Monday, October 12, 2026
Home » နောင်ချိုမှာ စစ်တပ်က စစ်မှုထမ်းအတွက်ဒေသခံတွေရဲ့ လူစာရင်း၊ ဧည့်စာရင်း ကောက်ယူစစ်ဆေးမှုတွေစတင်ပြုလုပ်

နောင်ချိုမှာ စစ်တပ်က စစ်မှုထမ်းအတွက်ဒေသခံတွေရဲ့ လူစာရင်း၊ ဧည့်စာရင်း ကောက်ယူစစ်ဆေးမှုတွေစတင်ပြုလုပ်

2 63
63

🟥နောင်ချိုမြို့မှ စစ်ဘေးရှောင်ပြီး ပြန်မလာသေးသူများကိုလည်း ဆက်သွယ်ပြီးပြန်ခေါ်ခိုင်း

ရှမ်းပြည်နယ်မြောက်ပိုင်း နောင်ချိုမြို့နယ်မှာ စစ်ကောင်စီက ဒေသခံပြည်သူတွေရဲ့ အိမ်ထောင်စုစာရင်းနဲ့ ဧည့်စာရင်းများကို စစ်ဆေးပြီးမှတ်တမ်းတင်နေတာတွေစတင်ပြုလုပ်နေပြီလို့သိရပါတယ်။

နောင်ချိုမြို့နယ်ကို ၁၀၂၇ စစ်ဆင်ရေးအတွင်း TNLAနဲ့ မဟာမိတ်တော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းပိုက်ခဲ့တာဖြစ်ပြီး စစ်တပ်ဘက်မှလည်း ပြန်လည်ထိုးစစ်ဆင်မှုကြောင့် ၂၀၂၅ခုနှစ် ဇူလိုင်လမှာ လက်လွှတ်ခဲ့ရပါတယ်။

နောင်ချိုမြို့နယ်ကို ရရှိပြီးတဲ့နောက် စစ်တပ်အနေဖြင့် တော်လှန်ရေးအင်အားစုတွေနဲ့ ဆက်နွယ်သူလို့ ၎င်းတို့ယူဆသူတွေရဲ့ ပိုင်ဆိုင်မှုအချို့ကို ချိပ်ပိတ်တာတွေဦးစွာ ပြုလုပ်ခဲ့ပြီး အခုအခါမှာတော့ ဒေသခံပြည်သူတွေရဲ့စာရင်းတွေကိုကောက်ယူတာ ထပ်မံပြုလုပ်လာတယ်လို့သိရပါတယ်။

“နောင်ချို မှာ လူစာရင်း ဧည့်စာရင်းကောက်နေတာတွေစနေပြီ၊ ရွေးကောက်ပွဲ အတွက်ရည်ရွယ်ပုံရပါတယ်”

ဟု ဒေသခံ တစ်ဦးမှBBM ကိုပြောပါတယ်။ ဒါ့အပြင် ဒေသခံတွေရဲ့ လူဦးရေအချက်အလက်၊ လူစာရင်း၊ ဧည့်စာရင်းများကို စစ်ဆေးပြီးနောက် စစ်ရှောင်သွားပြီး ပြန်မလာသေးတဲ့ ဒေသခံတွေကိုလည်း နီးစပ်ရာဆက်သွယ်ကာ ပြန်လည်နေထိုင်ဖို့ ခေါ်ခိုင်းနေတယ်လို့ အဆိုပါဒေသခံမှဆက်ပြောပါတယ်။

“ပြန်မလာသေးတဲ့သူခေါ်ခိုင်းသလို လာပြီးသားလူကို စာရင်းတစ်ခါတည်းယူထားတာမျိုးလုပ်ပါတယ်၊ ရွေးကောက်ပွဲအတွက်ကော ၊ စစ်မှုထမ်းအတွက်ကော တစ်ခါတည်း စာရင်းလုပ်နေသလိုပေါ့”

စစ်ကောင်စီအနေနဲ့ လာမဲ့ဒီဇင်ဘာလအတွင်း ရွေးကောက်ပွဲပြုလုပ်မယ်လို့ တရားဝင်ကြေငြာပြီးတဲ့နောက် ဆုံးရှုံးသွားတဲ့နယ်မြေတွေကို ထိုးစစ်ဆင်တာတွေပိုမိုပြုလုပ်လာသလို မဲစာရင်းအတွက် ကြိုတင်ပြင်ဆင်မှုတွေလည်း ဆက်တိုက်ပြုလုပ်နေတယ်လို့ သိရပါတယ်။

2 comments

SLOT365 June 24, 2026 - 7:43 am

Sảnh Casino tại SLOT365 quy tụ những tựa game hot nhất như Baccarat, Roulette và Tài Xỉu với dealer nóng bỏng. Trải nghiệm ngay cảm giác như tại Las Vegas. TONY06-22

Reply
888slot store June 25, 2026 - 11:45 am

Sau vài lần trải nghiệm 888slot store , mình thấy tốc độ phản hồi ổn định và ít bị giật lag. TONY06-25

Reply

Leave a Comment

Latest Post

Latest Post