ကိုးကား – Bangkok Post
အကျပ်အတည်းများနှင့်ရင်ဆိုင်နေရသည့် ဝန်ကြီးချုပ် ပေတုန်တန် ရှင်န၀တ်ထရာ သည် ပါလီမန်မှ နှုတ်ထွက် သို့မဟုတ် ဖျက်သိမ်းမည်မဟုတ်ကြောင်း သူမ၏ ဖူးထိုင်းပါတီမှ အကြီးတန်းအရာရှိတစ်ဦးက ဇွန်လ ၂၁ရက် စနေနေ့က ပြောကြားခဲ့သည်။
ဘတ်ဂျက်ဥပဒေကြမ်း အတည်ပြုပြီးနောက် မစ္စ Paetongtarn သည် ညွန့်ပေါင်းပါတီများမှ နှုတ်ထွက်ရန် သို့မဟုတ် ဖျက်သိမ်းရန် အဆိုပြုချက်များကို လက်ခံမည်ဟု ထင်ကြေးပေးခြင်းမှာ လုံးဝမှန်ကန်မှုမရှိကြောင်း ပါတီအထွေထွေအတွင်းရေးမှူး ဆိုရာ၀မ် တိန်တောင် က Facebook တွင် ရေးသားခဲ့သည်။
ထိုင်း၀န်ကြီးချုပ် ပေတုန်တန်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နှင့် ထိုင်းစစ်တပ်ကို မကောင်းကြောင်းပြောနေသည့် ဖုန်းခေါ်ဆိုမှု ပေါက်ကြားလာပြီးနောက် ရာထူးမှ ဖယ်ရှားပေးရန် လူထု၏တောင်းဆိုဆန္ဒပြမှုများ မြင့်တက်လာခဲ့သည်။
ခရီးသွားနှင့် အားကစားဝန်ကြီးလည်းဖြစ်သည့် မစ္စတာ ဆိုရာဝမ်သည် အိမ်နီးချင်း ကမ္ဘောဒီးယားနှင့် နယ်နိမိတ်အငြင်းပွားမှုကို လွဲမှားစွာကိုင်တွယ်ခြင်းအတွက် ဝန်ကြီးချုပ်ရာထူးမှနုတ်ထွက်ရန် တောင်းဆိုမှုများကို တုံ့ပြန်ခဲ့သည်။
“ဝန်ကြီးချုပ်က လက်ရှိရင်ဆိုင်နေရတဲ့ နိုင်ငံရေး
အကျပ်အတည်းတွေကို ဖြေရှင်းရာမှာ သူ့ရဲ့တာဝန်တွေကို အပြည့်အ၀ ဆက်လက်ထမ်းဆောင်သွားမယ်လို့ အခိုင်အမာ ပြောကြားထားပါတယ်” ဟု မစ္စတာ ဆိုရာ၀မ်က ပြောကြားခဲ့သည်။
မစ္စ ပေတုန်တန် သည် ပေါက်ကြားလာသည့် ဖုန်းခေါ်ဆိုမှုအတွက် တောင်းပန်ရန် အမျိုးသား စည်းလုံးညီညွတ်ရေးကို တောင်းဆိုခြင်းဖြင့် လူအများ၏ ဒေါသကို ဖြေလျှော့ရန် ကြိုးပမ်းခဲ့သော်လည်း သူမ၏ ပြိုင်ဘက်များက သူမအား ဖယ်ရှားရန်အတွက် လမ်းပေါ်ထွက် ဆန္ဒပြမှုများ အရှိန်မြှင့်မည်ဟု ခြိမ်းခြောက်ခဲ့သည်။
ဇွန်လ၂၀ရက် သောကြာနေ့တွင် သူမသည် ကမ္ဘောဒီးယားနှင့် ပဋိပက္ခတွင် ပါဝင်ပတ်သက်နေသော စစ်သားများကို ထောက်ခံကြောင်း ပြသရန်အတွက် နယ်စပ်စခန်းတစ်ခုရှိ တပ်ဖွဲ့ဝင်များထံသို့ သွားရောက်ခဲ့သည်။
ယခုအခါ မစ္စပေတုန်တန်၏ အစိုးရအဖွဲ့သည် ထိုင်း-ကမ္ဘောဒီးယား နယ်စပ်ပြဿနာကို ဖြေရှင်းရန် အာရုံစိုက်နေပြီး သံတမန်ရေးရာနှင့် လုံခြုံရေး နှစ်ဖက်စလုံးတွင် ပြင်းထန်သော တန်ပြန်အရေးယူမှုများ လုပ်ဆောင်လျက်ရှိသည်။
တစ်ဖက်တွင်လည်း အမေရိကန်၏ စည်းကြပ်ခွန် ခြိမ်းခြောက်မှုများကို ဖြေရှင်းရန် စေ့စပ်ညှိနှိုင်းမှုများကို အလေးအနက်ထား ဆောင်ရွက်နေကြောင်း မစ္စတာ ဆိုရာ၀မ် မှ ပြောကြားခဲ့သည်။
ယခုအခါ ဖူထိုင်း ဦးဆောင်သော အဖွဲ့ဝင် ၄၉၅ဦးပါ ညွန့်ပေါင်းအစိုးရအဖွဲ့သည် အောက်လွှတ်တော်တွင် ထိုင်ခုံ ၂၅၅ နေရာ ရရှိထားသည်။
1 comment
Hello, its pleasant post concerning medіa print,
we all understand media is a impressive source of facts.
Here is my blog post – trading platform