Monday, October 12, 2026
Home » မင်းအောင်လှိုင်ရှိတဲ့ လပခ ဌာနချုပ်တွင်းရှိVIPဧည့်ရိပ်သာကို BWM က ရှော့တိုက်ဒုံး(၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

မင်းအောင်လှိုင်ရှိတဲ့ လပခ ဌာနချုပ်တွင်းရှိVIPဧည့်ရိပ်သာကို BWM က ရှော့တိုက်ဒုံး(၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်

1 60
60

🟥အပစ်ခံရပြီးနောက် Mi-35၊ Y-12လေယာဥ်များဖြင့်ပတ်ကာ တော်လှန်ရေးအင်အားစုများကိုရှာဖွေခဲ့ပေမဲ့ အောင်မြင်စွာ ပြန်လည်ဆုတ်ခွါနိုင်

အာဏာသိမ်း စစ်ခေါင်းဆောင်မင်းအောင်လှိုင် တည်းခိုနေတဲ့ မန္တလေးနန်းတွင်းထဲရှိ လပခစစ်ဌာနချုပ်ကို ရှော့တိုက်ဒုံး(၂)လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ Brave Warriors for Myanmar (BWM) ရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

၂၀၂၅ခုနှစ်၊ အောက်တိုဘာလ (၄) ရက် ဒီနေ့မနက် (၆) နာရီအကျော်မှာ မင်းအောင်လှိုင် ခေတ္တရောက်ရှိနေတဲ့ လပခ တိုင်းစစ်ဌာနချုပ်အတွင်းကို နယ်မြေခံတော်လှန်ရေးမဟာမိတ်တပ်ဖွဲ့တွေရဲ့ ကူညီမှုဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။

မင်းအောင်လှိုင်အနေဖြင့် မန္တလေးတက္ကသိုလ် နှစ် (၁၀၀) ပြည့်ပွဲကို တက်ရောက်ရန် (၃)ရက်နေ့ညက ပြင်ဦးလွင်မှတဆင့် မန္တလေးကို ရောက်ရှိလာတာဖြစ်ပြီး မန္တလေး လပခ ဌာနချုပ်အတွင်း တောင်ဘက်မုဒ်အနီးက VIP ဧည့်ရိပ်သာမှာတည်းခိုမှာသတင်းအတိအကျရလို့ ခုလိုပစ်ခတ်ခြင်းဖြစ်တယ်လို့ BWMရဲ့ တာဝန်ရှိသူတစ်ဦးက BBM ကိုပြောပါတယ်။

“မနေ့ညနေက မအလ ပြင်ဦးလွင်ကနေ ရောက်လာပြီး နန်းတွင်း မှာ တစ်ည အိပ်မယ်ဆိုလို့ စီစဉ်တာပါဗျ၊ ညက တောင်ဘက်မုခ်က VIP ရိပ်သာမှာ အိပ်မယ် ဆိုတာ သိရလို့ အဲဒီကို မနက် အစောမှာ ပစ်ခဲ့တယ်”

ဒါ့အပြင် မန္တလေး နန်းတွင်းဌာနချုပ်ကို တိုက်ခိုက်ခြင်းထက် နှစ်(၁၀၀)ပြည့်အခမ်းအနားအတွင်း မင်းအောင်လှိုင်ကို တိုက်ခိုက်ခြင်းက ပိုမိုလွယ်ကူပေမဲ့လည်း တက်ရောက်လာတဲ့ ပြည်သူတွေကို လူသားဒိုင်းကာသဖွယ်လုပ်ထား‌မဲ့အခြေအနေနဲ့ ပြည်သူတွေ ကခုန်နေတဲ့အခြေအနေမှာ ထိခိုက်မိမှာစိုးရိမ်တာကြောင့် ယခုကဲ့သို့ မနက်ပိုင်းတိုက်ခိုက်ရခြင်းဖြစ်တယ်လို့ ၎င်းမှဆက်ပြောပါတယ်။

