Saturday, October 24, 2026
Home » ဗန်းမော်ထိုးစစ်မြှင့်တင်ပြီးနောက် KIA က စစ်စခန်းများနဲ့ လက်နက်အမြောက်အများသိမ်းဆည်းရရှိ

ဗန်းမော်ထိုးစစ်မြှင့်တင်ပြီးနောက် KIA က စစ်စခန်းများနဲ့ လက်နက်အမြောက်အများသိမ်းဆည်းရရှိ

1 102
102

အထိနာနေတဲ့ စစ်တပ်အနေနဲ့ လိုင်ဇာဌာနချုပ်ကို အသေခံဒရုန်းများနဲ့ တိုက်ခိုက်

ဗန်းမော်မြို့ထိုးစစ်ကို မြှင့်တင်လိုက်ပြီးနောက် KIA အနေနဲ့ ဗန်းမော်မြို့ စစ်မျက်နှာရှိ စစ်စခန်းအမြောက်အများနဲ့ လက်နက်အမြောက်အများကို သိမ်းပိုက်ရရှိခဲ့တဲ့အပြင် ဒရုန်းနဲ့ တိုက်ခိုက်မှုအတွင်းမှာလည်း စစ်ကောင်စီတပ်ဖွဲ့ဝင် အမြောက်အများသေဆုံးခဲ့တယ်လို့ ဗန်းမော်မြို့ရှေ့တန်းမှ မြေပြင်ရဲဘော်တွေရဲ့အတည်ပြုပြောဆိုချက်အရ သိရပါတယ်။

ဒီနေ့ ဒီဇင်ဘာလ ၂၅ ရက်(ခရစ္စမတ်နေ့) မနက်အစောပိုင်းမှစပြီး KIA အနေနဲ့ ဗန်းမော်ရှိ စစ်ကောင်စီနဲ့ ဆိုင်ထားတဲ့ စစ်မျက်နှာတွေအားလုံးကို တစ်ပြိုင်တည်း ထိုးစစ်အရှိန်မြှင့်တင်ခဲ့တာကြောင့် တိုက်ပွဲတွေပြင်းထန်စွာဖြစ်ပွားနေတယ်လို့ သိရပါတယ်။

အဆိုပါတိုက်ပွဲတွေအတွင်း စစ်ကောင်စီနေရာယူထားတဲ့ စစ်မျက်နှာအတော်များများကို KIA က ရရှိလိုက်တဲ့အပြင် စစ်ကောင်စီသုံး လက်နက် အမြောက်အများကိုလည်း သိမ်းဆည်းနိုင်ခဲ့ပြီး မြေပြင်စစ်ရေးအခြေအနေကောင်းမွန်နေတယ်လို့ သိရပါတယ်။

ဒါ့အပြင် မြေပြင်ထိတွေ့မှုတွေသာမက လေကြောင်းမှ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ အသေခံဒရုန်းတွေနဲ့ တိုက်ခိုက်မှုတွေမှာလည်း စစ်ကောင်စီတပ်သား အမြောက်အများသေဆုံးခဲ့ရတယ်လို့ ဗန်းမော်ရှေ့တန်းစစ်မျက်နှာမှ ရဲဘော်တစ်ဦးက BBM ကိုပြောပါတယ်။

“ဒီနေ့ ထိုးစစ်တွေအကုန်ပြန်စတယ်၊ နေရာတော်တော်များများပြန်ရပြီ၊ လက်နက်လည်းအများကြီးသိမ်းရတယ်၊ အသေခံဒရုန်းနဲ့ ခွေးတွေ (စစ်သား) အတော်လေးထိတယ်၊ Vide၀ file ရှိတယ်၊ ခုပဲဆော်လိုက်တာ၊ တပြိုင်တည်းတိုက်တော့ တော်တော်ပွဲပျက်နေတယ်ဗျာ၊ ဒီမနက်တင် လက်နက်တော်တော်လေးသိမ်းရတယ်” လို့ ရဲဘော်တစ်ဦးက ပြောပါတယ်။

ဒါတင်မက ဗန်းမော်တိုက်ပွဲအတွင်း စစ်စခန်းတွေသိမ်းပိုက်နိုင်တာနဲ့ လက်နက်ခဲယမ်း သိမ်းနိုင်တာတွေနဲ့ပတ်သက်ပြီး နောက်ထပ် ဗန်းမော်မြို့အခြားစစ်မျက်နှာမှ ဒဏ်ရာရရှိပြီး ဆေးကုသမှုခံယူနေတဲ့ ရဲဘော်တစ်ဦးကလည်း BBM ကိုအတည်ပြုပြောဆိုပါတယ်။

