Monday, July 13, 2026
Home » အတက်အကျများလွန်းတဲ့ ရှမ်းပြည်တပ်မတော် – အပိုင်း (၂)

အတက်အကျများလွန်းတဲ့ ရှမ်းပြည်တပ်မတော် – အပိုင်း (၂)

1 63
63

ကွန်မြူနစ်များကို ဆန့်ကျင်တိုက်ခိုက်ရန်ရည်ရွက်ချက်ဖြင့် မြန်မာစစ်တပ်က ခွန်ဆာ ဦးဆောင်သော လွယ်မော် ကာကွယ်ရေးပြည်သူ့စစ်အဖွဲ့ကို ၁၉၆၆ ခုနှစ်တွင် ဖွဲ့စည်းခွင့်ပေးခဲ့သည်။ ၁၉၇၀ ပြည့်လွန်နှစ်များမှာတော့ ရှမ်း အမျိုးသားရေးခံယူချက်ကိုထင်ဟပ်စေရန် ခွန်ဆာ သည် ၎င်း၏တပ်ဖွဲ့အား SUA – Shan United Army ဟုအမည် ပြောင်းလဲခဲ့ပြီး မြန်မာအစိုးရကိုလည်း ပုန်ကန်ခဲ့လေသည်။ ထိုအချိန်ကစပြီး အင်အားထောင်ချီတိုးပွားလာခဲ့သော SUA သည် ၁၉၈၅ ခုနှစ်မှာတော့ ထိုင်းနိုင်ငံနယ်စပ်ရှိ အင်အား ၃၀၀၀ နီးပါးရှိသော မိုးဟိန်း ၏ SURA ၊ အင်အား ၅၀၀ ခန့်ရှိသော ရှမ်းပြည်တောင်ပိုင်းရှိ ဗိုလ်မှူးကြီးစမ်းမိုင် ဦးစီးသည့် SSPP / SSA တို့နှင့်ပူးပေါင်းကာ MTA – Mong Tai Army ကိုဖွဲ့စည်းခဲ့သည်။

ခွန်ဆာ ဦးဆောင်သော MTA တပ်ဖွဲ့ဝင်အချို့ နဝတ အစိုးရထံလက်နက်ချခဲ့ပြီးနောက် အဆင့်မြင့်ခေါင်းဆောင်ကြီး များ၏လိုအပ်ချက်ကို နဝတ အစိုးရ ကဖြည့်ဆည်းပေးခဲ့သော်လည်း စစ်မျက်နှာအသီးသီးသို့ ပြန့်ကြဲရောက်ရှိနေ သော MTA တပ်သားများ ၊ လူမှုရေးဆိုင်ရာအခက်အခဲများနှင့် မျက်နှာချင်းဆိုင်နေရသော ရှမ်းစစ်သားများ နှင့် မိသားစုဝင်များ ၊ သာမန်ပြည်သူများကျွမ်းကျင်တတ်မြောက်သည့် အသက်မွေးဝမ်းကျောင်းမှုဆိုင်ရာ ပညာရပ် ချို့တဲ့နေကြသည့် ရှမ်းစစ်သားများ၏ မိသားစုဝင်များအဖို့ကတော့ အရာရာတိုင်းက မလွယ်ကူခဲ့ပါ။ ၎င်းတို့အတွက် ပြန်လည်ထူထောင်ရေးအစီအစဥ်များလည်း မရှိခဲ့ပါ။

