မန္ဆလေးတိုင်း၊ မိုးကုတ်မြို့ကို စစ်ကောင်စီက ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်၄လုံး ပျက်စီးသွားပြီး မစိုးရိမ်ရတဲ့ ထိခိုက်ဒဏ်ရာရရှိတဲ့သူ ၁ယောက် ရှိတယ်လို့ သတင်းရင်းမြစ်၁ဦးက BBM ကိုပြောပါတယ်။
ဩဂုတ်လ ၂၅ရက်၊ည ၁၀နာရီ ၅၅မိနစ်အချိန်ခန့်က မိုးကုတ်မြို့ အရှေ့ပိုင်း၊ စည်ပင်သာယာ ဂေါ်ရခါးဘုရားကျောင်းအနီး စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် လူနေအိမ်၄လုံးပျက်စီးသွာပြီး မစိုးရိမ်ရ ထိခိုက်ဒဏ်ရာ ရရှိတဲ့သူ ၁ယောက်ရှိတယ်လို့ သိရပါတယ်။
“မနေ့ည ၁၁နာရီ၀န်းကျင်လောက်က ဂျက်ဖိုက်တာနဲ့ ကြဲသွားတာ။ ဂေါ်ရခါးဘုရားကျောင်းနားက ခြံထဲကို ကျတယ်။ ”
လို့ သတင်းရင်းမြစ်တစ်ဦးက BBMကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လ ၁၈ရက်နေ့ကလည်း စစ်ကောင်စီက ကျပ်ပြင်ဈေးနားကို ဗုံး၂လုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ၁ဦး ထပ်မံထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသေးတယ်။
စစ်ကောင်စီဟာ ဩဂုတ်လ တစ်လထဲအတွင်း ၁ရက်နေ့မှ ၂၅ရက်နေ့အထိ လေကြောင်းတိုက်ခိုက်မှု ၅ကြိမ်ပြုလုပ်ခဲ့ပြီးတော့ ပြည်သူ ၃၈ဦးထက်မနည်းသေဆုံးကာ ၆၀ကျော် ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရှိရပါတယ်။
စစ်ကောင်စီဟာ လက်ရှိမှာ စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ၆၃မြို့နယ်ကို လေကြောင်းကနေ ခပ်စိတ်စိတ် ဗုံးကြဲတိုက်ခိုက်လာနေတာဖြစ်ပြီးတော့ မိုးကုတ်၊ ရှမ်းမြောက်ကို အဓိကထားကြဲနေပြီး အခုဆို ရခိုင်ဘက်ကိုပါ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်ဆောင်လာနေတာပဲဖြစ်ပါတယ်။
Video-Local Resident
#BBM#News#UpdateNews#Airstrike#Junta
1 comment
Tôi rất thích những chia sẻ thực tế như thế này xn88. com TONY06-25