Wednesday, October 14, 2026
Home » ၀မ်ပေါင်ကြေးနီစီမံကိန်းအနီးက ဘုန်းကြီးကျောင်းကို စကစ ဗုံးကြဲတိုက်ခိုက်လို့ မီးသွားငြှိမ်းတဲ့ ပြည်သူ ၇ယောက်ကို ခုတ်ထစ်သတ်ဖြတ်

၀မ်ပေါင်ကြေးနီစီမံကိန်းအနီးက ဘုန်းကြီးကျောင်းကို စကစ ဗုံးကြဲတိုက်ခိုက်လို့ မီးသွားငြှိမ်းတဲ့ ပြည်သူ ၇ယောက်ကို ခုတ်ထစ်သတ်ဖြတ်

1 73
73

🟥အသက် ၈၀ကျော် အဘွားအို တစ်ယောက်လည်း ပါ၀င်

စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ် တရုတ် ၀မ်ပေါင် ကြေးနီစီမံကိန်းထဲမှာ ၀င်ရောက်တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ဖွဲ့၀င်၊ ပျူစောထီး၊ ရှမ်းနီလက်နက်ကိုင်တို့က ၀မ်ပေါင်အနီးအနားမှာရှိတဲ့ ရွာထဲက ဘုန်းကြီးကျောင်းကို ပါရာမော်တာ၊ ဂျိုင်ရိုကော်ပတာတွေနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မီးလောင်သွားတဲ့ ကား‌နဲ့ အဆောက်အအုံတွေကို လာငြှိမ်းတဲ့ ပြည်သူ၇ဦးကို ဖမ်းဆီး ခုတ်ထစ်သတ်ဖြတ်ခဲ့ပြီး အသက် ၈၀ကျော် အဖွားအိုလည်း သတ်ဖြတ်ခံရတဲ့အထဲပါတယ်လို့ ဒေသခံ တော်လှန်ရေးတပ်ဖွဲ့၀င် တစ်ဦးက BBMကိုပြောပါတယ်။

အောက်တိုဘာလ ၂၁ရက်နေ့က တရုတ်၀မ်ပေါင်စီမံကိန်းအနီးနားရှိ ရွာက ဘုန်းကြီးကျောင်းကို ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် မီးလောင်သွားတဲ့ ကားနဲ့ နေရာတွေကို လာငြှိမ်းတဲ့ ပြည်သူ ၇ဦးကို ဖမ်းဆီး ခုတ်ထစ် သတ်ဖြတ်သွားတယ်လို့ သိရပါတယ်။

“ပါရာမော်တာကြဲချခံရတဲ့ ဘုန်းကြီးကျောင်းရှိ ကားတွေမီးလောင်းကျွမ်းတာကို မီးသွားငြှိမ်းတဲ့ ပြည်သူ စုစုပေါင်း ၇ယောက် အသတ်ခံရတယ်။ ပြီးတော့ ကထိန်အတွက် ဝယ်ယူထားတဲ့ ဘုန်းကြီးကျောင်းထဲက ရိက္ခာတွေကိုလည်း စကစ၊ ပြူစောထီးနဲ့ ရှမ်းနီ အပေါင်းအပါတွေက သယ်ယူသွားကြပါတယ်ဗျ”လို့ အဆိုပါ တော်လှန်ရေးရဲဘော်က ပြောပါတယ်။

အောက်တိုဘာလ ၂၀ရက်နေ့ကလည်း စစ်ကောင်စီဟာ လမ်းပြ ၂ဦးကို ဖမ်းဆီသတ်ဖြတ်ခဲ့သေးတယ်လို့ ဆိုပါတယ်။

အခုလို စစ်ကောင်စီက သတ်ဖြတ်တဲ့ဖြစ်စဉ်ဟာ စက်တင်ဘာလ ၂၇ရက်နေ့က တော်လှန်ရေးတပ်ဖွဲ့တွေ ကြေးနီစီမံကိန်းကို ၁၀၇မမ ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့်ဖြစ်တယ်လို့ သိရပါတယ်။

အဲ့ဒီပစ်ခတ်တိုက်ခိုက်မှုကြောင့် တရုတ်နိုင်ငံသားတစ်ဦးသေဆုံးခဲ့တာကြောင့် အခုလို ဗုံးကြဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ အဆိုပါရဲဘော်က ဆက်ပြောပါတယ်။

“အရှေ့ရက်ပိုင်းတွေမှာက ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေက လက်နက်ကြီးနဲ့ ထုထားတာရှိပါတယ်ခင်ဗျ။ တရုတ်တစ်ကောင်ထိလို့ ဒီလိုပြန်တုံ့ပြန်တယ်လို့ မှတ်ချက်ပြုရပါတယ်ဗျ”လို့ အဆိုပါရဲဘော်ကပြောပါတယ်။

၂၀၂၁ခုနှစ် မင်းအောင်လှိုင် စစ်အာဏာ‌သိမ်းပြီးကတည်းက အဆိုပါ ၀မ်ပေါင်စီမံကိန်းထဲက တာ၀န်ရှိသူတွေဟာ အနီးအနားက ရွာခံတွေနဲ့ ကတောက်ကဆ ဖြစ်တာမျိုးတွေရှိပြီးတော့ ကျွမ်းကျင်၀န်ထမ်းတော်တော်များများလည်း CDM ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။

ဒါ့ကြောင့် စစ်ကောင်စီဟာ ‌အထွေထွေလုပ်သားတွေကိုပင် လစာ ၁၅သိန်း ၁၇သိန်း ပေးပြီး လုပ်ရည်ကိုင်ရည်ရှိတဲ့ ပညာတတ်တဲ့သူတွေကိုတော့ ငွေပုံပေးပြီး ဆွဲဆောင်တဲ့ ကိစ္စရပ်တွေလည်း ရှိတယ်လို့ သိရပါတယ်။

1 comment

XN88 June 24, 2026 - 7:50 am

Kho game đa dạng và hấp dẫn là một trong những điểm mạnh của nhà cái XN88 . Với sự đa dạng của các thể loại game bao gồm cá cược thể thao, Slot, lô đề, game bài,…, bạn sẽ không bao giờ cảm thấy nhàm chán hay tẻ nhạt khi tham gia trải nghiệm. TONY06-22

Reply

Leave a Comment

Latest Post

Latest Post