ပြိုကွဲမှုများဆက်တိုက်ဖြစ်ပွားခဲ့ပြီးနောက် ခွန်ဆာ လက်နက်ချသည်ကိုလက်မခံသော စဝ်ရွက်ဆစ် ဦးစီးသည့် အင်အား ၃၀၀ နီးပါးသည် သံလွင်အနောက်ခြမ်းသို့ကူးပြီး (ယခင် ၁၉၆၉ ခုနှစ် ဇန်နဝါရီလတွင် မိုးဟိန်း ထူ ထောာင်ခဲ့သော SURA – Shan United Revolutionary Army) အမည်ကို ဆက်လက်ခံယူကာ SSA – S (ရှမ်းပြည် တပ်မတော် – တောင်ပိုင်း)ကို ပြန်လည်ဖွဲ့စည်းခဲ့သည်။ ခွန်ဆာနှင့်အတူ နဝတ အစိုးထံလက်နက်ချခဲ့သူတချို့ လည်း စဝ်ရွက်ဆစ်နှင့်ပြန်လည်ပူးပေါင်းလာကြသဖြင့် အချိန်တိုအတွင်း ပြန်လည်အင်အားကောင်းလာခဲ့သည်။ အချိန်တိုအတွင်းမှာပင် ရှမ်းပြည်တောင်ပိုင်းနှင့် အနောက်တောင်ပိုင်းတို့တွင် SSA – S ကို ဖွဲ့စည်းနိုင်ခဲ့သည်။

ရှမ်းပြည်တောင်ပိုင်းတွင်ပြန်လည်လှုပ်ရှားနေသည့် စဝ်ရွက်ဆစ်၏တပ်များအား မြန်မာစစ်တပ်က ၁၉၉၆ ၊ ၁၉၉၇ ၊ ၁၉၉၈ ခုနှစ်များအတွင်း ဖြတ်လေးဖြတ်စီမံကိန်းဖြင့် အပြင်းအထန်ဖြိုခွင်းခဲ့လေသည်။ မြန်မာစစ်တပ်၏ ပြင်းထန် သောထိုးစစ်များကြောင့် စစ်ဘေးဒုက္ခသည်အများအပြား ထိုင်းနိုင်ငံသို့ထွက်ပြေးခဲ့ရသည်။ ရှမ်းလူထုကြား အမျိုး သားရေးစိတ်ဓာတ်မြင့်တက်ခဲ့ပြီး စဝ်ရွက်ဆစ်ခေါင်းဆောင်သော SSA – S ကို လူထုထောက်ခံမှုမြင့်မားလာခဲ့သည်။

ခွန်ဆာလက်နက်ချပြီးနောက်ပိုင်း ထိုင်းနယ်စပ်တွင် UWSA အင်အားကောင်းလာခဲ့သလို ယင်းကိုလည်း ထိုင်းက သဘောကျပုံမပေါ်ပေ။ ထို့ကြောင့်လည်း စဝ်ရွက်ဆစ် ကို ထိုင်းနိုင်ငံက ထောက်ခံအားပေးခဲ့ပုံပေါ်သည်။ ၁၉၉၈ ခုနှစ်ကုန်ပိုင်းမှာတော့ SSA – S တပ်များ သံလွင်အရှေ့ခြမ်းသို့ ပြန်ကူးလာခဲ့ပြီး ထိုင်းနယ်စပ် လွယ်တိုင်းလျံတွင် အခြေစိုက်ခဲ့သည်။

တစ်ချိန်တည်းမှာပဲ စဝ်ရွက်ဆစ် က SSPP ၊ SSNA စသည့် ရှမ်းလက်နက်ကိုင်အဖွဲ့အစည်းများအားလုံး တော်လှန် ရေးအလံတစ်ခုတည်းအောက်တွင်စည်းလုံးနိုင်ရန် ကြိုးပမ်းခဲ့သည်။ ဆွေးနွေးမှုများအတွင်း ကြီးမားလာသောအကြံ ပြုချက်က ရှမ်းပြည်နယ်ကို နယ်မြေခွဲဝေသတ်မှတ်ရေးဖြစ်ပြီး SSPP ကမြောက်ပိုင်းကိုထိန်းချုပ်ရန် ၊ SURA က တောင်ပိုင်းကိုထိန်းချုပ်ရန်ဖြစ်သည်။ သို့သော် အဆုံးသတ်မှာတော့ မည်သည့်ဆုံးဖြတ်ချက်ကိုမျှ မချမှတ်နိုင်ခဲ့ပေ။

