Thursday, August 6, 2026
Home » မောင်တောနယ်စပ်မှာ AA နဲ့ ARSA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲပြင်းထန်နေ

မောင်တောနယ်စပ်မှာ AA နဲ့ ARSA လက်နက်ကိုင်အဖွဲ့တို့ တိုက်ပွဲပြင်းထန်နေ

1 77
77

ရခိုင်ပြည်၊ မောင်တောမြို့နယ်စပ် ဘင်္ဂလားဒေ့ရှ်နယ်ခြားစည်းမျဉ်းအနီးမှာ အာရက္ခတပ်တော် AA နဲ့ မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ ARSA တို့အကြား တိုက်ပွဲတွေ ပြင်းထန်နေကြတယ်လို့ မောင်တော ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၆ ရက်နေ့ကစတင်ကာ ARSA မွတ်ဆလင်လက်နက်ကိုင်တပ်ဖွဲ့ဟာ မောင်တောမြို့မြောက်ပိုင်းက အင်းချောင်းကျေးရွာနဲ့ ဒုံးညိုကျေးရွာအနီးက အာရက္ခတပ်တော် AA ရဲ့ လုံခြုံရေးတပ်စခန်းတွေကို တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါတိုက်ခိုက်မှုကြောင့် လက်ရှိမှာ အာရက္ခတပ်တော် AA ကလည်း အင်အားအလုံးအရင်းနဲ့ မောင်တောမြို့ နယ်စပ်တစ်လျှောက်ကို နယ်မြေရှင်းလင်းတွေပြုလုပ်နေပြီး နှစ်ဖက်တိုက်ပွဲတွေမှာလည်း ပြင်းထန်နေကြတယ်လို့ မောင်တောဒေသခံ အမျိုးသမီးတစ်ဦးက BBM ကို ပြောပါတယ်။

“တိုက်ပွဲဖြစ်တာကတော့ အင်းချောင်းကျေးရွာနဲ့ ဒုံးညိုကျေးရွာအနီးအနားတွေ ဖြစ်ကြတယ်ဆိုပြီးတော့ သိရပါတယ်။ ARSA အဖွဲ့က စတင်ပြီးတော့ တိုက်ခိုက်ခဲ့တာလို့ ကြားရပါတယ်။ အာရက္ခတပ်တော် AA ကလည်း အင်အားအလုံးအရင်းနဲ့ စုဖွဲ့ပြီးတော့ ပြန်လည်တိုက်ခိုက်နေပါတယ်” လို့ အဆိုပါအမျိုးသမီးက ပြောပါတယ်။

ARSA မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ဟာ တစ်ဖက်ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာ အခြေစိုက်ပြီး နတ်မြစ်၊ မေယု တောင်တန်းနဲ့ ဝေလာတောင်တန်းတွေမှာ စိမ့်ဝင်လှုပ်ရှားကာ အရပ်ပြည်သူတွေကို ခြုံခိုပစ်ခတ်တာ၊ ဖမ်းဆီးသတ်ဖြတ်တာတွေကို ပြုလုပ်နေတာလည်းဖြစ်ပါတယ်။

ARSA မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ရဲ့ အန္တရာယ်ကြောင့် မောင်တောမြို့နယ်ရှိ ကျေးရွာတွေက ဒေသခံတွေဟာလည်း ဘေးလွတ်ရာနေရာတွေကို တိမ်းရှောင်နေကြရတယ်လို့လည်း မောင်တော ဒေသခံအမျိုးသားတစ်ဦးက ပြောပါတယ်။

“မောင်တောနယ်စပ်မှာတော့ မျိုးနွယ်စုဝင်တွေ နေထိုင်ကြတာပိုများပါတယ်။ အခု ARSA အန္တရာယ် ကြောင့် သူတို့တွေမှာ ဘေးလွတ်ရာနေရာတွေကို ထွက်ပြေးနေကြရတယ်လို့ သိရပါတယ်။ မြို မျိုးနွယ်စုဝင်တွေ အများအပြားထွက်ပြေးနေကြရတာဖြစ်ပါတယ်”

လို့ မောင်တောဒေသခံအမျိုးသား တစ်ဦးကပြောပါတယ်။ လက်ရှိ မောင်တောမြောက်ပိုင်းက နယ်စပ်တစ်လျှောက်မှာ မွတ်ဆလင်လက်ကိုင်အဖွဲ့တွေဟာ လှုပ်ရှားမှုတွေပိုမိုများလာပြီးတော့ တိုက်ပွဲတွေမှာလည်း အရင်ကထက်ဖြစ်ပွားမှုတွေ ရှိနေတာကြောင့် မောင်တောမြို့နယ်က ကုန်သည်တွေမှာလည်း မကြာခဏဆိုသလို သတ်ဖြတ်ခံရမှုတွေ ရှိနေတယ်လို့လည်း သိရပါတယ်။

ARSA ၊ RSO မွတ်ဆလင်လက်နက်ကိုင်အဖွဲ့တွေရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေဟာ အာရက္ခပြည် – ဘင်္ဂလားဒေ့ရှ်နယ်စပ်ဒေသမှာ နေထိုင်ကြတဲ့ အပြစ်မဲ့အာရက္ခမိဘပြည်သူတွေရဲ့ အသက်အိုးအိမ်၊ စည်းစိမ်တွေကို ခြိမ်းခြောက်နေတာကြောင့် လုံခြုံရေးအရ သတိထားရမဲ့ အချိန်ကာလတစ်ခုဖြစ်တယ်လို့လည်း အာရက္ခတပ်တော် AA က ပြီးခဲ့တဲ့ စက်တင်ဘာလ ၁၉ ရက်နေ့က သတိပေးထုတ်ပြန်ထားပါတယ်။

မောင်တောနယ်စပ်တစ်လျှောက်မှာ စိမ့်ဝင်ကာ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေတဲ့ ARSA ၊ RSO မွတ်ဆလင်လက်နက်ကိုင်အဖွဲ့ရဲ့ အန္တရာယ်ကို ကာကွယ်နိုင်ဖို့အတွက် ULA ၊ AA အနေနဲ့လည်း လုံခြုံရေးကို အထူးတိုးမြင့်ကာ လုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ AA က ပြောဆိုထားပါတယ်။

1 comment

cricify download August 3, 2026 - 12:36 pm

Mình thấy cricify download phù hợp cho ai thích giao diện đơn giản. TONY08-03

Reply

Leave a Comment

Latest Post

Latest Post