Thursday, August 6, 2026
Home » ကျောက်ဖြူမြို့တိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ဆေးကုသမှုခံယူဖို့အတွက် စစ်တွေမြို့ကို ထပ်မံပို့ဆောင်နေရ

ကျောက်ဖြူမြို့တိုက်ပွဲအတွင်းမှာ ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သားတွေကို ဆေးကုသမှုခံယူဖို့အတွက် စစ်တွေမြို့ကို ထပ်မံပို့ဆောင်နေရ

1 51
51

တရုတ်စီမံကိန်းတွေများစွာရှိတဲ့ ရခိုင်ပြည်၊ ကျောက်ဖြူမြို့တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်ရဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့သူတွေကို စစ်တွေမြို့မှာ ဆေးကုသမှုခံယူဖို့အတွက် ထပ်မံပို့ဆောင်နေရတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၅ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ အမှတ် ၃၂ ရဲတပ်ရင်းအနီး နှမ်းဖဲတောင်၊ မင်းတက်တောင်တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က အကျအဆုံးတွေ များပြားခဲ့တာကြောင့် ထိခိုက်ဒဏ်ရာရရှိတဲ့ စစ်ကောင်စီတပ်သား ရာနဲ့ချီကို စစ်တွေမြို့ကို ဆေးကုသမှုခံယူဖို့အတွက် ပို့ဆောင်လိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။

” နှမ်းဖဲတောင်နဲ့ မင်းတက်တောင်ကို စစ်ကြောင်းထိုးလာတဲ့ စစ်ကြောင်းနဲ့ AA တို့ တိုက်ပွဲတွေ ဖြစ်ကြတော့ စစ်ကောင်စီတပ်က အကျအဆုံးများခဲ့ပြီး ဒဏ်ရာရရှိတဲ့သူ ၁၀၀ ကျော်ကို စစ်တွေကို ပို့ဆောင်လိုက်တာပါ။ အဲဒီလို ဒဏ်ရာရရှိတဲ့အထဲမှာ ဓညဝတီရေတပ်ဌာနချုပ်အနီးက ကျေးရွာတွေမှာ တိုက်ပွဲတွေ ဖြစ်ကြတဲ့ သူတွေလည်း ပါဝင်တယ်လို့ သိရပါတယ်”

လို့ အဆိုပါ ကျောက်ဖြူဒေသခံတစ်ဦးက BBM ကို ပြောပါတယ်။အာရက္ခတပ်တော် AA ဟာ ကျောက်ဖြူမြို့ဝင်ပေါက်ရဲ့ ရှေ့ကာကင်းစခန်းတွေ ဖြစ်ကြတဲ့ ပြိုင်းစေ့ကေ ကာကင်းစခန်းနဲ့ အမှတ် ၃၂ ရဲတပ်ရင်းတို့ကို လက်နက်ကြီးတွေ ပစ်ခတ်တိုက်ခိုက်မှုတွေရှိနေပြီး အဲဒီတပ်ရင်းတွေကနေ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်သားတွေကိုလည်း ဖြတ်တောက် တိုက်ခိုက်မှုတွေရှိနေတယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီတပ်က အကျအဆုံးတွေ များပြားလာနေတာကြောင့် ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၁ ရက်နေ့မှာလည်း စစ်သင်္ဘော ၃ စီးနဲ့ အင်အားဖြည့်တင်းမှုတွေလည်း အဆက်မပြတ်လုပ်ဆောင်လာနေတယ်လို့ သိရပါတယ်။

