Wednesday, October 14, 2026
Home » ကျောက်ဖြူမှာ စစ်ကောင်စီရေတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရ

ကျောက်ဖြူမှာ စစ်ကောင်စီရေတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံတစ်ဦး ထိခိုက်ဒဏ်ရာရ

ရခိုင်ပြည်၊ ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီရေတပ်က လက်နက်ကြီးပစ်ခတ်မှုကြောင့် ဒေသခံအရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာရရှိသွားတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၇ ရက်နေ့၊ ညနေ ၇ နာရီ ကျော် အချိန်မှာ ဇင်ချောင်းရွာ ပင်လယ်ပြင်မှာ စစ်ရေးအရလှုပ်ရှားသွားလာနေတဲ့ စစ်ကောင်စီရေတပ် တစ်စီးဟာ ဇင်ချောင်းကုန်းဘောင်ကြီးကျေးရွာကို လက်နက်ကြီး ၂ လုံး ပစ်ခတ်ခဲ့တယ်လို့ ကျောက်ဖြူဒေသခံတစ်ဦးက ပြောပါတယ်။

အဆိုပါ စစ်ကောင်စီရေတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ၂ လုံးဟာ ဇင်ချောင်းကုန်းဘောင်ကြီးကျေးရွာအနီးအနားမှာ ၁ လုံးနဲ့ ဇင်ချောင်းကုန်းဘောင်ကြီးကျေးရွာမှာ နေထိုင်နေတဲ့ ဦးမင်းမင်းကြီး (၅၁) နှစ် နေအိမ်နောက်ဖက်မှာ ၁ လုံးကျရောက်ပေါက်ကွဲခဲ့ပြီး ဦမင်းမင်းကြီး (၅၁) နှစ်မှာလည်း ထိခိုက်ဒဏ်ရာရှိသွားတယ်လို့ သိရပါတယ်။

“ကျောက်ဖြူမြို့နယ်တွေမှာတော့ စစ်ကောင်စီက နေဗီတွေ သွားလာမှုတွေ အမြဲတမ်းရှိပါတယ်။ နေဗီတွေကလည်း အရပ်သားတွေ နေတဲ့ကျေးရွာတွေကို ပစ်ခတ်မှုတွေရှိပါတယ်။ အခုလည်း အဲဒီနေဗီတွေက ပစ်ခတ်လို့ အရပ်သားတစ်ဦး ထိခိုက်ဒဏ်ရာ ရလားပါတယ်”

လို့ ကျောက်ဖြူဒေသခံတစ်ဦးက ပြောပါတယ်။ လက်နက်ကြီးကျရောက်ပေါက်မှုကြောင့် ဦးမင်းမင်းကြီး (၅၁) နှစ်မှာ ဦးခေါင်းနဲ့ ဘယ်ဖက်တင်ပါးမှာ လက်နက်ကြီး ကျည်စတွေထိမှန်ပြီး ထိဒဏ်ရာရရှိသွားသလို့ သူရဲ့နေအိမ်မှာ ပျက်စီးသွားတယ်လို့ သိရပါတယ်။

ကျောက်ဖြူမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် AA တို့ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေပြီး စစ်ကောင်စီဟာ အပြစ်မဲ့အရပ်သားပြည်သူတွေနေထိုင်တဲ့ ကျေးရွာတွေကို လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းကိုအသုံးပြုပြီးတော့ တိုက်ခိုက်မှုတွေ ရှိနေတယ်လို့လည်း ကျောက်ဖြူဒေသခံတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၆ ရက်နေ့ကလည်း အိမ်ခြေ ၇၀ ကျော်ရှိတဲ့ ကျောက်ဖြူမြို့နယ်၊ သပြုတောင်ကျေးရွာကို စစ်ကောင်စီက ဒရုန်းဗုံးကြဲချတိုက်ခိုက်မှု၊ လေကြောင်းပစ်ခတ်မှု၊ ရေကြောင်းလက်နက်ကြီး ပစ်ခတ်မှုတွေကြောင့် အိမ်ခြေအကုန်လုံးနီးပါးမှာ မီးလောင်ပျက်စီး သွားတယ်လို့လည်း သိရပါတယ်။

Photos-Local Resident

BBM #News #UpdateNews #Rakhine #Junta #JuntaNavy

1 comment

188v link June 25, 2026 - 12:00 pm

Trước đây mình từng gặp lỗi tải chậm nhưng từ khi dùng 188v link thì ổn hơn hẳn. TONY06-25

Reply

Leave a Comment

Latest Post

Latest Post