Saturday, October 24, 2026
Home » တိုက်ပွဲပြင်းထန်ရာဒေသမှ လူငယ်တွေကို ဘားအံအဝင်တံတားမှာ ငွေအတောင်းကြမ်းနေ

တိုက်ပွဲပြင်းထန်ရာဒေသမှ လူငယ်တွေကို ဘားအံအဝင်တံတားမှာ ငွေအတောင်းကြမ်းနေ

1 120

🟥တချို့ဂိတ်တွေမှာဆိုရင် မသင်္ကာရင် ကားပေါ်မှပင်ဆွဲချဖမ်းဆီး

ကရင်ပြည်နယ်၊ ဘားအံမြို့အဝင် သံလွင်တံတားရှိ အဖွဲ့ပေါင်းစုံ စစ်ဆေးရေးဂိတ်မှ စစ်ကောင်စီတပ်ဖွဲ့ဝင်များဟာ တိုက်ပွဲပြင်းထန်ရာဒေသမှလူငယ်များကို အဓိကပစ်မှတ်ထားစစ်ဆေးနေပြီး နည်းမျိုးစုံနဲ့ ငွေတောင်းခံနေတယ်လို့ သိရပါတယ်။

အခုလက်ရှိ စစ်ကောင်စီနဲ့တိုက်ပွဲပြင်းထန်ရာဒေသတွေဖြစ်တဲ့ ကချင်ပြည်နယ်၊ ရှမ်းပြည် နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းနဲ့ ရခိုင်ပြည်နယ် မှတ်ပုံတင်ကိုင်ဆောင်ထားသူ လူငယ်တွေကို အဆိုပါသံလွင်တံတားမှာ ပစ်မှတ်ထားစစ်ဆေးနေပြီး ဘာအပြစ်မှမရှိရင်တောင်မှ ငွေအတင်းအကြပ်ကောက်ခံတာတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

“ဘားအံအဝင် သံလွင်တံတားဂိတ်မှာ အမျိုးမျိုးစစ်ပြီး ငွေတောင်းကြမ်းတယ်၊ အဲ့ဂိတ်မှာ စစ်တာ(၆)နေရာကို ၃သောင်းလောက်ပေးခဲ့ရတယ်၊ စစ်ဖြစ်တဲ့ဘက်ကလာတဲ့ သူတွေဆို ပိုရစ်တာပဲ”ဟု အဆိုပါတံတားမှ ခရီးသွားဖြတ်သန်းခဲ့သူ ပြည်သူတစ်ဦးက BBM ကိုပြောပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်အတွင်းရှိ အခြားသောစစ်ကောင်စီဂိတ်စခန်းများကလည်း အလားတူငွေတောင်းကြမ်းတဲ့အပြင် တချို့ဂိတ်တွေမှာဆိုရင် ၎င်းတို့ မသင်္ကာတဲ့သူတွေကို ဖမ်းဆီးခေါ်ဆောင်တာတွေပြုလုပ်တတ်တယ်လို့လည်း သိရပါတယ်။

“ကရင်ပြည်နယ်၊ မွန်ပြည်နယ်ထဲက ဂိတ်တွေအဆိုးဆုံးပဲ၊ တစ်ဂိတ်ကို ၅ထောင်၊ ၁သောင်းနဲ့ မှိုလိုပေါက်နေတာ၊ တချို့ဂိတ်မှာဆို မသင်္ကာလို့ လူငယ်တွေကို ကားပေါ်ကတောင်ဆွဲချဖမ်းတာမျိုးရှိတယ်”လို့ အဆိုပါပြည်သူမှ ဆက်ပြောပါတယ်။

စစ်ကောင်စီအနေနဲ့ ၂၀၂၁ခုနှစ် အာဏာသိမ်းမှုနောက်ပိုင်းမြို့ဝင်မြို့ထွက်ဂိတ်တွေမှာသာမက အဝေးပြေးလမ်းမပေါ်ရှိအချက်အခြာကျတဲ့နေရာတချို့မှာပါ စစ်ဆေးရေးဂိတ်တွေတည်ဆောက်ပြီး လူငယ်လူရွယ်တွေကို အဓိကပစ်မှတ်ထားစစ်ဆေးမှုတွေပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

1 comment

pablo picasso paintings August 3, 2026 - 12:37 pm

Theo mình thì pablo picasso paintings phù hợp cho ai thích trải nghiệm đơn giản. TONY08-03

Reply

Leave a Comment

Latest Post

Latest Post