“ဗန်းမော်ကတော့ ဒီနေ့စပြီးတော့ တိုက်တယ်လို့ သိရတယ်ဗျ၊ ဒီနေ့မနက်အစောပိုင်းလောက်ကတော့ တခြားအဖွဲ့တွေတော့မသိဘူး ကျွန်တော့်ရဲဘော်တွေကတော့ ကျွန်တော်တို့ဘက်အခြမ်းမှာ၊ ဒီကောင်တွေရဲ့နေရာကော၊ လက်နက်ခဲယမ်းတွေကော သိမ်းဆည်းရမိတာရှိတယ်ဗျ”လို့ ပြောပါတယ်။

ဒါ့အပြင် ဗန်းမော်မြို့ထိုးစစ်နဲ့ တချိန်တည်းမှာ မြစ်ကြီးနားမြို့ပေါ်ရှိ လေတပ်စခန်းဌာနချုပ်ကို KIA က တိုက်ခိုက်ခဲ့တာကြောင့် ရဟတ်ယာဥ်တစ်စီးနဲ့ တိုက်လေယာဥ်တစ်စီးတို့ ထိခိုက်ပျက်စီးခဲ့တယ်လို့လည်း သိရပါတယ်။

ဒီလို တစ်ရက်အတွင်းမှာတင် ဗန်းမော်စစ်မျက်နှာမှာရော၊ မြစ်ကြီးနားလေတပ်စခန်းဌာနချုပ်မှာပါ အထိနာခဲ့တဲ့အတွက် စစ်ကောင်စီက အသေခံဒရုန်းတွေနဲ့ KIA ဌာနချုပ်ရှိရာ လိုင်ဇာမြို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့တယ်လို့လည်း အဆိုပါရဲဘော်က ဆက်ပြောပါတယ်။

“မြစ်ကြီးနားဘက်ကအဖွဲ့တွေချတာလည်း ရဟတ်ယာဥ်တစ်စီးနဲ့ Fighter တစ်စီး ထိခိုက်သွားတယ်လို့ သိရတယ်၊ ဒီကောင်တွေအကုန်လုံး ဝိုင်းပြီးကြုံးတော့ နည်းနည်းထိလို့နဲ့တူတယ်၊ လိုင်ဇာထဲကိုတောင် အသေခံဒရုန်းတစ်စီး ဝင်လာပြီး လာချသွားတယ်”လို့ ဆိုပါတယ်။

တကျော့ပြန် စစ်ရှိန်မြှင့်တက်လာတဲ့ ဗန်းမော်မြို့နဲ့ မြစ်ကြီးနားတို့အပါအဝင် ကချင်ပြည်နယ်မှ စစ်ရေးအခြေအနေတွေနဲ့ပတ်သက်ပြီး KIA သတင်းပြန်ကြားရေးဌာန ဗိုလ်မှူးကြီး နော်ဘူကို ဆက်သွယ်ထားပေမဲ့ လက်ရှိအချိန်ထိ အကြောင်းပြန်ကြားခြင်းတော့ မရှိသေးပါဘူး။

KIA ဦးဆောင်တဲ့တော်လှန်ရေးအင်အားစုတွေအနေနဲ့ စကခ(၂၁)ဌာနချုပ်ရှိရာ ဗန်းမော်မြို့ကို ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကတည်းက စတင်ထိုးစစ်ဆင်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရေးကြီး စစ်စခန်းနေရာတွေကို သိမ်းပိုက်ထားနိုင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကောင်စီဘက်ကလည်း သြဂုတ်လဆန်းပိုင်းမှစပြီး ပိတ်ဆို့ခံထားရတဲ့ ဗန်းမော်မြို့ကို ရေကြောင်းမှတဆင့် လူ၊ လက်နက်၊ ရိက္ခာတွေ ဖြည့်တင်းခဲ့ပြီး ခုခံကာကွယ်ခဲ့ပေမဲ့လည်း အထိနာမှုတွေရှိနေတယ်လို့ သိရပါတယ်။

1 comment

ott watch for pikashow July 9, 2026 - 3:02 am

Điều làm mình thích ott watch for pikashow là hoạt động khá ổn định vào buổi tối. TONY07-08

Reply

Leave a Comment

Latest Post

Latest Post