Monday, July 13, 2026
Home » ကိုယ်ဝန်သည်နဲ့ ကလေးပါသတ်ဖြတ်နေတဲ့ တပ်ခေါင်းဆောင် မင်းအောင်လှိုင်က အမျိုးသမီးအင်အားထု အကျိုးရှိရှိအသုံးချခဲ့ဟုဆို

ကိုယ်ဝန်သည်နဲ့ ကလေးပါသတ်ဖြတ်နေတဲ့ တပ်ခေါင်းဆောင် မင်းအောင်လှိုင်က အမျိုးသမီးအင်အားထု အကျိုးရှိရှိအသုံးချခဲ့ဟုဆို

4 52
52

ကလေးငယ်၊ ကိုယ်ဝန်ဆောင်နဲ့ သက်ကြီးရွယ်အိုတွေအပါအဝင် အမျိုးသမီးများစွာကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ စစ်ကောင်စီတပ် ခေါင်းဆောင် မင်းအောင်လှိုင်က အမျိုးသမီးစစ်မှုထမ်း ၅၀၀၀ ကျော် စစ်ထဲထည့်ပြီး နိုင်ငံအတွင်းမှ အမျိုးသမီးအင်အားထုကို အကျိုးရှိအောင် အသုံးချနိုင်‌ခဲ့တယ်လို့ ကြွေးကြော်လိုက်ပါတယ်။

မင်းအောင်လှိုင်က ၁၅ နှစ်တာ စစ်အာဏာရှင် တပ်ချုပ်လုပ်ခဲ့တဲ့ သက်တမ်းကို ပြန်လည်အမွှန်းတင်တဲ့အနေနဲ့ မတ်လ ၁၃ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်တဲ့ ခေတ်မီတပ်မတော်ဖြစ်စေရေးဆောင်ရွက်ခဲ့မှု ပြန်လည်သုံးသပ်ဆွေးနွေးခြင်းပွဲမှာ အခုလို ကြွေးကြော်ခဲ့တာပါ။

“တပ်ချုပ်တာဝန် ထမ်း‌ဆောင်ခဲ့ချိန်အတွင်း နိုင်ငံအတွင်းရှိ အမျိုးသမီး အင်အားထုကို အကျိုးရှိရှိ အသုံးချနိုင်ရေး အမျိုးသမီးစစ်မှုထမ်းတွေကို ၂၀၁၄ ခုနှစ်ကစပြီး ခေါ်ယူအမှုထမ်းခွင့် ပြုခဲ့တယ်” လို့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ပြောဆိုခဲ့တာပါ။

အရင်က စစ်တပ်မှာ အမျိုးသမီးတွေကို ဆေးတပ်ဖွဲ့မှာသာ ဆရာဝန်၊ သူနာပြုတွေ အနေနဲ့ ခန့်ထားခဲ့ပေမဲ့ ဘွဲ့ရအမျိုးသမီးသင်တန်း၊ ကွန်ပျူတာဒီပလိုမာတပ်ကြပ်ကြီး/စာရေးသင်တန်း၊ အမျိုးသမီးသူနာပြုသင်တန်းနဲ့ တပ်သားသစ်သင်တန်းတွေကို ခေါ်ယူခဲ့ပြီး အမျိုးသမီးတွေရဲ့ လူစွမ်းအားအရင်းအမြစ်ကို အကျိုးရှိရှိ အသုံးချနိုင်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် ပြည်သူကို နေ့စဉ်ရက်ဆက် ဗုံးကြဲသတ်ဖြတ်နေတဲ့ စစ်ကောင်စီ လေတပ်မှာ အမျိုးသမီးလေသူရဲတွေနဲ့ လေယာဉ်မှူးတွေကို မွေးထုတ်ပေးနိုင်ခဲ့တာကိုလည်း ဂုဏ်ယူကြောင်း ပြောဆိုထားပါသေးတယ်။

စစ်ကောင်စီဟာ ၂၀၁၄ ခုနှစ်မှစတင်ပြီး စစ်မှုထမ်းအဖြစ် အမျိုးသမီးတွေကို ခေါ်ယူခဲ့ရာ လက်ရှိမှာ အမျိုးသမီး(အရာရှိ/အခြားအဆင့်) ၅၀၀၀ ကျော် ရှိနေပြီဖြစ်တယ်လို့လည်း အသိပေးပါတယ်။

