Wednesday, June 24, 2026
Home » အသက် ၁၈ နှစ်အရွယ် PDF တပ်ခွဲမှူး ရဲဘော် ဒေးဗစ်စနေအောင် မိုးဗြဲမြို့တိုက်ပွဲမှာ ကျဆုံး

အသက် ၁၈ နှစ်အရွယ် PDF တပ်ခွဲမှူး ရဲဘော် ဒေးဗစ်စနေအောင် မိုးဗြဲမြို့တိုက်ပွဲမှာ ကျဆုံး

2 64
64

သတင်း-ခက်ဆစ်

ရှမ်းတောင်- ကရင်နီနယ်စပ်၊ မိုးဗြဲမြို့တိုက်ပွဲအတွင်း အမှတ် (၁၁၀၇) တပ်ရင်းမှ အသက် ၁၈ နှစ်အရွယ်သာရှိသေးတဲ့ တပ်ခွဲမှူး ရဲဘော် ဒေးဗစ်(ခ)စနေအောင် ဇွန်လ ၂၃ ရက်နေ့မှာ ကျဆုံးခဲ့ရတယ်လို့ အဆိုပါတပ်ရင်းက ဒီနေ့ထုတ်ပြန်ခဲ့ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ ရှမ်းတောင် (ကယား) ကရင်နီ တိုင်းစစ်ဌာန၊ အမှတ် ၁၁၀၇ တပ်ရင်းမှာ တပ်ခွဲမှူးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ရဲဘော် ဒေးဗစ်စနေအောင် ဟာ စစ်အာဏာရှင်စနစ်ကျရှုံးရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေးအတွက် တာဝန်ထမ်းဆောင်ရင်း မြင့်မြတ်စွာအသက်ပေးခဲ့ရတယ်လို့ အသိပေးထားပါတယ်။

ရဲဘော် ဒေးဗစ်စနေအောင်ဟာ တော်လှန်ရေးတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်းခဲ့တာဖြစ်ပြီး မိသားစုနဲ့ ထပ်တူဝမ်းနည်းရကြောင်းနဲ့ ရဲဘော် ဒေးဗစ်စနေအောင်ကို ပြည်သူ့အာဇာနည် နိုင်ငံ့သူရဲကောင်းအဖြစ် မှတ်တမ်းတင် ဦးညွှတ်အပ်တယ်လို့ ဖော်ပြထားပါတယ်။

​စစ်အာဏာရှင်စနစ်ချုပ်ငြိမ်းရေးနဲ့ ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတည်ဆောက်ရေး အတွက် အသက်ပေးသွားတဲ့ ရဲဘော် ဒေးဗစ်စနေအောင်နဲ့အတူ နွေဦးတော်လှန်ရေးအာဇာနည်တွေကို တိုင်တည်၍ ပိုမိုကြိုးစားပြီး အကြမ်းဖက်စစ်ကောင်စီကို အမြစ်ပြတ် ချေမှုန်းသွားမယ်လို့ ကတိပြုကြောင်း အမှတ် ၁၁၀၇ တပ်ရင်းက အသိပေးထုတ်ပြန်ထားပါတယ်။

2 comments

Dee Zi June 26, 2025 - 9:59 am

🥲🥲

Reply
188v June 10, 2026 - 6:54 am

Giao diện 188v có nút “Quay lại nhanh” – sau khi thắng, bạn có thể quay lại game vừa chơi chỉ trong 1 giây, không cần duyệt lại menu. TONY06-05

Reply

Leave a Comment

Latest Post

Latest Post