ရှမ်းတိုင်းရင်းသားအင်အားစုများ၏ စည်းလုံးညီညွတ်မှုကိုတားဆီးရန်ရည်ရွယ်သည့် မြန်မာစစ်တပ်၏ ကြီးမားသော ထိုးစစ်များကြောင့်လည်း ရှမ်းတော်လှန်ရေး ပြန်လည်ရှင်သန်ရန်အစီအစဥ်များ ပျက်ပြားသွားခဲ့ရသည်။ ထို့နောက် မှာတော့ ရှမ်းသမိုင်း၏အမှောင်ဖုံးကာလများ ရောက်ရှိလာခဲ့တော့သည်။ မြန်မာစစ်တပ်သည် ၁၉၉၆ – ၁၉၉၇ ခုနှစ် ကာလများအတွင်း ရှမ်းပြည်နယ်အလယ်ပိုင်းရှိ ကွန်ဟိန်းနှင့်မိုင်းပန်မြို့များတွင် ဖြတ်လေးဖြတ်စစ်ဆင်ရေးဖြင့် ကျေးရွာပေါင်း ၂၀၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့သည်။ လူပေါင်း ၃၀၀၀၀၀ ကျော် နေအိမ်များဆုံးရှုံးခဲ့ကြရပြီး ထိုင်း နိုင်ငံသို့ထွက်ပြေးခဲ့ကြရသည်။

ထိုဖြစ်ရပ်များနှင့်ပတ်သက်ပြီး နိုင်ငံတကာအသိုင်းအဝိုင်းက အနည်းငယ်မျှသာဖော်ပြခဲ့ကြသည်။ မည်သည့် ကမ္ဘာ့ သတင်းစာကြီးများ၏ ခေါင်းကြီးပိုင်းတွင်မျှ မဖော်ပြခဲ့ကြသလို ဒုက္ခရောက်နေကြသောပြည်သူများအတွက်လည်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီများ ရောက်မလာခဲ့ပါ။ သို့သော်လည်း မြန်မာစစ်တပ်၏ ထိုးစစ်များက ရှမ်းအမျိုးသားရေးစိတ်ဓာတ်ကို နိုးကြားလာစေခဲ့သည်။ MTA လက်နက်ချပြီး အဖွဲ့အစည်းပြိုကွဲပြီး နောက်ပိုင်း မိမိကိုယ်မိမိမကာကွယ်နိုင်သောကြောင့် ရှမ်းပြည်နယ်ကို မြန်မာစစ်တပ်က ယခုကဲ့သို့ ပြင်းပြင်းထန် ထန်နှိမ်နင်းခြင်းဖြစ်သည်ဟု ရှမ်းတော်လှန်ရေးသမားများကော ဒေသခံပြည်သူများကပါ ယုံကြည်ခဲ့ကြသည်။ လက်နက်မရှိရင် အနိုင်ကျင့်ခံရမယ်ဆိုသောခံယူချက်အပေါ် ရှမ်းပြည်သူလူထုက ပိုပြီးယုံကြည်လာခဲ့သည်။

ရှမ်းနိုင်ငံရေးလောကတွင်လည်း လှုပ်လှုပ်ရွရွဖြစ်လာခဲ့သည်။ ၁၉၉၇ ခုနှစ်တွင် စစ်အစိုးရက နဝတ မှ နအဖ အဖြစ် ပြောင်းလဲခဲ့သော်လည်း မတူကွဲပြားသော ရှမ်းတော်လှန်ရေးလှုပ်ရှားမှုများကို ဆက်လက်ဖိအားပေးခဲ့လေသည်။ မြန်မာစစ်တပ်နှင့်အပစ်အခတ်ရပ်စဲထားသော SSNA သည် ရှမ်းပြည်မြောက်ပိုင်း သီပေါမြို့အနီးတွင် ဌာနချုပ် စခန်းဖွင့်လှစ်ပြီး ရှမ်းပြည်မြောက်ပိုင်းအနှံ့ တပ်ဖြန့်ထားခဲ့သည်။ စဝ်ကမ်းရွဲ ကွယ်လွန်ပြီးနောက်ပိုင်း SSNA ကို လက်နက်ချပြီး ပြည်သူ့စစ်အဖြစ်ခံယူရန် မြန်မာစစ်တပ်က ဖိအားပေးလာခဲ့သည်။ အလားတူပင် နဝတ – နအဖ လက်ထက် နယ်မြေများဆုံးရှုံးထားသော SSPP ကိုလည်း မြန်မာစစ်တပ်က ဖိအားပေးလာခဲ့ပြန်သည်။