“စစ်တပ်က အမျိုးသမီးတွေကို အရာရှိတို့ တပ်ကြပ်ကြီးစာရေးတို့ ‌စခေါ်တော့ တပ်အသိုင်းအဝိုင်းနဲ့ ထောက်ခံသူတွေ အများစုကဝင်ကြတာ၊ အဲအချိန်က အာဏာမလုသေးဘူး၊ အဲနောက်မကြာဘူး NLD အစိုးရလက်ထက် ၅ နှစ်ထဲမှာလည်း ပြည်သူတွေက စစ်တပ်ကို အခုလောက်ထိမမုန်းကြသေးဘူးထင်တယ်၊ တပ်ထဲဝင်တဲ့သူတွေ ရှိခဲ့ကြသေးတယ်၊ ဒါမဲ့ အခုနောက်ပိုင်းတော့ ဝင်သူမရှိသလောက်ပါပဲ၊ ပြည်သူ့စစ်မှုထမ်း‌ခေါင်းစဉ်အောက်မှာတောင် အမျိုးသမီးတွေပါ ပေါ်တာဆွဲခံနေရပြီ”လို့ CDM ဗိုလ်ကြီး တစ်ဦးက BBM ကို ပြောပါတယ်။

ပြီးခဲ့တဲ့ မတ်လ ၁၀ ရက်မှာ စစ်ကောင်စီတပ်ဟာ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အရှေ့ဘက်ခြမ်းရှိ သစ်ဆိမ့်၊ ကူကြီးကျေးရွာမှဆင့် ငါးပတ်ချောင်းကျေးရွာကို စစ်ကြောင်းထိုးဝင်ရောက်ခဲ့ပြီး အသက် ၅၀ ကျော်အရွယ် စိတ်ကျန်းမာရေးချို့တဲ့သူ ဒေါ်ဗိန်မကို မီးရှို့သတ်ဖြတ်ခဲ့ပါတယ်။

ဒါ့အပြင် ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ဒွယ်လိုမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က မတ်လ ၈ ရက်နဲ့ ၉ ရက်မှာ လေကြောင်းမှ ဗုံးကြဲခဲ့တာကြောင့် ၃ နှစ်အရွယ်ကလေး ၁ ဦးနဲ့ ကိုယ်ဝန်သည် ၁ ဦးအပါအဝင် အမျိုးသမီး ၄ ဦး သေဆုံးခဲ့တယ်လို့ KNU က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတဝှမ်းမှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းရော မြေပြင်ပါ တိုက်ခိုက်သတ်ဖြတ်မှုတွေကြောင့် ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ လအတွင်း အမျိုးသမီး ၆၃ ဦးသေဆုံးခဲ့ပြီး ၁၈ နှစ်အောက် အမျိုးသမီးငယ်၊ ကလေး ၁၈ ဦးနဲ့ ကိုယ်ဝန်ဆောင် အမျိုးသမီး ၁ ဦးပါဝင်ခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂရဲ့ စစ်တမ်းတွေအရသိရပါတယ်။

မကြာသေးခင်က ‌ဖြစ်ပွားခဲ့တဲ့ ညောင်လေးပင်မြို့နယ်အတွင်း စစ်ကောင်စီရဲ့ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံရတဲ့ ဖြစ်စဉ်မှာလည်း အမျိုးသမီး ၁၇ ဦးအပါအဝင် ၂၈ ဦးသေဆုံးခဲ့ပြီး ကိုယ်ဝန်ဆောင် ၁ ဦးနဲ့ အသက် ၁၈ နှစ်အောက်ကလေး ၁၄ ဦး ပါဝင်ခဲ့ကြောင်း သိရပါတယ်။

4 comments

Zin Maung March 17, 2026 - 10:06 pm

အားပေးနေတယ်

Reply
xn88 com June 25, 2026 - 11:51 am

Sau khi tham gia xn88 com , mình cảm thấy giao diện dễ làm quen hơn mình nghĩ. TONY06-25

Reply
cricfy cricket facts app July 9, 2026 - 2:42 am

Mình đánh giá khá cao cricfy cricket facts app vì thao tác đơn giản và phản hồi nhanh. TONY07-08

Reply
66b July 9, 2026 - 2:43 am

Tôi thấy trang này khá uy tín 66b TONY07-08

Reply

Leave a Comment

Latest Post

Latest Post