အဲဒီစစ်အင်အားတွေကို ဓညဝတီရေတပ်ဌာနချုပ်အနီးက ရှေ့ကာကင်းစခန်းတွေဖြစ်တဲ့ ကပ်သပြေကာကင်းစခန်းတွေကို ပို့ဆောင်ထားပြီး လုံခြုံရေးတိုးမြင့်ထားကာ အာရက္ခတပ်တော် AA သိမ်းထားတဲ့နေရာတွေကို ထိုးစစ်ဆင်ဖို့အတွက် ပြင်ဆင်နေတယ်လို့လည်း သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လအတွင်းမှာလည်း ဓညဝတီရေတပ်ဌာနချုပ်၊ ကပ်သပြေကာကင်းစခန်းအနီး တိုက်ပွဲအတွင်းမှာ ဒဏ်ရာရရှိသွားတဲ့ စစ်ကောင်စီရဲ့ ဗိုလ်ကြီးအဆင့်ရှိသူတစ်ဦးနဲ့ တပ်ဖွဲ့ဝင်တစ်ချို့ကို ဆေးကုသမှုခံယူဖို့အတွက် စစ်တွေမြို့ကို စစ်သင်္ဘောတွေနဲ့ ပို့ဆောင်လိုက်ရတယ်လို့လည်း စုံစမ်းသိရှိရပါတယ်။

” ကျောက်ဖြူမြို့ ကုတင် ၂၀၀ ဆံ့တဲ့ ပြည်သူ့ဆေးရုံကြီးမှာလည်း လူနာတွေ ပြည့်နေတယ်လို့ ကြားရပါတယ်။ အရပ်သားတွေနဲ့ စစ်သားတွေအပါအဝင်ပေါ့။ ပြီးတော့ သူတို့ရဲ့တပ်ရင်းတွေမှာလည်း ဆေးကုသဖို့နေရာတွေ မရှိသလောက် ဖြစ်နေကြပြီးလို့ သိရပါတယ်။ အဲတာကြောင့် စစ်တွေမြို့ကို တစ်ခေါက်ပြီးတစ်ခေါက် ပို့ဆောင်နေတာဖြစ်ပါတယ်”

လို့ ကျောက်ဖြူ ဒေသခံတစ်ဦးက ပြောပါတယ်။ စစ်ကောင်စီဟာ ကျောက်ဖြူမြို့မကျရေးအတွက် ရေတပ်အင်အားကို တို့ချဲ့ချထားသလို့ နည်းပညာမြင့် တရုတ်ဒရုန်းစစ်သားတွေ၊ ပြည်သူ့စစ်မှုထမ်း(ပစ)တွေကို ထပ်မံအားဖြည့်ထားပြီး လက်ရှိမှာ AA သိမ်းထားတဲ့နေရာတွေကို ထိုးစစ်ဆင်မှုတွေ အဆက်မပြတ်လုပ်ဆောင်လာနေတာလည်း ဖြစ်ပါတယ်။

အလားတူ ကျောက်ဖြူမြို့ ရေတပ်ဌာနချုပ်အနီးတဝိုက်နဲ့ သံဇစ်မြစ်အတွင်းမှာလည်း စစ်ကောင်စီရဲ့ တိုက်ခိုက်ရေးနေဗီးတွေ စစ်ရေးအရသွားလာလှုပ်ရှားမှုတွေ ရှိသလို့ စစ်တွေမြို့ကလည်း တိုက်ခိုက်ရေးနေဗီးတွေ အတက်အဆင်းပြုလုပ်တာတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ကျောက်ဖြူမြို့မှာ ဓညဝတီရေတပ်ဌာနချုပ်၊ ခလရ ၃၄၊ ခမရ ၅၄၂၊ ခမရ ၅၄၃၊ အမှတ် ၃၂ ရဲတပ်ရင်း၊ တောင်မော်ကြီး ရေတပ်စခန်း၊ အုံးကျွိန်ရေတပ်ဌာနခွဲ တို့ရှိပြီး ရေတပ်အင်အားကောင်းတဲ့မြို့နယ်တစ်ခုဖြစ်တဲ့အပြင် တရုတ်စီမံကိန်းများစွာတည်ရှိနေတဲ့ မြို့တစ်ခုလည်း ဖြစ်ပါတယ်။

1 comment

Skapa ett gratis konto June 10, 2026 - 5:01 pm

I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article. https://accounts.binance.com/en-IN/register/person?ref=A80YTPZ1

Reply

Leave a Comment

Latest Post

Latest Post