Monday, October 12, 2026
Home » သိန္နီမှာ စကစ လက်အောက်ခံ ဝန်ထမ်းတချို့ ပြန်လည်‌၀င်ရောက် လည်ပတ်မည်

သိန္နီမှာ စကစ လက်အောက်ခံ ဝန်ထမ်းတချို့ ပြန်လည်‌၀င်ရောက် လည်ပတ်မည်

1 65
65

သိန္နီမှာ စကမ လက်အောက်ခံ ဝန်ထမ်းတချို့ အခု စက်တင်ဘာလ ဒုတိယ ပတ်ကစ ပြန်ဝင်လာမှာဖြစ်ကြောင်း ဒေသခံတွေဆီက သိရပါတယ်။

“သိန္ဓီကို စစ်တပ် အောက်က ဝန်ထမ်းတွေ ဒီလ ဒုတိယပတ်ကစ ပြန်ဝင်မယ်။ လဝက အပါအဝင် ဌာနဆိုင်ရာ ဝန်ထမ်းတချို့ ပြန်ဝင်မယ်လို့ သိရတယ်” လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။”

ဩဂုတ်လ ၂၉ ရက်နေ့က လားရှိုးမှာ မှတ်ပုံတင် သွားရောက် ပြုလုပ်တဲ့ သိန္နီ ဒေသခံတွေကို လာမယ့် စက်တင်ဘာလ ၁၉ ရက်နေ့ ခန့်ကစပြီး သိန္နီမှာ လဝက လုပ်ငန်းလည်ပတ်တော့မှာ ဖြစ်တာကြောင့် သိန္နီ ဒေသခံတွေအနေနဲ့ သိန္နီမှာ လဝက လုပ်ငန်း ပြန်လည်ပတ်တဲ့ အချိန်မှသာ မှတ်ပုံတင် လာရောက် ပြုလုပ်ကြဖို့ ပြောလာတယ်လို့ဆိုပါတယ်။

“လောလောဆယ် သိန္ဓီမှာ ကိုးကန့်ရဲ့ စစ်လျော်ကြေးပုံစံမျိုး ထိခိုက်ပျက်စီး အိမ်ထောင်စုတွေကို ထောက်ပံ့ငွေ ပေးအပ်ထားတယ်။ တပ်ဖွဲ့အင်အား တချို့ကို ပြီးခဲ့တဲ့ ဩဂုတ်လ ပထမပတ်ကစ ပြန်လည် ရုပ်သိမ်းနေတယ်” လို့ ဒေသခံ အမျိုးသား တစ်ဦးကလည်း ပြောပါတယ်။

သိန္ဓီကို အထိုင်ချဖို့ စစ်ကောင်စီဘက်က အင်အားအချို့ လားရှိုးကို ဩဂုတ်လ တတိယပတ်က စပြီး ရောက်ရှိနေတာဖြစ်တယ်လို့ သူက ပြောပါတယ်။

သိန္နီရောက် တရုတ် လုပ်ငန်းရှင်တချို့ ဇူလိုင်လကုန် ကတည်းက ပြန်ခေါက်နေတာတွေ တွေ့နေရပြီး MNDAA ဘက်ကတော့ သိန္နီကို စ‌စ်ကောင်စီ ဆီ ပြန်ပေးမှာ မဟုတ်ကြောင်း ငြင်းဆိုနေတယ်လို့ သူက ပြောပါတယ်။

“သိန္နီကို ပြန်ပေးရဖို့ သေချာသွားပြီထင်တယ်။ သူတို့ရဲ့ မဟာမိတ် AA တွေလည်း ဩဂုတ်လ ၂၉ ရက်နေ့က ပစ္စည်းတွေ ရွှေ့နေကြတာတွေ့တယ်။ လဝက နဲ့ ထွေအုပ် စက်တင်ဘာလ ၁၀ ရက်နေ့ ဝင်မယ်လို့လည်း ကြားနေတယ်”

လို့ သိန္နီမှာ နေထိုင်နေတဲ့ လူငယ် တစ်ဦးက ပြောပါတယ်။ သိန္နီ အပါအဝင် MNDAA ထိန်းချုပ် နယ်မြေတချို့မှာ စစ်ကောင်စီတပ်ဖွဲ့၊ စရဖ တွေစိမ့်ဝင်နေတာ ကြာပြီဖြစ်ပြီး ကွတ်လိုင်မြို့ပြင်က စိုက်ပျိုးရေးဝန်းမှာလည်း ပြီးခဲ့တဲ့ ဩဂုတ်လ ကတည်းက စစ်‌ကောင်စီ လက်အောက်ခံ ဝန်ထမ်းတွေ အများအပြား ပို့ထားတာတွေ့ရတယ်လို့ ဆိုပါတယ်။

စစ်ကောင်စီ နဲ့ နီးစပ်သူ တစ်ဦးကတော့ ၂၀၀၈ အခြေခံ ဥပဒေမှာ သတ်မှတ်ထားတဲ့အတိုင်းသာ အတည်ဖြစ်ပြီး ဆုတ်ခွာတာ မရှိပါက ထိုးစစ်ဆင် တိုက်ခိုက်သွားမယ်လို့ ပြောပါတယ်။

တရုတ်နိုင်ငံဘက်ကတော့ တရုတ် ရဲ့ အဓိက နယ်စပ် ကုန်သွယ်ရာ လမ်းကြောင်း တလျှောက်မှာ သိမ်းပိုက်နေရာယူထားတဲ့ လက်နက်ကိုင် အားလုံး ကုန်သွယ်ရာ လမ်းမတလျှောက်ရှိ မြို့ရွာတွေကနေ ဆုတ်ခွာကြဖို့ ဖိအားပေး ပြောထားတာရှိသလို စစ်ကောင်စီ ကိုလည်း နယ်စပ်တည်ငြိမ်အောင်ထိန်းသိန်းဖို့နဲ့ အမြန်ဆုံး နယ်စပ်ကုန်သွယ်ရေး ဖွင့်နိုင်ဖို့ ပြော‌နေတာမျိုးရှိတယ်လို့ ဆိုပါတယ်။

#BBM#News#UpdateNews

1 comment

xn88 gaming June 25, 2026 - 11:58 am

Nội dung rất đáng tin cậy xn88 gaming TONY06-25

Reply

Leave a Comment

Latest Post

Latest Post