Monday, September 21, 2026
Home » စလင်းမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့တွေက စကစ‌ထောက်တိုင်တွေကို ပစ်ခတ်တိုက်ခိုက်

စလင်းမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့တွေက စကစ‌ထောက်တိုင်တွေကို ပစ်ခတ်တိုက်ခိုက်

1 94
94

သတင်း – Richard

မကွေးတိုင်း၊ စလင်းမြို့နယ်တွင် ဒေါ်အောင်ဆန်းစုကြည် အသက်(၈၀) ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် စကစ ထောက်တိုင်တွေကို တိုက်ခိုက်ခဲ့တယ်လို့ ဗမာ့တပ်မတော်(Bamar Army)က သတင်းထုတ်ပြန်ထားပါတယ်။

ဇွန်လ ၁၈ရက်နေ့ နဲ့ ၁၉ရက်နေ့တွင် စလင်းမြို့နယ်အတွင်းရှိ စကစရဲ့ထောက်တိုင်တွေဖြစ်သော ပြန်ကြားရေးနဲ့ ပြည်သူ့ဆက်ဆံရေးရုံး၊ မီးသတ်ရုံတို့ကို ရှေ့ထွက်မိုင်းတွေနဲ့ တိုက်ခိုက်ခဲ့ပြီး ဌာနဆိုင်ရာ အထွေထွေအုပ်ချုပ်ရေးရုံးနဲ့ စည်ပင်ရုံးတွေကို ဖျက်အားပြင်းမိုင်းတွေနဲ့ ဖောက်ခွဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

အဲ့ဒီဖောက်ခွဲတိုက်ခိုက်မှုကို ဗမာ့တပ်မတော်(Bamar Army)၊ ပေါက်တောင်ပိုင်း ကျန်းမာရေးနဲ့ သူနာပြုတပ်ဖွဲ့၊ စလင်းမြို့ပြ UG ကျားပေါက်အဖွဲ့တို့က တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။

1 comment

66B June 24, 2026 - 7:53 am

Chỉ cần đăng ký tài khoản tại 66B bằng số điện thoại, bạn đã có thể nhận ngay 150.000 VNĐ tiền cược miễn phí – không yêu cầu nạp đầu, không điều kiện phức tạp, rút được ngay nếu thắng. TONY06-22

Reply

Leave a Comment

Latest Post

Latest Post