Wednesday, June 17, 2026
Home » ဖော့တောကို ထိန်းချုပ်ပြီးနောက် စစ်ကောင်စီက ဇရပ်ကွင်းကို ပထမဆုံးအကြိမ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

ဖော့တောကို ထိန်းချုပ်ပြီးနောက် စစ်ကောင်စီက ဇရပ်ကွင်းကို ပထမဆုံးအကြိမ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်

2 34
34

🟥၁နှစ်သားအရွယ် ကလေးအပါအ၀င် ၅ယောက်သေဆုံးပြီး ထိခိုက်မှုများပြား

စစ်ကောင်စီဟာ မန္တလေး၊ သပိတ်ကျင်း၊ မိုးကုတ်လမ်းဆုံရာ ဖော့တောကို သိမ်းပိုက်ထိန်းချုပ်ပြီးနောက် ဇရပ်ကွင်းကျေးရွာကို စစ်ကောင်စီက ပထမဆုံးအကြိမ် ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁နှစ်သားအရွယ် ကလေးငယ်အပါအ၀င် ၅ယောက်သေဆုံးပြီး ထိခိုက်မှုအများအပြားရှိတယ်လို့ သတင်းရင်းမြစ်တစ်ယောက်က BBMကိုပြောပါတယ်။

အောက်တိုဘာလ ၂၁ရက် ညနေ၆နာရီ‌၀န်းကျင်ခန့်က ဇရပ်ကွင်းကျေးရွာ ရွာလယ်တံတားအနီးကို စစ်ကောင်စီက ဒရုန်းနဲ့ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ၁နှစ်သားအရွယ် ကလေးငယ်အပါအ၀င် ၅ယောက်သေဆုံးပြီး ထိခိုက်မှုများပြားနိုင်တယ်လို့ ဆိုပါတယ်။

“ကြဲသွားတာ ရွာလယ်တံတားနားကိုပါ။ လူနေထူ‌တဲ့နေရာပေါ့”လို့ အဆိုပါ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

“ဘာမှမသိသေးတဲ့ခလေးကိုကွာ ရင်ကွဲရပါတယ်။ ကောင်းရာဘုံဘဝရောက်ပြီး အေးအေးချမ်းချမ်း နေရာမှာ မွေး​ဖွားပါစေကလေးရေ”လို့ ပြည်သူတစ်ယောက်က လူမှုကွန်ရက်မှာ ရေးသားထားပါတယ်။

စစ်ကောင်စီဟာ ဖော့တောကို အောက်တိုဘာလ ၁၄ရက်နေ့မှာ ထိန်းချုပ်ပြီးနောက် ဖော့တောလမ်းဆုံနဲ့ သိပ်မဝေးတဲ့ ရွှေလုပ်ကွက်တွေရှိရာ ‌ဇရပ်ကွင်းကို စတင်တိုက်ခိုက်လာတာပဲဖြစ်ပါတယ်။

အောက်တိုဘာလ(၂၁)ရက် နေ့ခင်း ၃နာရီပတ်ချာလည်မှာ မိုးကုတ်မြို့အရှေ့ပိုင်းရှိ ဘုရားငါးဆူအနီးနဲ့ မိုးကုတ် ဖူဆယ်ဘောလုံးကွင်းတို့ကို စစ်တပ်မှလေယာဥ်ဖြင့် လေကြောင်းဗုံးကြဲခဲ့တယ်လို့ သိရပါတယ်။

အဆိုပါဗုံးကြဲမှုကြောင့် မိုးကုတ်မြို့ ဖူဆယ်ဘောလုံးကွင်းတစ်ခုလုံးပျက်ဆီးခဲ့ရသလို ကွင်းထဲရှိဘောလုံးကန်နေတဲ့ လူငယ်(၃) ‌‌ေယာက်သေဆုံးကာ(၄) ယောက် ထိခိုက်ဒဏ်ရာရခဲ့တယ်လို့သိရပါတယ်။

ဒါ့အပြင် အခုထိခိုက်သေဆုံးသွားတဲ့လူငယ်လေးတွေမှာ အသက်(၁၇)ပတ်ချာလည်သာရှိသေးတဲ့ လူငယ်အများစုဖြစ်ပြီး အရပ်သားကလေးငယ်တွေသာဖြစ်တယ်လို့လည်း သိရပါတယ်။

စစ်ကောင်စီဟာ လာမယ့် ဒီဇင်ဘာလထဲမှာ ရွေးကောက်ပွဲကျင်းကနိုင်ဖို့အတွက် စစ်အုပ်ချုပ်ရေးကြေညာထားတဲ့ မြို့တွေကို အခုလို ဗုံးကြဲတိုက်ခိုက်တာတွေ စစ်ကြောင်ခပ်စိတ်စိတ်ထိုးတာတွေ လုပ်ဆောင်လာနေတာပဲဖြစ်ပါတယ်။

2 comments

binance May 30, 2026 - 5:19 am

Can you be more specific about the content of your article? After reading it, I still have some doubts. Hope you can help me.

Reply
注册 June 13, 2026 - 2:59 am

Thank you for your sharing. I am worried that I lack creative ideas. It is your article that makes me full of hope. Thank you. But, I have a question, can you help me? https://accounts.binance.bh/register/person?ref=IHJUI7TF

Reply

Leave a Comment

Latest Post

Latest Post