY06-05