Tuesday, October 13, 2026
Home » သိန္နီမှာ MNDAA က ရာဇဝတ်မှုတွေ ကျူးလွန်သူ ၇ယောက်ထဲက ၃ယောက်ကို သေဒဏ် ချမှတ်

သိန္နီမှာ MNDAA က ရာဇဝတ်မှုတွေ ကျူးလွန်သူ ၇ယောက်ထဲက ၃ယောက်ကို သေဒဏ် ချမှတ်

3 132
132

ရှမ်းပြည်နယ်‌မြောက်ပိုင်း သိန္နီမြို့မှာ MNDAA က ရာဇဝတ်မှုကျူးလွန်သူ တချို့ကို စက်တင်ဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက သေဒဏ် ချမှတ်ခဲ့တယ်လို့ ဒေသခံတွေက BBMကိုပြောပါတယ်။

“သေဒဏ်က ၃ ယောက်လို့ သိရတယ်။ လားရှိုးနဲ့ သီပေါ ဒေသခံတွေပါ”

လို့ ဒေသခံ တစ်ဦးက ပြောပါတယ်။ အများပြည်သူ ရှေ့မှောက်မှာ ဖမ်းဆီးထားတဲ့ တရားခံ ၇ ဦးကို တရားစီရင်မှု ပြုလုပ်ခဲ့ရာ တရားခံ ၇ ဦးထဲက ၃ ဦးကို သေဒဏ် စီရင်ချက် ချမှတ်ခဲ့တယ်လို့ သူက ပြောပါတယ်။

“သေဒဏ် ၃ ယောက်ထဲက ၂ ယောက်ပဲ ဒီနေ့ သေဒဏ် စီရင်တယ်။ ၁ ယောက်ကိုကျတော့ ၂ နှစ် ရဲ့ နောက်ပိုင်းမှ သေဒဏ် စီရင်မယ်လို့ သိရတယ်။”

လို့ နောက်ထပ် ဒေသခံ တစ်ဦးက ပြောပါတယ်။ သေဒဏ်ချမှတ်ခံရတဲ့ ၃ ယောက်က သီပေါနဲ့ လားရှိုးမှာ နေထိုင်သူတွေ ဖြစ်ပြီး ကျန်သူတွေက နှစ်ရှည် ထောင်ဒဏ်လို့ သိရတယ်လို့ သူက ပြောပါတယ်။

ပြစ်မှုကျူးလွန် သူတွေက လုယက်မှု၊ ခိုးမှု၊ ပြန်ပေးဆွဲမှု၊ မုဒိမ်းမှု၊ လူသတ်‌မှုတွေ ကျူးလွန်ထား‌တယ်လို့ သိရပါတယ်။

MNDAA ထိန်းချုပ်ပြီးနောက် MNDAA ထိန်းချုပ်နယ်မြေအတွင်း ပြစ်မှု ကြီးမားစွာ ကျူးလွန်‌သူတွေ တချို့ကို ပြီးခဲ့တဲ့ ဧပြီလက လားရှိုး နဲ့ ၂၀၂၄ ဒီဇင်ဘာလ နဲ့ ဧပြီလက လောက်ကိုင် တွေမှာလည်း သေဒဏ်စီရင်ခဲ့တာ ဖြစ်ပါတယ်။

Video-ဒေသခံ

#BBM#News#UpdateNews#Theinni#MNDAA

3 comments

binance anm"alan June 21, 2026 - 1:35 am

I don’t think the title of your article matches the content lol. Just kidding, mainly because I had some doubts after reading the article.

Reply
66B June 24, 2026 - 7:55 am

Ngoài ra, đơn vị này còn được cấp phép hoạt động từ Curacao eGaming và chịu sự giám sát của PAGCOR – hai tổ chức có quy trình xét duyệt nghiêm ngặt đối với mọi hoạt động giải trí trực tuyến. 66B Giấy phép số 365/JAZ là bằng chứng xác thực cho tính pháp lý của toàn bộ hệ thống mà người chơi có thể kiểm chứng bất cứ lúc nào. TONY06-22

Reply
sportzfy apk August 3, 2026 - 12:49 pm

Tôi đã chơi thử tại sportzfy apk vài ngày và cảm thấy trải nghiệm khá ổn định, giao diện đẹp mắt và tốc độ tải trò chơi cũng rất nhanh. TONY08-03

Reply

Leave a Comment

Latest Post

Latest Post