Sunday, October 11, 2026
Home » ပွင့်ဖြူမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းထားတဲ့ စစ်ရေးဗျူဟာကျတဲ့ မဲဇလီဆည်တော်ဂိတ်ကို ပြန်လိုချင်လို့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေသလို မြေပြင်ကနေစစ်ကြောင်းထိုးနေ

ပွင့်ဖြူမြို့နယ်ရှိ တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းထားတဲ့ စစ်ရေးဗျူဟာကျတဲ့ မဲဇလီဆည်တော်ဂိတ်ကို ပြန်လိုချင်လို့ လေကြောင်းကနေဗုံးကြဲတိုက်ခိုက်နေသလို မြေပြင်ကနေစစ်ကြောင်းထိုးနေ

2 64
64

🟥‌အောက်တိုဘာလ ၅ရက်နေ့က အဆိုပါဂိတ်ကို သိမ်းပိုက်စဉ် စကစဘက်က အထိအခိုက်သေဆုံးမှုများပြီး လက်နက် ၆လက်နဲ့ ခဲယမ်းပစ္စည်းတွေသိမ်းဆည်းရရှိ

မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ ပုသိမ်-မုံရွာလမ်ပိုင်းမှာ အောက်တိုဘာလ ၅ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေ သိမ်းယူထားတဲ့ မုန်းချောင်းတစ်ဖက်ကမ်းရှိ ဗျုဟာကျတဲ့ မဲဇလီဆည်တော်ဂိတ်ကို စစ်ကောင်စီက ပြန်လည်ရယူလိုတာကြောင့် အောက်တိုဘာလ ၇ရက်နေ့က လေယာဉ်နဲ့ ဗုံး၁၂လုံး ၀န်းကျင် ကြဲချခဲ့တယ်လို့ ဒေသခံ တစ်ယောက်က BBM ကိုပြောပါတယ်။

အဆိုပါ ဆည်တော်ဂိတ်ဟာ ပုသိမ်-မုံရွာလမ်းပိုင်းမှာရှိတဲ့ စစ်ရေးအရ အရေးပါဂိတ်ဖြစ်ပြီးတော့ အောက်တိုဘာလ ၅ရက်နေ့မှာ မင်းဘူးခရိုင် အမှတ်၇တပ်ရင်းနဲ့ အမှတ်၄ တပ်ရင်းတို့ တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီးတော့ အဆိုပါတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က အသေအဆုံးများပြားကာ လက်နက်၆လက်နဲ့ ခဲယမ်းပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။

“ပုသိမ်-မုံရွာကားလမ်းပေါ်မှာ ထီးထီးကြီးသူတစ်ဂိတ်ရှိတော့တာ။ အဲ့ဂိတ်မရှိတော့ရင် သူတို့(စကစ) သွားရလာရ ကြပ်သွားပြီ။ ဘေးပတ်လည်က PDFတေအကုန်ဝိုင်းထားတာ”

လို့ အဆိုပါဒေသခံက ပြောပါတယ်။ အဆိုပါ ဆည်တော်ဂိတ်ဟာ တော်လှန်ရေးတပ်တွေ အရင်ကတည်းက သိမ်းပိုက်ထိန်းချုပ်ထားတဲ့ ကြီးအုံကြီး၀ရေလျှောင်တမံနဲ့ ၁၀မိုင် ၀န်းကျင်သာ ဝေးတယ်လို့ သိရပါတယ်။

အဲ့ဒီနေရာတွေဟာ ငဖဲ-ပါဒါန်း လမ်းပိုင်းနဲ့လည်း နီးတာကြောင့် AA ၀င်ရောက်လာမှာကို စစ်ကောင်စီက စိုးရိမ်တာကြောင့် အခုလို လေကြောင်းပါ သုံးပြီး တိုက်ခိုက်လာတာဖြစ်တယ်လို့ ဆိုပါတယ်။

“လေယာဉ်နဲ့ လာကြဲတာ အတိုင်းသားမြင်နေရတယ်။ အဓိကကတော့ AA၀င်လာမှာကို ကြောက်တာပေါ့။ AAကလည်း အခု နတ်ရေကန်ဘက်တွေအထိ ခြိမ်းခြောက်လာနိုင်နေပြီ။ စကစက မကွေးတိုင်းထဲမှာရှိတဲ့ သူတို့ရဲ့ ကပစတွေပါသွားမှာကို တော်တော်လန့်ပုံရတယ်”

လို့ သူကဆက်ပြောပါတယ်။ လက်ရှိမှာ စစ်ကောင်စီဟာ မြေပြင်ထောက်လှမ်းရေး အရင်လုပ်ပြီး တိကျတဲ့ အချက်အလက်တွေနဲ့ ဗုံးကြဲတိုက်ခိုက်နေပြီး မြေပြင်မှာတော့ ပြည်သူ့စစ်အင်အား အများအပြားသုံးပြီး စစ်ကြောင်းထိုးတာတွေလုပ်ဆောင်နေကာ ပွင့်ဖြူမြို့နယ်ထဲက ဆင်လူးနဲ့ ကျောင်းကုန်းကြီးကျေးရွာ ၂ခုက ပြည်သူ့စစ်ရွာတွေဖြစ်ပြီးတော့ ကျောင်းကုန်းကြီးကတော့ အဆိုးဆုံးလို့ သူကပြောပါတယ်။