“အခမ်းအနား ချိန်မှာလဲ ပစ်ဖို့ အခွင့်အရေး ရပေမယ့် ပြည်သူတွေ အများကြီးမို့ ၊ထပ်မပစ်ဖို့ ဆုံးဖြတ်ခဲ့တယ်၊ တကယ်က အခမ်းအနားမှာက နေရာတိကျတော့ ပိုထိရောက်မယ်ဆိုတာ သိပေမယ့်၊ ပြည်သူတွေ ကခုန်တာတွေနဲ့ လူတွေ အတော်များတော့ မပစ်တော့တာပါ”

အဆိုပါ ပစ်ခတ်မှုအတွင်း တော်လှန်ရေးတပ်ဖွဲ့တွေပစ်ခတ်ခဲ့တဲ့ ရှော့တိုက်ဒုံးသံ၊ ကျရောက်တဲ့အသံ၊ ပေါက်ကွဲမှုအသံတွေကို အတိုင်းသားကြားခဲ့ရတယ်လို့လည်း BWMအဖွဲ့မှ ထပ်မံအတည်ပြုပြောပါတယ်။

ဒါ့အပြင် ပစ်ခတ်မှုအပြီးမှာတင် စစ်ကောင်စီရဲ့ လပခ တိုင်းစစ်ဌာနချုပ်အတွင်းမှ Mi-35ရဟတ်ယာဥ်တစ်စီးတက်လာသလို Y-12လေယာဥ်ဖြင့်လည်း ပျံဝဲကာ တော်လှန်ဏေးအင်အားစုတွေကို ရှာဖွေမှုပြုလုပ်ခဲ့ပေမဲ့ အောင်မြင်စွာ ဆုတ်ခွါနိုင်ခဲ့တယ်လို့ BWM အဖွဲ့ရဲ့တာဝန်ရှိသူမှ ဆက်ပြောပါတယ်။

“ပစ်ပြီးပြီးချင်း ရှော့ဒုံး ကျသံ ကွဲသံ သေချာကြားရတယ်၊ မကြာပါဘူး Mi 35 တက်လာပြီး ပတ်ရှာတော့တာပဲ၊ နောက်တော့ Y12 ပါ တက်လာတယ် ခင်ဗျ၊ ခုတော့ ရဲဘော်တွေဘေးကင်းလုံခြုံရာရောက်ပါပြီ”

BWMအဖွဲ့အနေဖြင့် ယခုလိုတိုက်ခိုက်မှုတွေကိုပြုလုပ်နေရခြင်းဟာ စစ်အာဏာရှင်ကြောင့် ပြည်သူတွေမလုံခြုံမှုတွေခံစားနေရသလို စစ်ခေါင်းဆောင်တွေကိုယ်တိုင်လဲအလားတူ ခံစားစေရဖို့ရည်ရွယ်တယ်လို့လည်း BBMကိုပြောပါတယ်။

ဒါ့အပြင် ယခုတိုက်ခိုက်မှုကို နာရီပိုင်းအတွင်းဆောင်ရွက်ခဲ့ရပေမဲ့ လပခအတွင်း ကျရောက်ပေါက်ကွဲတာကြောင့် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ထိခိုက်မှုရှိနိုင်တဲ့အပြင် တိုက်ခိုက်မှုကို Brave Warriors for Myanmar(BWM)အဖွဲ့ဦးဆောင်မှုဖြင့် No More Dictatorship(NMD-PDF)အဖွဲ့၊ People Servant Force(P.S.F) နဲ့ ရတနာပုံတပ်ဦးအဖွဲ့တို့က ပူးပေါင်းဆောင်ရွက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Photo-BWM

1 comment

888SLOT June 24, 2026 - 7:34 am

888SLOT có tính năng “theo dõi bạn bè” (opt-in) – xem ai đang online, chơi game gì, thắng bao nhiêu – tăng tính kết nối và cạnh tranh lành mạnh trong cộng đồng. TONY06-22

Reply

Leave a Comment

Latest Post

Latest Post