Wednesday, October 14, 2026
Home » ကျောက်ပန်းတောင်း-ညောင်ဦး ထနောင်း၀င်းကားဂိတ်မှာ ပေါ်တာလိုက်ဆွဲတဲ့ စစ်ကောင်စီ အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်

ကျောက်ပန်းတောင်း-ညောင်ဦး ထနောင်း၀င်းကားဂိတ်မှာ ပေါ်တာလိုက်ဆွဲတဲ့ စစ်ကောင်စီ အိမ်စီးကားကို ပစ်ခတ်တိုက်ခိုက်

1 76
76

🟥အရပ်၀တ် စစ်ကောင်စီတပ်ဖွဲ့၀င်၂ဦး သေပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိ

မန္တလေးတိုင်း၊ ကျောက်ပန်းတောင်း-ညောင်ဦး ထနောင်း၀င်းကားဂိတ်မှာ ‌ပေါ်တာဆွဲဖို့ထွက်လာတဲ့ စစ်ကောင်စီရဲ့ အိမ်စီးကားကို ဒေသကာကွယ်ရေးတပ်ဖွဲ့(LPDF)က ချောင်းမြောင်း စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င် ၂ယောက်သေဆုံးခဲ့တယ်လို့ သတင်းရင်းမြစ်တစ်ဦးက BBM ကိုပြောပါတယ်။

စက်တင်ဘာလ၂၄ရက်၊ ကျောက်ပန်းတောင်း-ညောင်ဦးလမ်းပိုင်းရှိ ထနောင်းရွာ၊ စုတည်ရွာအနီးရှိ ထနောင်း၀င်းကားဂိတ်မှာ ပေါ်တာဆွဲဖို့ ထွက်လာတဲ့ စစ်ကောင်စီ အိမ်စီးကားကို ဒေသကာကွယ်ရေးတပ်ဖွဲ့(LPDF)က ချောင်းမြောင်း စောင့်ကြိုပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်ဖွဲ့၀င် ၂ယောက်သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူတွေရှိကာ မောင်းပြေးသွားတယ်လို့ အဆိုပါသတင်းရင်းမြစ်ကပြောပါတယ်။

“အဲ့ဒီဂိတ်မှာ ဖြစ်သွားတာက ပစ(ပြည်သူ့စစ်မှုထမ်း)တွေကို လိုက်ဖမ်းတဲ့ကား၊ ပေါ်တာလိုက်ဆွဲတဲ့ကားပေါ့။ Local PDFက သိလို့ လာပြီးတော့ ချောင်းပြီးတော့ပစ်တာ။ ပစ်တဲ့အခါကျတော့ ပစလာဆွဲတဲ့အထဲက ၂ကောင်သေသွားတယ်”

လို့ အဆိုပါ သတင်းရင်းမြစ်က ပြောပါတယ်။ တိုက်ခိုက်မှုခံရပြီး မိနစ်၃၀အကြာမှာ ညောင်ဦးကနေ စစ်ကား ၅ စီး ရောက်လာခဲ့ပြီး ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကတော့ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

“ဒီ ဖြစ်စဉ်ပြီးပြီးချင်း နာရီ၀က်အကြာမှာပဲ ညောင်ဦးကနေ စစ်ကား၅စီးဆင်းလာတယ်။ LPDFတွေတော့ အထိအခိုက်မရှိ ဆုတ်ခွာသွားနိုင်ခဲ့တယ်ဗျ”

လို့ သူကဆက်ပြောပါတာပါတယ်။ အတိုက်ခိုက်ခံရပြီး အထိနာသွားတဲ့ စစ်ကောင်စီဟာ စက်တင်ဘာလ ၂၄ရက်နေ့ကနေ ဒီနေ့ထိ အဆိုပါဂိတ်နဲ့ နီးစပ်ရာမှာ လုံခြုံရေးရယူထားတယ်လို့ သိရပါတယ်။

“အဲ့နေ့ကနေ ဒီနေ့အထိ ၃ရက်လား ၄ရက်လားရှိပြီ။ ဒီ ဝါကင်းကြီး၊ ထနောင်း၀င်း၊ ငါ့မေးမေး ဂိတ်တွေမှာ နေ့စဉ် နေ့စဉ် လုံခြုံရေး စစ်နေတယ်။ ဘာလို့စောင့်နေတာလဲဆိုတော့။ ထနောင်း၀င်းမှာ ဒီ LPDF က မိုင်းတစ်ခု ထောင်ထားတယ်တဲ့။ အဲ့ဒါကို ဒီကောင်တွေက ဖြုတ်ဖို့လုပ်ဆောင်နေတာဖြစ်မယ်”

လို့ သူကပြောပါတယ်။ အဆိုပါ ထနောင်း၀င်း ကားဂိတ်ကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကစက်တင်ဘာ လ၂၃ရက်နေ့က ရှောင်တခင်စစ်ဆေးခဲ့တယ်လို့ သိရပါတယ်။

#BBM#News#UpdateNews#Mandalay#NyaungOo#Junta#Porter

Photo-ပုံဟောင်း

1 comment

binance h"anvisningsbonus August 11, 2026 - 7:27 am

Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.

Reply

Leave a Comment

Latest Post

Latest Post