“ဆင်လူးနဲ့ ကျောင်းကုန်းရွာဘက်တွေဆို လူငယ်တွေမပြောနဲ့။ လူရွယ်တွေတောင် မသွားရဲဘူး။ တွေ့နဲ့ ပစထဲ တစ်ခါတည်း‌တန်းရောက်တာကိုး။ ကျောင်းကုန်းကြီးက အဆိုးဆုံးပဲ”

လို့ သူကဆက်ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ ၄ရက်နေ့ကနေ ၆ရက်နေ့အထိ ၃ရက်တာ စစ်ကြောင်းထိုးမှုကို ပွင့်ဖြူ ဝါစိုက်ပျိုးရေး တပ်ထဲမှာ အင်အားစုဖွဲ့ပြီး အင်အား ၁၅၀ပါ စစ်ကြောင်းက ပွင့်ဖြူထဲက ကနီ၊မဒဲ၊ ညောင်ပင်ဝိုင်း၊ အင်းကုန်း၊ မဒဲကုန်းကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီစစ်ကြောင်းဟာ စစ်ဘေးမရှောင်နိုင်တဲ့ သက်ကြီးရွယ်အိုတွေနဲ့ ကြံ့ခိုင်ရေးထောက်ခံသူတွေပါမချန် အယောက် ၂၀ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးသွားပြီး ပြည်သူတစ်ယောက်ကိုလည်း လက်ပြန်ကြိုးတုပ်ကာ နားထင်ကို ပစ်သတ်သွားတယ်လို့ သိရပါတယ်။

“ရွာက လောလောဆယ် ၅ယောက်သေတယ်။ ပြင်းထန် ဒဏ်ရာရသူများတယ်။ ပြေးနိုင်တဲ့လူငယ်တွေကတော့ လွတ်လာတယ်။ လူကြီးတွေကျဒဏ်ရာ ပြင်းထန်တယ်။ တချို့ကျ ပေါင်ထိပြီး သွေးထွက်လွန်ပြီး သေတာ”

လို့ အဆိုပါ ရွာက ဒေသခံ တစ်‌ယောက်က ပြောပါတယ်။ ဒါ့အပြင် စစ်ကောင်စီဟာ မြေပြင်ကနေ ထောက်လှမ်းရေး အရင်လုပ်လေ့ရှိတာကြောင့် အသွင်ယူလာတဲ့ ထောက်လှမ်းရေးတစ်ယောက်ကိုလည်း ပြီးခဲ့တဲ့ ရက်ပိုင်းတွေက ဖမ်းဆီးရမိခဲ့တယ်လို့ သိရပါတယ်။

“သူတို့က သံတိုသံစ၀ယ်တဲ့သူလိုလို၊ ပလုံကောက်တဲ့သူလိုလို၊ ကုန်သည်လိုလိုနဲ့ ၀င်လာကြတာ။ ဒီက ဒေသခံတွေက မျက်နှာစိမ်းဆိုတာနဲ့ PDFတွေကို သတင်းပေးပြီးသားဆိုတော့ သူတို့ လုပ်ရကိုင်ရကြပ်ပြီး အချက်အလက်မရတော့ဘူးပေါ့”

လို့ ဆိုပါတယ်။ စစ်ကောင်စီဟာ မကွေးတိုင်းထဲက ကပစ စက်ရုံတွေ လက်လွှတ်ဆုံးရှုံးရမှာကြောက်တဲ့အပြင် နိုင်ငံနဲ့အဝှမ်းမှာလည်း စစ်မျက်နှာတွေဖွင့်ထားရတာကြောင့် ပေါ်တာဆွဲ ဖမ်းဆီးနေပြီး ရှေ့က အသေခံခိုင်းနေတာကြောင့် လက်ရှိ လေးကေ့ကော်တိုက်ပွဲမှာလည်း ပြည်သူ့စစ်တော်တော်များများသေနေတယ်လို့ သိရပါတယ်။

ပုံ-Local Resident

#BBM#News#UpdateNews#Junta#PwintPhyu#JuntaColumn

2 comments

cricfy tv apk July 9, 2026 - 2:46 am

Có nhiều trò chơi mới và thú vị cricfy tv apk TONY07-08

Reply
đăng nhập hb88 July 9, 2026 - 2:48 am

Điều khiến tôi thích đăng nhập hb88 là tốc độ tải nhanh và ít gặp lỗi trong quá trình sử dụng. TONY07-08

Reply

Leave a Comment

Latest Post

Latest Post