Monday, July 13, 2026
Home » သမ္မတလုပ်မဲ့ မင်းအောင်လှိုင်က တပ်ချုပ်အဖြစ် ရဲဝင်းဦး ဒုတပ်ချုပ်အဖြစ် ကျော်စွာလင်းကို ခန့်အပ်

သမ္မတလုပ်မဲ့ မင်းအောင်လှိုင်က တပ်ချုပ်အဖြစ် ရဲဝင်းဦး ဒုတပ်ချုပ်အဖြစ် ကျော်စွာလင်းကို ခန့်အပ်

1 53
53

ဒုတိယသမ္မတများ ရွေးချယ်ရေးအစည်းအဝေး ပြုလုပ်မဲ့ ဒီကနေ့ တရက်တည်းမှာပဲ တပ်ချုပ်၊ ဒုတပ်ချုပ် ပြောင်းလဲခန့်အပ်တဲ့အခမ်းအနားကို ပြုလုပ်လျက်ရှိရာ တပ်ချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ရဲဝင်ဦးခန့်လိုက်ပြီး ဒုတပ်ချုပ်အဖြစ် ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ခန့်လိုက်တယ်လို့ သိရပါတယ်။

မတ်လ ၃၀ ရက်နေ့၊ နေပြည်တော်၊ ဇေယျာသီရိ ဗိမ္မာန်မှာ စစ်ကောင်စီ တပ်ချုပ်၊ ဒုတပ်ချုပ် ပြောင်းလဲခန့်အပ် တာဝန်ပေးတဲ့အခမ်းအနား ပြုလုပ်နေပြီး မကြာသေးမီက ကြည်းတပ် စစ်ဦးစီးချုပ် ခန့်လိုက်တဲ့ ဗိုလ်ချုပ်ကြီး ရဲဝင်းကို တပ်ချုပ်အဖြစ်ခန့်အပ်လိုက်တယ်လို့ စစ်ကောင်စီ မီဒီယာတွေက ဖော်ပြထားပါတယ်။

ဒါ့အပြင် ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊လေ) တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီး ကျော်စွာလင်းကို ဒုတပ်ချုပ်အဖြစ် ခန့်အပ်လိုက်တာဖြစ်ပြီး ညှိနှိုင်းကွပ်ကဲရေးမှူးအဖြစ် ဒုတိယဗိုလ်ချုပ်ကြီး ကိုကိုဦးကို ခန့်အပ်လိုက်တယ်လို့ သိရပါတယ်။

တဖက်မှာလည်း ဒုသမ္မတ များ ရွေးချယ်ရေးအစည်းအဝေးတွေကိုလည်း ပြုလုပ်လျက်ရှိပြီး စစ်ဗိုလ်ချုပ်ဟောင်းတွေပဲ ဥက္ကဌ နေရာယူထားတဲ့ လွှတ်တော်နှစ်ရပ်ဖြစ်တဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်အဖွဲ့၊ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်အဖွဲ့နဲ့ ၂၅ ရာခိုင်နှုန်းနေရာယူထားတဲ့ စစ်တပ်ကိုယ်စားလှယ်များအဖွဲ့ တို့က ဒုသမ္မတလောင်း ၁ ဦးစီ အဆိုပြုရမှာဖြစ်ပါတယ်။

အဆိုပါ စစ်အုပ်စုတွေပဲ ကြီးစိုးဖွဲ့စည်းထားတဲ့ အစုအဖွဲ့ ၃ ဖွဲ့က အမည်စာရင်းရွေးချယ်တဲ့ ဒုသမ္မတ ၃ ဦးထဲက ၁ ဦးကို သမ္မတအဖြစ် ထပ်မံရွေးချယ်မှာဖြစ်ပြီး ကျန် ၂ ဦးကတော့ ဒုသမ္မတ (၁)နဲ့ (၂) ဖြစ်လာမှာပဲ ဖြစ်ပါတယ်။

သမ္မတနေရာကို စစ်ခေါင်းဆောင် မင်းအောင်လှိုင်က ရယူမယ်လို့ နိုင်ငံရေးလေ့လာသူတွေက သုံးသပ်ထားကြတဲ့အပြင် တပ်တွင်းသတင်းတွေလဲ ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေတာဖြစ်ပြီး ဒါဟာ စစ်ယူနီဖောင်းမှ အရပ်ဝတ်လဲကာ သမ္မတတက်လုပ်ဖို့အတွက် မင်းအောင်လှိုင်ရဲ့ အစီအစဉ်တကျပြင်ဆင်လာခဲ့တဲ့ အခင်းအကျင်းတွေပဲဖြစ်ပါတယ်။

1 comment

thop tv mod apk July 9, 2026 - 2:45 am

Bài viết này khá hữu ích cho ai đang tìm hiểu về thop tv mod apk . TONY07-08

Reply

Leave a Comment

Latest Post

Latest Post