အပြည်ပြည်ဆိုင်ရာတရားရုံးက မွတ်စလင်လူနည်းစုအုပ်စုဖြစ်တဲ့ ရိုဟင်ဂျာတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်တဲ့ ထင်ရှားတဲ့အမှုကို ဇန်နဝါရီလ ၁၂ ရက်မှ ၂၉ ရက်အထိကြားနာမှာဖြစ်ကြောင်း ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးက ဒီဇင်ဘာလ ၁၉ရက် သောကြာနေ့က ပြောကြားခဲ့ပါတယ်။
ဒီအမှုဟာ ဆယ်စုနှစ်တစ်ခုကျော်အတွင်း ICJ မှ တရားမျှတမှုအရ ကြားနာခဲ့တဲ့ ပထမဆုံးလူမျိုးတုံးသတ်ဖြတ်တဲ့အမှုဖြစ်ပါလိမ့်မယ်။
ဒါ့အပြင် ဂါဇာစစ်ပွဲနဲ့ပတ်သက်ပြီး အစ္စရေးကို ဆန့်ကျင်တဲ့ တောင်အာဖရိကရဲ့အမှုကို သက်ရောက်မှုရှိနိုင်တဲ့ ရှေ့ပြေးနမူနာတွေ ချမှတ်ဖို့ မျှော်လင့်ရပါတယ်။
ကြားနာမှုရဲ့ ပထမအပတ်အတွင်း အနောက်အာဖရိကရှိ မွတ်စလင်အများစုနေထိုင်တဲ့ ဂမ်ဘီယာနိုင်ငံက ဇန်နဝါရီ ၁၂ ရက်မှ ၁၅ ရက်အထိ မြန်မာနိုင်ငံရဲ့အမှုကို တင်သွင်းမှာပဲဖြစ်ပါတယ်။
အစ္စလာမ်မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ကျောထောက်နောက်ခံနဲ့ ဂမ်ဘီယာနိုင်ငံဟာ၂၀၁၉ ခုနှစ်က ရိုဟင်ဂျာ လူမျိုးတုံးသတ်ဖြတ်မှုကျူးလွန်ခဲ့တဲ့ မြန်မာကို ICJ က တရားစွဲဆိုခဲ့ပါတယ်။
လူမျိုးတုံးသတ်ဖြတ်မှုကို ငြင်းဆိုထားတဲ့ မြန်မာစစ်တပ်ဟာ ဇန်နဝါရီ ၁၆ ရက်မှ ၂၀ ရက်အထိ အယူခံ၀င် တင်ပြနိုင်ပါတယ်။
ထူးခြားတဲ့ လုပ်ဆောင်ချက်တစ်ခုအနေနဲ့ ကမ္ဘာ့တရားရုံးလို့ လူသိများတဲ့ တရားရုံးဟာ သက်သေတွေကို ကြားနာဖို့အတွက် သုံးရက် သတ်မှတ်ပေးခဲ့ပါတယ်။
အဲ့ဒီကြားနာမှုတွေကို အများပြည်သူနဲ့ မီဒီယာတွေဆီ မရောက်အောင် တခါးပိတ်ပြီး ကြားနာသွားမှာပဲဖြစ်ပါတယ်။
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်တစ်ခုက ရိုဟင်ဂျာ၇သိန်း၃သောင်း(၇၃၀,၀၀၀)ကို အိမ်နီးချင်းဘင်္ဂလားဒေ့ရှ်ကို မောင်းထုတ်ခဲ့တဲ့ ၂၀၁၇ ခုနှစ်က မြန်မာစစ်တပ်ရဲ့ စစ်ရေးလှုပ်ရှားမှုအတွင်း “လူမျိုးတုံးသတ်ဖြတ်မှုလုပ်ရပ်ေတွ” ပါဝင်ကြောင်း ကောက်ချက်ချခဲ့ပါတယ်။
ကုလသမဂ္ဂရဲ့ တွေ့ရှိချက်တွေကို မြန်မာနိုင်ငံက “ဘက်လိုက်မှုနဲ့ ချို့ယွင်းချက်ေတွ” အဖြစ် ပယ်ချခဲ့ပါတယ်။
မြန်မာစစ်တပ်ကတော့ အဆိုပါနှိမ်နင်းတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့တာဟာ ရိုဟင်ဂျာသူပုန်တွေကိုသာ ရည်ရွယ်ကြောင်း ပြောကြားခဲ့ပါတယ်။င
နာဇီလူမျိုးတုံးသတ်ဖြတ်မှုအတွင်း ဂျူးလူမျိုးတွေကို အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုအပြီး ပြဋ္ဌာန်းခဲ့တဲ့ ၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုကွန်ဗင်းရှင်းအရ အဆိုပါအမှုကို တင်သွင်းနေပါတယ်။
