Wednesday, June 24, 2026
Home » ပုလဲမြို့နယ်ရှိ အင်မထီးကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွား

ပုလဲမြို့နယ်ရှိ အင်မထီးကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်ရေးတပ်ဖွဲ့တွေတိုက်ပွဲဖြစ်ပွား

3 126
126

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ်၊ အင်မထီးကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်းနဲ့ တော်လှန်‌ရေးတပ်ဖွဲ့တို့ ထိတွေ့တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား ၃ဦးထက်မနည်းသေဆုံးကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိခဲ့တယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)ရဲ့ တာ၀န်ရှိသူ တစ်ဦးက BBMကိုပြောပါတယ်။

ဇွန်လ ၃၀ရက်နေ့ တနင်္လာနေ့က အင်မထီးကျေးရွာအနီးမှာ စစ်ကောင်စီစစ်ကြောင်းနဲ့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နဲ့ မဟာမိတ်တပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကောင်စီ ၃ဦးထက်မနည်းသေဆုံးခဲ့ကာ လက်နက်ခဲယမ်းတွေသိမ်းဆည်းရမိတယ်လို့ သိရပါတယ်။

“ဒီ အင်မထီးဘက်ကထွက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ကျွန်မတို့ PLAနဲ့မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက ပူးပေါင်းတိုက်တာပေါ့။ ထပ်တိုက်လိုက်တဲ့အခါကျတော့ ရန်သူ့ဘက်ကတော့ အလောင်း ၃လောင်းရတယ်။ ဒီ လက်နက်တို့ ခဲယမ်းတို့ လည်းနည်းနည်းရတယ်ပေါ့နော်”

လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် (PLA)ရဲ့ တာ၀န်ရှိသူက BBM ကိုပြောပါတယ်။ ဇွန်လ ၂၁ရက်နေ့မှာ ပုလဲမြို့နယ်၊ ကန့်ဒေါင့်ရဲစခန်းကို PLAနဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေက အောင်မြင်စွာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီက အင်မထီးကျေးရွာကိုစစ်ကြောင်းထိုးလာခဲ့ပြီး ကန့်ဒေါင့်ရဲစခန်းကို ပြန်လည်ရယူရန် ကြိုးစားလျက်ရှိတယ်လို့ တာ၀န်ရှိသူက BBMကိုပြောပါတယ်။

ဇွန်လ၂ရက်နေ့မှ ၁၉ရက်နေ့အထိ တိုက်ပွဲ၁၈ရက်ကြာဖြစ်ပွားခဲ့ပြီး ပြည်သူ့လွတ်မြောက်ရေးတပ်မတော်(PLA)နဲ့ မဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေဟာ ကန့်ဒေါင့်ရဲစခန်းကို အောင်မြင်စွာတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

3 comments

Anonymous July 2, 2025 - 8:35 pm

👍👍

Reply
Su Thitser Zaw July 2, 2025 - 8:37 pm

Great

Reply
NAING HTUT July 2, 2025 - 8:49 pm

အားပေးနေပါတယ်

Reply

Leave a Comment

Latest Post

Latest Post