၂၀၀၅ ခုနှစ်မှာတော့ SSNA ၏ဌာနချုပ်ကို မြန်မာစစ်တပ်က ဝင်ရောက်တိုက်ခိုက်ရန်ကြံစည်သည့်ကိစ္စများ ဖြစ်လာ ခဲ့သည်။ ၎င်းကိုတုံ့ပြန်သည့်အနေဖြင့် SSNA ၏ ဗိုလ်မှူးစိုင်းယီ ခေါင်းဆောင်သောတပ်ဖွဲ့ဝင်များ ရှမ်းပြည်နယ် တောင်ပိုင်းသို့ ပြန်လည်ဆုတ်ခွာလာခဲ့ကြပြီး မြန်မာစစ်တပ်နှင့် အပစ်အခတ်ရပ်စဲရေးသည်လည်း ပြိုကွဲသွားလေ တော့သည်။ ထို့နောက်မှာတော့ သမိုင်းကြောင်းအရ ရှမ်းပြည်မြောက်ပိုင်းတွင်တည်ရှိခဲ့သော SSNA အကြွင်း အကျန်များ ထိုင်းနိုင်ငံနယ်စပ်ရှိ စဝ်ရွက်ဆစ်၏ RCSS နှင့်ပူးပေါင်းခဲ့တော့သည်။

သို့သော်လည်း နိုင်ငံရေးနှင့် လုံခြုံရေးဆိုင်ရာအခြေအနေများကတော့ ရှုပ်ထွေးလျက်ပင်ရှိခဲ့၏။ ထိုအချိန်ကာလက ရှမ်းပြည်နယ်၏ အဓိက EAO များဖြစ်ကြသည့် အပစ်အခတ်ရပ်စဲထားသော SSPP နှင့် အပစ်အခတ်ရပ်စဲထားခြင်း မရှိသော RCSS တို့စိုးမိုးထားသော ရှမ်းပြည်နယ်၏နယ်မြေအသီးသီးတွင် ပြည်သူ့စစ်အဖွဲ့များအချင်းချင်း လက်ဝါး ချင်းရိုက်ပြီး ညှိနှိုင်းဆောင်ရွက်မှုများလည်း ရှိခဲ့ပါသည်။ ၁၉၉၉ ခုနှစ်တွင် SURA ကနေ RCSS အဖြစ် နာမည်ပြောင်း လဲခဲ့လေသည်။ ထိုအချိန်ကစပြီး ရှမ်းပြည်နယ်တွင် ရှမ်းပြည်တပ်မတော် – မြောက်ပိုင်း (SSPP) နှင့် ရှမ်းပြည်တပ် မတော် –  တောင်ပိုင်း (RCSS) ဟူ၍ လူသိများထင်ရှားလာခဲ့တော့သည်။

ဆောင်းပါးရေးသားသူ – ဘုန်းမောင်

Ref:TNI, U Maung Maung Soe’s Articles

1 comment

slot365 - Trang Chủ Chính Thức của Nhà Cái Casino Trực Tuyến Việt Nam June 10, 2026 - 7:04 am

Sản phẩm xanh chín tiếp theo nhất định không nên bỏ qua khi cùng slot365 – Trang Chủ Chính Thức của Nhà Cái Casino Trực Tuyến Việt Nam đăng nhập vào đó chính là xổ số lô đề trực tuyến. Ngoài phiên bản truyền thống quen thuộc, sảnh chơi này còn đưa tới nhiều hình thức mới lạ khác để anh em tha hồ trải nghiệm, có thể kể đến như lô đề, keno, quay số,…..Mỗi tựa game sẽ có cách chơi khác nhau, nhưng đừng lo vì tất cả đều có hướng dẫn chi tiết cho người chơi trước khi chinh phục. TONY06-05

Reply

Leave a Comment

Latest Post

Latest Post