အဆိုပါ ကွန်ဗင်းရှင်းက လူမျိုးတုံးသတ်ဖြတ်မှုကို “အမျိုးသား၊ လူမျိုးရေး၊ လူမျိုးရေး ဒါမှမဟုတ် ဘာသာရေးအုပ်စုတစ်စုလုံး ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်းကို ဖျက်ဆီးဖို့ ရည်ရွယ်ချက်နဲ့ ကျူးလွန်တဲ့ လုပ်ရပ်ေတွ” အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုထားပါတယ်။
မြန်မာနဲ့ ဂမ်ဘီယာနှစ်နိုင်ငံစလုံးဟာ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းကို လက်မှတ်ရေးထိုးထားပြီး၊အဆိုပါကွန်ဗင်းရှင်းာ ကုလသမဂ္ဂရဲ့ အမြင့်ဆုံးတရားရုံးကို တရားစီရင်ပိုင်ခွင့်ပေးထားပါတယ်။
ကွန်ဗင်းရှင်းမှာ ဖော်ပြထားတဲ့ လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ လုပ်ရပ်တွေအရ အဖွဲ့ဝင်တွေကို သတ်ဖြတ်ခြင်း၊ အဖွဲ့ဝင်တွေကို ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာ ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရစေခြင်းနဲ့ အဖွဲ့တစ်ခုလုံး ဒါမှမဟုတ် တစ်စိတ်တစ်ပိုင်း ပျက်စီးစေဖို့ ရည်ရွယ်ချက်ရှိရှိ ထိခိုက်စေတာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
၁၉၄၈ ခုနှစ် လူမျိုးတုံးသတ်ဖြတ်မှုဆိုင်ရာ ကွန်ဗင်းရှင်းမှစပြီး ICJ ဟာ လူမျိုးတုံးသတ်ဖြတ်မှု ဖြစ်ရပ်တစ်ခုကိုသာ အတည်ပြုခဲ့ပါတယ်။
အဲ့ဒါကတော့ ၁၉၉၀ ပြည့်လွန်နှစ်တွေအတွင်း အရင် ယူဂိုဆလားဗီးယားကို ဖြိုခွင်းခဲ့တဲ့ စစ်ပွဲအတွင်း ဘော့စနီးယားဆာ့ဘ်တပ်ဖွဲ့တွေက မွတ်စလင်အမျိုးသားနဲ့ ယောက်ျားလေး ၈၀၀၀ ခန့်ကို Srebrenica မှာ အစုလိုက်အပြုံလိုက်သတ်ဖြတ်တဲ့ အမှုပဲ ဖြစ်ပါတယ်။
ဒီအမှုမှာ ICJ ရဲ့ တွေ့ရှိချက်တွေအရ အနာဂတ်လူမျိုးတုံးသတ်ဖြတ်မှုအမှုတွေဟာ အရေးကြီးလာနိုင်ပါတယ်။
အထူးသဖြင့် ဂမ်ဘီယာ၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမနီနဲ့ ယူနိုက်တက်ကင်းဒမ်းအပါအဝင် အခြား နိုင်ငံအများအပြားက လူမျိုးတုံးသတ်ဖြတ်မှုဆိုတာ အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုကိုသာ မသတ်မှတ်သင့်ကြောင်း ငြင်းခုံခဲ့ကြပါတယ်။
ကြားဝင်ဆောင်ရွက်နေတဲ့ နိုင်ငံတွေက တရားရုံးဟာ လူမျိုးတုံးသတ်ဖြတ်မှု ရည်ရွယ်ချက်ကို ခိုင်မာစေဖို့ သေဆုံးသူအရေအတွက်ကိုသာ အာရုံစိုက်သင့်တာ မဟုတ်ဘဲ အတင်းအကြပ် ရွှေ့ပြောင်းခံရခြင်း၊ ကလေးတွေအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုတွေနဲ့ လိင်ပိုင်းဆိုင်ရာရာဇဝတ်မှုတွေကိုပါ ကြည့်ရှုသင့်ကြောင်း ပြောကြားခဲ့ကြပါတယ်။
Reference-Reuters
Translator-Richard
Photo-Reuters
1 comment
Hello would you mind letting me know which webhost you’re working with? I’ve loaded your blog in 3 completely different internet browsers and I must say this blog loads a lot faster then most. Can you recommend a good web hosting provider at a fair price? Thank you, I appreciate it!