စစ်တပ်ရဲ့ အာဏာသိမ်းမှုဖြစ်စဥ်အတွင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်ကို သမ္မတရာထူးမှ မနှုတ်ထွက်ရင် ပုဂ္ဂိုလ်ရေးအရ ထိခိုက်မှုရှိလာနိုင်တယ်ဆိုပြီး စစ်တပ်မှ ခြိမ်းခြောက်မှုပြုလုပ်ခဲ့တယ်လို့ သမ္မတကြီးရဲ့ တရားရုံးထွက်ဆိုချက် မိတ္ထုများအရ သိရပါတယ်။
၂၀၂၁ခုနှစ်၊ဖေဖော်ဝါရီလ ၁ရက်နေ့ မနက်၅နာရီလောက်မှာ သမ္မတကြီးရဲ့အခန်းအတွင်းကို စစ်ကောင်စီတပ်သားများက ဘယ်ဘက်ကကော၊ ညာဘက်ကပါ လာရောက်ပြီး ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။
ဖမ်းဆီးခါစက သမ္မတကြီးကို ညအိပ်ဝတ် အင်္ကျီနဲ့ဖြစ်နေတာမို့ စစ်တပ်က ၎င်းတို့ရှေ့မှာပဲ အင်္ကျီလဲစေခဲ့ပြီး သမ္မတရုံးဘက်သို့ ခေါ်ဆောင်ခဲ့ပြီး စတီခုံပေါ်မှာ ထိုင်ခိုင်းကာ ဗိုလ်ချုပ်ကြီး (သို့) ဒုတိယဗိုလ်ချုပ်ကြီး ၂ ယောက်က နိုင်ငံတော်သမ္မတဦးဝင်းမြင့်အား ကျန်းမာရေးအကြောင်းပြကာ နှုတ်ထွက်ပေးရန် ပြောဆိုဖိအားပေးခဲ့တယ်လို့ သိရပါတယ်။
နိုင်ငံတော်သမ္မတဦးဝင်းမြင့်အနေနဲ့ ကျန်းမာရေးကောင်းမွန်နေတာဖြစ်တာမို့ နှုတ်ထွက်မပေးနိုင်ကြောင်း၊ အသေခံမည်ဖြစ်ကြောင်း၊ စစ်တပ်အနေဖြင့် ဥပဒေနှင့်အညီ လုပ်သင့်ကြောင်း၊ အာဏာမသိမ်းသင့်ကြောင်း တို့ကိုအဆိုပါဗိုလ်ချုပ်(၂)ဦးအား တုံ့ပြန်ပြောဆိုခဲ့တယ်လို့ သိရပါတယ်။
သမ္မတကြီးရဲ့ ပြောဆိုမှုနဲ့ပတ်သတ်ပြီးအဆိုပါဗိုလ်ချုပ်(၂)ဦးက ပြန်စဥ်းစားဖို့နဲ့ ပုဂ္ဂိုလ်ရေးထိခိုက်မှုရှိနိုင်ကြောင်းတွေပြောဆိုခဲ့ပေမဲ့ သမ္မတကြီးက လုံးဝလက်မခံတာမို့ နိုင်ငံတော်သမ္မတကို အခန်းသို့ပြန်လည် ပို့ဆောင်ကာ၂၄ နာရီအမြဲမပြတ် စောင့်ကြည့်ခဲ့ပြီး ဘုရားခန်း၊ ထမင်းစားခန်းသွားသည့်အချိန်တွင်ပင် စစ်သားများ လိုက်ပါ စောင့်ကြည့်ခဲ့တယ်လို့ ထွက်ဆိုချက် မိတ္ထုတွေအရသိရပါတယ်။
ဒါ့အပြင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် အသုံးပြုနေတဲ့ ဆက်သွယ်ရေးအခန်းမှ ဆက်သွယ်ရေးပစ္စည်းများကိုလည်း စစ်တပ်မှအကုန်သိမ်းဆည်းတဲ့အပြင် သတင်းစာ၊ ရုပ်မြင်သံကြားတို့ မကြည့်ရဘဲ ပြင်ပလောကနှင့် အဆက်သွယ် ပြတ်တောက်ခဲ့ရကြောင်း နိုင်ငံတော်သမ္မတဦးဝင်းမြင့်မှ တရားရုံးတွင် ထွက်ဆိုထားသည်။
2 comments
Điều làm mình ấn tượng ở slot365 login là tốc độ phản hồi khá nhanh ngay cả khi truy cập bằng điện thoại. TONY06-25
Chơi tại cricfy app cảm giác mượt và ít gặp lỗi vặt. TONY08-03